ဧပြီလကုန် မေလအတွင်း နွေစပါးရိတ်သိမ်းသည့်ကာလဖြစ်သဖြင့် နွေစပါးစျေးကျဆင်း၍ တောင်သူများ နစ်နာမှုမရှိစေရေး၊ စျေးကွက်အတွင်း ဆန်ပြတ်လပ်မှုမရှိစေရေး ဆန်စပါးကုန်စည်ဒိုင်များကို ဧပြီ ၂၇ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်

ဧပြီလကုန် မေလအတွင်း နွေစပါးရိတ်သိမ်းသည့်ကာလဖြစ်သဖြင့် နွေစပါးစျေးကျဆင်း၍ တောင်သူများ နစ်နာမှုမရှိစေရေး၊ စျေးကွက်အတွင်း ဆန်ပြတ်လပ်မှုမရှိစေရေး ဆန်စပါးကုန်စည်ဒိုင်များကို ဧပြီ ၂၇ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်
ရန်ကုန်မြို့ရှိ ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်ကို တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)
ရန်ကုန်မြို့ရှိ ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်ကို တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 24 April 2020
နီလာ

ဧပြီလကုန်မေလအတွင်း နွေစပါး ရိတ်သိမ်းသည့်ကာလဖြစ်သဖြင့် နွေစပါး စျေးကျဆင်း၍ တောင်သူများ နစ်နာမှုမရှိစေရေး စျေးကွက်အတွင်း ဆန်ပြတ်လပ်မှု မရှိစေရေးအတွက် ဆန်စပါးကုန်စည်ဒိုင်များကို ဧပြီ ၂၇ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းက ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း ဆန်စပါးကုန်စည်ဒိုင်များကို ဧပြီ ၉ ရက်မှ ၂၀ ရက်အထိ နှစ်သစ်ကူးသင်္ကြန်ကာလ ကုန်စည်ဒိုင်ပိတ်ရက်များအဖြစ် ပိတ်ထားခဲ့သည်။ လက်ရှိတွင် မြန်မာနိုင်ငံအတွင်း ဆင့်ပွားဖြစ်ပေါ်နေသော COVID-19 ကူးစက်ပျံ့နှ့ံမှုမရှိစေရန်အတွက် ကုန်စည်ဒိုင်များကို ရက်တိုးထပ်မံပိတ်ထားပြီး ကုန်စည်ဒိုင်များ ပြန်ဖွင့်မည့်ရက်ကို ကုန်စည်ဒိုင်ပြန်လည်မဖွင့်မီနှစ်ရက်အလိုတွင် ကြေညာပေးမည်ဟု အသိပေးထားခဲ့သည်။

ဆန်စပါးသည် မြန်မာနိုင်ငံ၏စားနပ်ရိက္ခာတွင် အဓိကပါဝင်နေသောကုန်စည်ဖြစ်သည့်အပြင် ဧပြီလကုန်မေလအတွင်း တောင်သူများ နွေစပါးရိတ်သိမ်းသည့်ကာလဖြစ်သဖြင့် နွေစပါးစျေးနှုန်းများကျဆင်း၍ တောင်သူများ နစ်နာမှုမရှိစေရေးကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်သကဲ့သို့ စျေးကွက်အတွင်း (စားနပ်ရိက္ခာ)ဆန်များ ပြတ်လပ်မှုမရှိစေရန်လည်း အရေးကြီးသည့် ကာလဖြစ်သည့်အတွက် ဆန်စပါး ကုန်စည်ဒိုင်များကို ဧပြီ ၂၇ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း အသိပေး ချက်ထုတ်ပြန်လိုက်သည်။

ကုန်စည်ဒိုင်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် COVID-19  ကြိုတင်ကာကွယ်ရေးအစီအစဉ်များအနေဖြင့် ကုန်စည်ဒိုင်များအတွင်း ပိုးသတ်ဆေးဖြန်းခြင်း၊ ကုန်စည်ဒိုင်အတွင်း ရောင်းသူနှင့်ဝယ်သူအချင်းချင်း တစ်ဦးနှင့်တစ်ဦးနီးကပ်စွာမရှိစေရန် အကွာအဝေးများကို ကျန်းမာရေးဦးစီးဌာန ၏ အကြံဉာဏ်များရယူကာ ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း၊ ကုန်စည်ဒိုင်ဖွင့်လှစ်နိုင်ရေးအတွက် လမ်းမတော်မြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊လွှတ်တော် ကိုယ်စားလှယ်များ၏လာရောက်စစ်ဆေးမှုကိုလည်း ခံယူဆောင်ရွက်ထားပြီဖြစ်ကြောင်း သိရသည်။

