ဥရောပလိဂ်ပြိုင်ပွဲအားလုံးကို ဩဂုတ်လမတိုင်မီ လုံးဝပြန်လည်စတင်ခြင်းမပြုရန် ပြင်သစ်သမ္မတ မက်ခရွန် ဆန္ဒရှိနေသည်ဟု Le Parisien ဖော်ပြ

ဥရောပလိဂ်ပြိုင်ပွဲအားလုံးကို ဩဂုတ်လမတိုင်မီ လုံးဝပြန်လည်စတင်ခြင်းမပြုရန် ပြင်သစ်သမ္မတ မက်ခရွန် ဆန္ဒရှိနေသည်ဟု Le Parisien ဖော်ပြ
Photos: Getty Images
Photos: Getty Images
Published 1 May 2020

ပြင်သစ်ထိပ်တန်းသတင်းစာ တစ်စောင်ဖြစ်သည့် Le Parisien က ပြင်သစ်နိုင်ငံ၏သမ္မတဖြစ်သူ အီမယ်နျူရယ်မက်ခရွန်သည် ဥရောပလိဂ်ပြိုင်ပွဲအားလုံးကို ဩဂုတ်လမတိုင်မီ ပြန်လည်စတင်ခြင်းမပြုရန် ဆန္ဒရှိနေသည်ဟု ဖော်ပြခဲ့သည်။

လက်ရှိအချိန်တွင် ဂျာမနီနိုင်ငံ၏ ဘွန်ဒစ်လီဂါပြိုင်ပွဲသည် ပြန်လည်စတင်ရန် စီစဉ်နေပြီး အစိုးရ၏ ခွင့်ပြုချက်သာ လိုတော့သည့် အခြေအနေဖြစ်သလို၊ စပိန်၊ အီတလီ၊ အင်္ဂလန် စသည့် နိုင်ငံများကလည်း ပြန်လည်စတင်ရန်အတွက် ဆွေးနွေးမှုများပြုလုပ်လျက်ရှိသည်။ 

မက်ခရွန်ကမူ ယင်းနိုင်ငံများကို အနည်းဆုံး ဩဂုတ်လအထိ ဘောလုံးပွဲများ ဆက်လက်ပိတ်ထားရန် လိုလားနေခြင်းဖြစ်ပြီး ပြင်သစ်နိုင်ငံ၏ ထိပ်တန်းလိဂ်ပြိုင်ပွဲဖြစ်သည့် လီဂူး-၁ ကိုမူ ရပ်နားရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။ 

လက်ရှိ ဥရောပတွင် လီဂူး-၁ အပါအဝင် လိဂ်ပြိုင်ပွဲများကို ရပ်နားရန် ဆုံးဖြတ်ခဲ့သည့် နိုင်ငံမှာ (၃)နိုင်ငံသာရှိပြီး၊ ပြင်သစ် မတိုင်မီက ဘယ်လ်ဂျီယံနှင့် နယ်သာလန်တို့ဖြစ်သည်။

ပြင်သစ်နိုင်ငံ၏ အားကစားဝန်ကြီးဖြစ်သူ ရိုဆာနာကလည်း အခြားလိဂ်ပြိုင်ပွဲများကိုပါ ရပ်နားရန် ဆန္ဒရှိသည်ဟု ထုတ်ဖော်ပြောကြားခဲ့ပြီး စပိန်၊ အီတလီနိုင်ငံတို့မှ တာဝန်ရှိသူများနှင့် ညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဟုလည်း ပြောကြားခဲ့သည်။ 

ယင်းကဲ့သို့ သတင်းများ ထွက်ပေါ်လာပြီးနောက်တွင် ဂျာမနီနိုင်ငံ၏ ခေါင်းဆောင်ဖြစ်သူ အင်ဂျလာမာကယ်လ်က ဘွန်ဒစ်လီဂါပြိုင်ပွဲပြန်လည်စတင်ရန် ဆောင်ရွက်နေခြင်းနှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို ပြန်လည်စစ်ဆေးသွားရန် စီစဉ်လျက်ရှိသည်ဟုလည်း Le Parisien က ဖော်ပြခဲ့သည်။

Most Read

Most Recent