ကစားသမားများ၏ အားလပ်ရက်ကာလကြောင့် ပရီးမီးယားလိဂ် အခက်ကြုံဖွယ်ရှိ

ကစားသမားများ၏ အားလပ်ရက်ကာလကြောင့် ပရီးမီးယားလိဂ် အခက်ကြုံဖွယ်ရှိ
Photos: Getty Images
Photos: Getty Images
Published 8 May 2020

လိဂ်ပြိုင်ပွဲပြန်လည်စတင်ရန် အပူတပြင်း ကြိုးပမ်းနေသာ ပရီးမီးယားလိဂ်အနေဖြင့် ဇွန်(၃၀)မှ စတင်မည့်ကစားသမားများ၏ အားလပ်ရက်ကာလကြောင့် အခက်အခဲနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း သိရသည်။ 

 

လိဂ်ပြိုင်ပွဲပြန်လည်စတင်ရန် အပူတပြင်း ကြိုးပမ်းနေသာ ပရီးမီးယားလိဂ်အနေဖြင့် ဇွန်(၃၀)မှ စတင်မည့်ကစားသမားများ၏ အားလပ်ရက်ကာလကြောင့် အခက်အခဲနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း သိရသည်။ 

ပရီးမီးယားလိဂ်တာဝန်ရှိသူများသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် မတ်လကတည်းက ရပ်နားထားခဲ့ရသည့် ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဇွန်လလယ်ပိုင်းတွင် ပြိုင်ပွဲကို ပြန်လည်စတင်ပြီး ဇူလိုင်လကုန်တွင် အပြီးသတ်ရန် မျှော်မှန်းထားကြောင်း သိရှိရသည်။ 

သို့သော် ဘောလုံးသမားများ၏ စာချုပ်များတွင် တစ်နှစ်လျှင် အားလပ်ရက်(၅)ပတ်ပေးရမည်ဟူသောအချက် ပါဝင်မြဲဖြစ်ပြီး အဆိုပါကာလသည် ရာသီကုန်ဆုံးချိန်၊ ဇွန်လတွင် စတင်လေ့ရှိရာ ပရီးမီးယားလိဂ်အဖွဲ့ချုပ်အတွက် ခေါင်းခဲစရာကိစ္စဖြစ်နေကြောင်း သိရသည်။ 

ပရီးမီးယားလိဂ်ကလပ်အသင်းများသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ပြီးဆုံးအောင် ကျင်းပရန် စီစဉ်လျက်ရှိနေပြီး ယခုလအတွင်း အသင်းလိုက်လေ့ကျင့်မှုများ ပြုလုပ်ရန် ပစ်မှတ်ထားနေကြောင်း သိရသည်။ 

လက်ရှိတွင် ပရီးမီးယားလိဂ်အသင်းများသည် လေ့ကျင့်မှုများပြုလုပ်ရန်အတွက် အဆင်သင့်ဖြစ်အောင် ပြင်ဆင်နေကြပြီး အစိုးရ၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေကြောင်း သိရသည်။ 

ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ပြီးဆုံးအောင် ကျင်းပရန်အတွက် တာဝန်ရှိသူများအနေဖြင့် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားနေသော်လည်း အခက်အခဲများစွာ ရင်ဆိုင်ရဖွယ်ရှိသည်ဟု ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။

 

Most Read

Most Recent