ကုန်စည်ဒိုင်အတွင်း ဆန်အရောင်းအဝယ်ပြုလုပ်ချိန်ကို နေ့စဉ်နံနက်  ရနာရီမှ ၉ : ၃၀ နာရီအတွင်းသာရောငး်ဝယ်ကြာရန်၊ ကုန်စည်ဒိုင်အတွင်းသို့ လာရောက် ရောင်း၊ဝယ်သူများအနေဖြင့် နှာခေါင်းစဉ်များ အမြဲတပ်ဆင်ထားရန်၊ မိမိတို့ကိုယ်ပိုင်မော်တော်ယာဉ်များကိုလည်း သတ်မှတ်ထားသော နေရာတွင် ရပ်နားထားပြီး ရောင်းသူများအနေဖြင့် ဆန်နမူနာထုပ်များကိုသာ ယူဆောင်လာကြပါရန်၊ ဆန်နမူနာကြည့်သူ၊ ပြသူများအားလုံး လက်အိတ်များစွပ်၍သာ ရောင်းဝယ်ကြရန်၊ တစ်ဦးနှင့်တစ်ဦး သတ်မှတ်ထားသော အကွာအဝေးတွင်သာ ရောင်းဝယ်ကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်၍သာ အရောင်းအဝယ် ပြုလုပ်ကြရန် သတင်းထုတ်ပြန်ထားသည်။

COVID-19 ကြောင့် ပြည်တွင်စားနပ်ရိက္ခာဖူလုံရေး၊ ကုန်စျေးနှုန်းတည်ငြိမ်ရေး၊ တောင်သူများဝင်ငွေတိုးတက်ရရှိရေး ၊ ပြည်ပပိုပကုန်တိုးမြှင့်ရေးအတွက် ဆန်နှင့် ဆန်ကွဲတင်ပို့ခွင့်လိုင်စင်ရရှိထားသူများ အနေဖြင့် ပြည်ပတင်ပို့သည့်ပမာဏ အထောက်အထား ပို့ကုန်ကြေညာလွှာတွင် ဖော်ပြထားသည့်ပမာဏ၏ ၁၀ ရာခိုင်နှုန်းကို နိုင်ငံတော်အရန်ဆန်အဖြစ် ရောင်းချပေးရမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ကမ္ဘာနှင့်အဝှမ်းဖြစ်ပေါ်လျက်ရှိသော COVID-19 ကြောင့် ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေး၊ ကုန်စျေးနှုန်းတည်ငြိမ်ရေး၊တောင်သူလယ်သမားများ ဝင်ငွေတိုးတက်ရရှိရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်ရေးအတွက် ၂၀၂၀ ပြည့်နှစ် ဆန်နှင့်ဆန်ကွဲပြည်ပတင်ပို့မည့် လုပ်ငန်းအစီအစဉ်များကို ထုတ်ပြန်ခြင်း ဖြစ်သည်။

ဆန်နှင့်ဆန်ကွဲတင်ပို့ခွင့်လိုင်စင်ရရှိထားသူများအနက် ၂၀၂၀ ပြည့်နှစ် မတ်လ ၁၅ ရက်နောက်ပိုင်း (မတ် ၁၆ ရက်မှ မတ် ၂၀ ရက်အထိ) ပို့ကုန်လိုင်စင်ရရှိထားသူများအနေဖြင့် တင်ပို့သည့်ပမာဏ အထောက်အထားပို့ကုန်ကြေညာလွှာ (Export Declaration) တွင် ဖော်ပြထားသည့်ပမာဏ၏ ၁ဝရာခိုင်နှုန်းကို နိုင်ငံတော်အရန်ဆန်အဖြစ် ဧည့်မဆန် ၂၅ ရာခိုင်နှုန်းကို ရောင်းချပေးရမည်ဖြစ်ကြောင်း သိရသည်။

 

 

 

 

Most Read

Most Recent