PSGတိုက်စစ်မှူး နေမာသည် ရော်နယ်လ်ဒင်ဟိုကဲ့သို့စွမ်းရည်များကိုပိုင်ဆိုင်ထားသူဖြစ်ကြောင်း ဖာဘရီဂတ်စ် ချီးကျူး

PSGတိုက်စစ်မှူး နေမာသည် ရော်နယ်လ်ဒင်ဟိုကဲ့သို့စွမ်းရည်များကိုပိုင်ဆိုင်ထားသူဖြစ်ကြောင်း ဖာဘရီဂတ်စ် ချီးကျူး
Photos : Youtube, FCBN, EPA
Photos : Youtube, FCBN, EPA
Published 4 May 2020

 

မိုနာကိုကွင်းလယ်လူ ဖာဘရီဂတ်စ်က PSG အသင်းတိုက်စစ်မှူး နေမာသည် ဘရာဇီးလ်ဂန္ထဝင် ရော်နယ်လ်ဒင်ဟိုကဲ့သို့ စွမ်းရည်များကို ပိုင်ဆိုင်ထားသူဖြစ်ကြောင်းနှင့် ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာရန် အရည်အချင်းရှိသူဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

အသက် (၂၈)နှစ်အရွယ်ရှိ ဘရာဇီးလ်တိုက်စစ်မှူး နေမာသည် ၂၀၁၇ နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် ဘာစီလိုနာအသင်းမှ PSG အသင်းထံသို့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို (၂၂၂)သန်း ဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။ 

နေမာသည် PSG အသင်းတွင် ဒဏ်ရာပြဿနာများနှင့်ရင်ဆိုင်ခဲ့ရပြီး အသင်းဟောင်း ဘာစီလိုနာသို့ ပြန်လည်ပြောင်းရွှေ့လိုနေကာ ဘာစီလိုနာအသင်းကလည်း ၎င်းအား ပြန်လည် ခေါ်ယူရန် ဆန္ဒရှိနေကြောင်း ဥရောပမီဒီယာများက ဖော်ပြနေကြသည်။

ဖာဘရီဂတ်စ်က နေမာသည် ပွဲအဖြေကို ပြောင်းလဲနိုင်သူဖြစ်ပြီး ၎င်းကို မက်ဆီ၊ ဆွာရက်ဇ်အပါအဝင် ဘာစီလိုနာတစ်သင်းလုံးက ပြန်လည်ခေါ်ယူလိုနေကြကြောင်း သူ၏ Instagram Live တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဖာဘရီဂတ်စ်က ''နေမာက တခြားကစားသ မားတွေနဲ့ ကွဲပြားခြားနားသူဖြစ်ပါတယ်။ သူက ရော်နယ်လ်ဒင်ဟိုလို စွမ်းရည်တွေကို ပိုင်ဆိုင်ထားသူပါ။ နေမာဟာ စူပါစတားတစ်ဦးဖြစ်ပြီး သူ့အနေနဲ့ သူဆန္ဒရှိတာကို လုပ်ဆောင်နိုင်စွမ်းရှိသူလည်း ဖြစ်ပါတယ်။ နေမာနဲ့ အသင်းဖော်အဖြစ် ကျွန်တော် ကစားဖူးသလို၊ ပြိုင်ဘက်အဖြစ်လည်း ရင်ဆိုင်ခဲ့ဖူးပါတယ်။ PSG နဲ့ကစားခဲ့တဲ့ ဒီရာသီ လီဂူးပွဲစဉ် (၂) ပွဲစလုံးမှာ နေမာက ကျွန်တော်တို့ကို ကောင်းကောင်း ဒုက္ခပေးခဲ့ပါတယ်။ မက်ဆီ၊ ဆွာရက်ဇ်အပါအဝင် ဘာစီလိုနာတစ်သင်းလုံးက သူ့ကို ဘာစီလိုနာအသင်းကို ပြန်လာစေချင်ကြပါတယ်။  ဘာဖြစ်လို့လဲဆိုတော့ နေမာက ပွဲအဖြေတွေကို ပြောင်းလဲနိုင်စွမ်းရှိသူဖြစ်လို့ပါပဲ''ဟု ပြောကြားခဲ့သည်။ 

နေမာသည် ကွင်းအတွင်း စွမ်းဆောင်ရည်ကောင်းမွန်သော်လည်း ကွင်းပြင်ပနေထိုင်မှုများနှင့် ပတ်သက်ပြီး ဝေဖန်ခံနေရသူဖြစ်သည်။ 

သို့သော် ဘာစီလိုနာအသင်းတွင် ၂၀၁၃-၁၄ ရာသီက နေမာနှင့်အတူ တွဲကစားခဲ့ဖူးသည့် ဖာဘရီဂတ်စ်က နေမာမှာ လူကောင်းတစ်ဦးသာဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ဖာဘရီဂတ်စ်က ''နေမာဟာ ကမ္ဘာ့အ ကောင်းဆုံးကစားသမား ဖြစ်လာဖို့အတွက် စွမ်းရည် တွေနဲ့ ပါရမီတွေကို ပိုင်ဆိုင်ထားပါတယ်။ ပြီးတော့ နေမာက ကွင်းပြင်ပလူနေမှုဘဝမှာလည်း အရမ်းကောင်းတဲ့ လူကောင်းတစ်ယောက်ပါ။ သူက က လေးတစ်ယောက်လိုဖြစ်ပြီး ဘဝကို ပျော်ပျော်ဖြတ်သန်းနေသူပါ''ဟု ပြောကြားခဲ့သည်။ 

နေမာသည် PSG အသင်းတွင် (၃)ရာသီအတွင်း ပြိုင်ပွဲစုံ ပွဲ(၈၀) တွင် (၆၉)ဂိုးအထိ သွင်းယူထားပြီး ယခုရာသီ ပြိုင်ပွဲ စုံ (၂၂)ပွဲတွင် (၁၈)ဂိုးအထိ သွင်းယူပေးထားသည်။