စပိန်ဘုရင့်ဖလားဗိုလ်လုပွဲအတွက် သဘောတူညီမှုရရှိ

စပိန်ဘုရင့်ဖလားဗိုလ်လုပွဲအတွက် သဘောတူညီမှုရရှိ
Published 5 May 2020

ယခုရာသီ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲ ယှဉ်ပြိုင်ရမည့် ဘီလ်ဘာအိုနှင့် ဆိုစီဒက်တို့က ပရိသတ်များ ကွင်းအတွင်း ဝင်ရောက်ကြည့်ရှုနိုင်သည့်အချိန်အထိ ဗိုလ်လုပွဲကို ရွှေ့ ဆိုင်းထားရန် တောင်းဆိုမှုကို စပိန်ဘောလုံးအဖွဲ့ချုပ်က သ ဘောတူညီခဲ့ကြောင်းသိရသည်။

ထို့ကြောင့် စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲကို ၂၀၂၀ ခုနှစ်အတွင်း မကျင်းပနိုင်ခဲ့ပါကလည်း ၂၀၂၁ ရောက်မှ ကျင်းပသွားဖွယ်ရှိကြောင်း သိရသည်။

မူလက စပိန်ဘုရင့်ဖလားဗိုလ်လုပွဲကို ဧပြီလ(၁၈)ရက်တွင် ဆီဗီလာမြို့ရှိ Estadio La Cartuja ၌ကစားရန် စီစဉ်ထားခြင်းဖြစ်သည်။

ထို့ပြင် လာလီဂါအဖွဲ့ချုပ်က လာလီဂါနှင့်  ဆီဂန်ဒါမှ ကလပ် အသင်းများအနေဖြင့် ယခုရက်သတ္တပတ်အတွင်း နြ်လည် လေ့ကျင့်နိုင်မည်ဖြစ်ပြီး ဇွန်လတွင် ပြိုင်ပွဲများပြန်စရန် မျှော် မှန်းထားကြောင်း အတည်ပြုကြေညာခဲ့သည်။

စပိန်နိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်၏ ထိုးနှက်မှုနှင့် ရင်ဆိုင်နေရဆဲဖြစ်သော်လည်း စပိန်ကျန်းမာရေးဝန်ကြီးဌာနက အားကစားအသင်းများအား ပြန်လည်လေ့ကျင့်ရန် ခွင့်ပြုချက် ပေးလိုက်သည့်အတွက် လာလီဂါအဖွဲ့ချုပ်က ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် လေ့ကျင့်မှု မပြုမီ ဆေးစစ်မှုခံယူရမည်ဖြစ်သလို၊ ညွှန်ကြားထားသည့်အ တိုင်း လိုက်နာရမည်ဟု သိရသည်။

ထို့ပြင် တစ်ဦးချင်းလေ့ ကျင့်မှုများ စတင်ပြုလုပ်ပြီးမှ အသင်းလိုက်စုဖွဲ့လေ့ကျင့်မှုများ ပြုလုပ်သွားရမည်ဟုလည်း သိရသည်။

မေလအစောပိုင်းမှာ ပင် ပြန်လည်လေ့ကျင့်ခွင့်ရရှိပြီဖြစ်၍ လာလီဂါအဖွဲ့ချုပ်က ဇွန်လတွင် ပြိုင်ပွဲပြန်စနိုင်ရန် ပစ်မှတ်ထားနေခြင်းဖြစ်သည်။

သို့ရာတွင် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူအချို့က ကစားသမားများမှတစ်ဆင့် ၎င်းင်းတို့၏ မိသားစုဝင်များထံ ဗိုင်း ရပ်စ်ကူးစက်ပျံ့နှံ့မှုမရှိစေရန် ကြိုတင်ကာကွယ်မှုများ ပြုလုပ် ထားသင့်သည်ဟု အကြံပြုနေကြောင်း သိရသည်။

၎င်းတို့က လာလီဂါနှင့် ဆီဂန်ဒါပြိုင်ပွဲများ ပြန်လည်စတင်ပါက အဆိုပါ တစ်လဝန်းကျင်ကာလအတွင်းတွင် ကစားသမားများကို အိမ်ပြန်ခွင့်မပေးဘဲ ဟိုတယ်တွင်သာ အသင်းလိုက်ထားရှိသင့်သည်ဟု အကြံပြုခဲ့ကြသည်။

ထို့ပြင် ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှု၌ Negative ဟု အဖြေမှားထွက်တတ်ခြင်းကိုလည်း သတိပြုရန် လိုအပ်ကြောင်း ထောက်ပြခဲ့ကြသည်။

 

Most Read

Most Recent