လက်ကျန်ပွဲစဉ်များတွင် တောင့်တင်းသည့်အသင်းဖြင့်ကစားမည်ဟု လီဗာပူးလ်အတည်ပြု

လက်ကျန်ပွဲစဉ်များတွင် တောင့်တင်းသည့်အသင်းဖြင့်ကစားမည်ဟု လီဗာပူးလ်အတည်ပြု
Published 12 May 2020

လီဗာပူးလ်အသင်းသည် လက်ကျန်ပရီးမီးယားလိဂ်ပွဲစဉ်များတွင် အတောင့်တင်းဆုံးအသင်းဖြင့် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မကြာသေးမီက အမည်မဖော်ပြထားသည့် ပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်း၏ အမှုဆောင်ချုပ်တစ်ဦးက လီဗာပူးလ်အသင်းသည် ရာသီပြန်လည်စတင်ခဲ့ပါက ပွဲအနည်းငယ်အတွင်း ချန်ပီယံဖြစ်တော့မည်ဖြစ်ရာ လက်ကျန်ပွဲစဉ်များကို လူငယ်ကစားသမားများနှင့် ဆက်လက်ကစားမည်ကို စိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် အမှတ်ပေးချန်ပီယံဆုကို ရရှိရန် သေချာသလောက်ရှိနေသည့်တိုင် ၎င်းတို့ဆက်လက်ကစားရမည့် ပွဲစဉ်များတွင် အခြားအသင်းများ၏ အလားအလာနှင့် ကံကြမ္မာကို ဆုံးဖြတ်ရမည့်ပွဲစဉ်များလည်း ရှိနေသည့်အတွက် ယင်းကဲ့သို့ စိုးရိမ်နေခြင်းဖြစ်သည်။

လီဗာပူးလ်အသင်းသည် အဓိကကစားသမားများကို အနားပေးပြီး လူငယ်ကစားသမားများ၊ အကယ်ဒမီကစားသမားများကို အသုံးပြုရန် ဆုံးဖြတ်ပါက လက်ရှိ ဖြစ်ပွားနေသည့် ကပ်ရောဂါဆိုးက အကြောင်းပြချက်ကောင်း လည်း ဖြစ်နေသည်။

သို့ရာတွင် လီဗာပူးလ်အသင်းကမူ ယင်းကဲ့သို့ လုပ်မည်မဟုတ်ဘဲ လက်ကျန်ပွဲစဉ်အားလုံးကို အာရုံ စိုက်ကစားသွားမည်ဖြစ်သလို၊ အတောင့်တင်းဆုံးအ သင်းဖြင့်သာ လက်ကျန်ပွဲစဉ်များကို ယှဉ်ပြိုင်သွားမည်ဟု ကတိပြုခဲ့ခြင်းဖြစ်သည်။

လီဗာပူးလ်အသင်း သည် ရာသီလက်ကျန်ပွဲစဉ် (၈)ပွဲကစားရန် ကျန်ရှိ နေပြီး၊ နောက်ထပ်ပွဲစဉ်နှစ်ပွဲဖြစ်သည့် ခရစ္စတယ်ပဲ လေ့စ်နှင့် အဲဗာတန်အသင်းတို့နှင့် ပွဲစဉ်များအပြီးတွင် အမှတ်ပေးချန်ပီယံဆုအတွက် အဖြေပေါ်ထွက်ဖွယ် ရှိနေသည်။

ယင်းပွဲစဉ်များအပြီးတွင် မန်စီးတီး၊ အက်စ တွန်ဗီလာ၊ ဘရိုက်တန်၊ ဘန်လေ၊ အာဆင်နယ်၊ ချယ်လ်ဆီးအသင်းတို့နှင့် ဆက်လက်ကစားရမည် ဖြစ်သည်။

Most Read

Most Recent