ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို တန်းဆင်းအသင်းမရှိဘဲ ဖျက်သိမ်းရန် ခွင့်ပြုမည်မဟုတ်ဟု FA ဥက္ကဋ္ဌ ဂရက်ကလက်ခ် ပြောကြား

ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို တန်းဆင်းအသင်းမရှိဘဲ ဖျက်သိမ်းရန် ခွင့်ပြုမည်မဟုတ်ဟု FA ဥက္ကဋ္ဌ ဂရက်ကလက်ခ် ပြောကြား
Photos: Getty Images
Photos: Getty Images
Published 12 May 2020

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA) ဥက္ကဋ္ဌ ဂရက်ကလက်ခ်က  ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို တန်းဆင်းအသင်းမရှိဘဲ ဖျက်သိမ်းရန် ခွင့်ပြုမည်မဟုတ်ဟု ပြောကြားခဲ့သည်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA) ဥက္ကဋ္ဌ ဂရက်ကလက်ခ်က  ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို တန်းဆင်းအသင်းမရှိဘဲ ဖျက်သိမ်းရန် ခွင့်ပြုမည်မဟုတ်ဟု ပြောကြားခဲ့သည်။

    

ဗြိတိန်အစိုးရက ဇွန်လတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်လည်စတင်ရန် ခွင့်ပြုပေးလိုက်ပြီဖြစ်သော်လည်း ပရီးမီးယား လိဂ်အသင်းများမှာ ဆွေးနွေးညှိနှိုင်းရန် အကြောင်းအရာများ ကျန်ရှိနေသေးသည်။ 

၎င်းတို့က ပြိုင်ပွဲပြန်လည်စတင်ရန်အတွက် Project Restart ဟူသည့်အမည်ဖြင့် ဆွေးနွေးမှုများ ပြုလုပ်နေရာ ကြားကွင်းတွင် ယှဉ်ပြိုင်ကစားမည့်အစီအစဉ်ကို ကန့်ကွက်သည့်အသင်းများရှိနေသောကြောင့် ပြိုင်ပွဲပြန်စနိုင်ရန် အခက်အခဲရှိနေသည်။ 



ပရီးမီးယားလိဂ်အမှုဆောင်ချုပ် ရစ်ချက်မာစတာစ်က "ပရီးမီးယားလိဂ်အသင်းတိုင်းက ဖြစ်နိုင်မယ်ဆိုရင် အိမ်ကွင်း၊ အဝေးကွင်းပဲ ကစားချင်ကြပါတယ်။ ကိုယ့်အိမ်ကွင်းမှာ ကစားရတာက အားသာချက်ဖြစ်လိမ့်မယ်လို့ ကလပ်အသင်းတချို့က ယူဆနေကြပါတယ်။ ဒါ ကြောင့် တာဝန်ရှိသူတွေ ထပ်ညှိနှိုင်းရဖို့ရှိနေပါတယ်။ လက်ရှိ အချိန်မှာ ဘာမှ မဆုံးဖြတ်နိုင်သေးပါဘူး"ဟု ပြောကြားခဲ့သည်။

    

ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် တန်းဆင်းအန္တရာယ်နှင့် ရင်ဆိုင်နေရသောအသင်းများသည် တန်းဆင်းအသင်းမရှိဘဲ ရာသီဖျက်သိမ်းရန် လိုလားနေကြသောကြောင့် ကြားကွင်းကစားရမည့်အစီအစဉ်ကို ကန့်ကွက်နေကြခြင်းဖြစ်ဖွယ်ရှိ ကြောင်းလည်း ထင်ကြေးပေးမှုများရှိနေသည်။ 

ယင်းအခြေအနေတွင် FA ဥက္ကဋ္ဌ ဂရက်ကလက်ခ်က ယင်းသို့ ခွင့်ပြုပေးမည် မဟုတ်ကြောင်းနှင့် ပရီးမီးယားလိဂ်ပြိုင်ပွဲကို ပြန်ကစားနိုင်ခြင်းမရှိခဲ့လျှင်လည်း လက်ရှိအမှတ်ပေးဇယားရပ်တည်မှုအ ပေါ်အခြေခံ၍ အဖြေထုတ်ရမည်ဟု ဆိုခဲ့သည်။  ဂရက်ကလက်ခ်က Project Restart အစီအစဉ် မအောင်မြင်ခဲ့လျှင် လည်း တန်းဆင်း(၃)သင်းရှိရမည်ဟု ဆိုခဲ့သည်။ ထို့ကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်မစနိုင်ခဲ့လျှင်လည်း ချန်ပီယံနှင့် တန်းဆင်းအသင်း ထွက်ပေါ်လာမည်ဖြစ်သည်။

Most Read

Most Recent