မက်ဆီနှင့် စီရော်နယ်လ်ဒိုခေတ်အလွန် ကမ္ဘာ့ဘောလုံးလောကကို ဘာပေနှင့် နေမာ စိုးမိုးမည်ဟု ဝင်းဂါး သုံးသပ်

မက်ဆီနှင့် စီရော်နယ်လ်ဒိုခေတ်အလွန် ကမ္ဘာ့ဘောလုံးလောကကို ဘာပေနှင့် နေမာ စိုးမိုးမည်ဟု ဝင်းဂါး သုံးသပ်
Photo : Daily Express
Photo : Daily Express
Published 11 May 2020

အာဆင်နယ်အသင်းနည်းပြဟောင်း အာစင်ဝင်းဂါးက မက်ဆီနှင့် စီရော်နယ်လ်ဒိုခေတ်အလွန် ကမ္ဘာ့ဘောလုံးလောကကို ဘာပေနှင့် နေမာတို့ စိုးမိုးလိမ့်မည်ဟု သုံးသပ်ပြော ကြားခဲ့သည်။

ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း ကမ္ဘာ့ဘောလုံးလောကကိုလွှမ်းမိုးခဲ့သည့် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီမှာ လာမည့်ဇွန်တွင် (၃၃)နှစ်ပြည့်မည်ဖြစ်ပြီး ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်လ်ဒိုမှာလည်း အသက် (၃၅)နှစ်ကျော်သွားပြီ ဖြစ်သည်။

ထို့ကြောင့် အာစင်ဝင်းဂါးက ၎င်းနှစ်ဦး၏ ခေတ်မှာ မကြာမီကုန်ဆုံးတော့မည် ဖြစ်ပြီး ဘာပေနှင့် နေမာတို့က အစားထိုးဝင်ရောက်မည်ဖြစ်ကြောင်း talkSPORT သို့ ပြောကြားခဲ့သည်။

အာစင်ဝင်းဂါးက ''မက်ဆီနဲ့ စီရော်နယ်လ်ဒိုတို့လို အရမ်းတော်တဲ့ ကစားသမားတွေကို ကျွန်တော် ဘယ်တုန်းကမှ မမြင်ခဲ့ရပါဘူး။ ဒါပေမဲ့ သူတို့ရဲ့ခေတ်က ကုန်ဆုံးတော့မှာပါ။ သူတို့နေရာမှာ မျိုးဆက်သစ်တွေက အစားထိုးဝင်ရောက်လာပါလိမ့်မယ်။ လက်ရှိမှာ သူတို့နေရာကို ဆက်ခံနိုင်သူတွေက ဘာပေနဲ့ နေမာ ဖြစ်ပါတယ်''ဟု ဆိုခဲ့သည်။