နယူးကာဆယ်အသင်းကို ဝယ်ယူမည့် ဆော်ဒီ Public Investment Fund(PIF)၏ ငွေကြေး<ကယ်ဝမှုမှာ ပေါင် (၃၂၀)ဘီလီယံခန့်ရှိကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
ဆော်ဒီမင်းသား ရှိတ်မိုဟာမက်ဘင်ဆယ်လ်မန် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသော PIFသည် နယူးကာ ဆယ်အသင်း၏ ရှယ်ယာ(၈၀)ရာခိုင်နှုန်းကို ဝယ်ယူရန် ကြိုး ပမ်းနေပြီး အသင်း၏ပိုင်ရှင်သစ်ဖြစ်လာရန် နီးစပ်နေသည်။
လက်ရှိတွင် အရောင်းအဝယ်ကိစ္စအတွက် ဆောင်ရွက် မှုမှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီး PIF ၏ အရေးပါ အရာရောက်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ယာဆာအယ်လ်ရူမေ ယန်သည် နယူးကာဆယ်အသင်း၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ယာဆာအယ်လ်ရူမေယန် သည် ကမ္ဘာပေါ်တွင် အကြီးဆုံးရေနံကုမ္ပဏီဖြစ်သည့် Saudi Aramco ၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူတစ်ဦးဖြစ်ကြောင်း လည်း သိရှိရသည်။
ဆော်ဒီတော်ဝင်မိသားစု၏ ငွေကြေးရင်း နှီးမြှုပ်နှံမှုများဖြင့် ဖွဲ့စည်းထားသည့် PIF အနေဖြင့် နယူးကာ ဆယ်အသင်းအား ဝယ်ယူမှုအတွက် ပေါင်သန်း(၃၀၀)ခန့် သုံးစွဲသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မူလက နယူးကာဆယ်အသင်းပိုင်ရှင် မိုက်အက်ရှ်လေသည် သူ၏အသင်းအား ရောင်းချမှုအတွက် ပေါင်သန်း(၃၄၀)ခန့် တောင်းဆိုခဲ့သော် လည်း နောက်ဆုံးတွင် ပေါင်သန်း(၃၀၀)သို့ လျှော့ချပေးခဲ့ ကြောင်း သိရှိရသည်။

ပရီးမီးယားလိဂ်တွင် ငွေကြေး<ကယ်ဝအချမ်းသာဆုံး အသင်းပိုင်ရှင်အဖြစ် သတ်မှတ်ခံထားရသော မန်စီးတီးအ သင်းပိုင်ရှင် ရှိတ်မန်ဆော်၏ ပိုင်ဆိုင်မှုမှာ ပေါင်(၂၃.၃) ဘီလီယံ ခန့်ရှိရာ PIF ၏ ပိုင်ဆိုင်မှုနှင့် နှိုင်းယှဉ်ပါက အလွန်နည်းပါးနေကြောင်း သိရှိရသည်။
PIF အနေဖြင့် ယူအေအီးစော်ဘွား ရှိတ်မန်ဆော်၏ပိုင်ဆိုင်မှုထက် (၁၃)ဆကျော် (သို့မဟုတ်) ၇၂ ရာခိုင်နှုန်း အသာရှိနေကြောင်း Daily Mail သတင်းစာ က ဖော်ပြခဲ့သည်။
| 1. Newcastle | Saudi Arabian Public Investment Fund (PiF) | £320bn |
| 2. Man City | Sheikh Mansour | £23.3bn |
| 3. Chelsea | Roman Abramovich | £9.6bn |
| 4. Arsenal | Stan Kroenke | £6.8bn |
| 5. Wolves | Guo Guangchang | £5.2bn |
| 6. Aston Villa | Nassef Sawiris | £5bn |
| 7. Leicester | Aiyawatt Srivaddhanaprabha | £4.6bn |
| 8. Tottenham | Joe Lewis | £3.9bn |
| 9. Manchester United | The Glazer Family | £3.6bn |
| 10. Southampton | Gao Jisheng | £3.1bn |
| 11. Crystal Palace | Joshua Harris | £2.7bn |
| 12. Liverpool | John W Henry | £2.1bn |
| 13.West Ham | David Sullivan and David Gold | £1.6bn |
| 14. Everton | Farhad Moshiri | £1.5bn |
| 15. Brighton | Tony Bloom | £1.3bn |
| 16. Bournemouth | Maxim Demin | £900m |
| 17. Sheffield United | Prince Abdullah bin Musa’ed | £198m |
| 18. Watford | Gino Pozzo | £93m |
| 19. Burnley | Mike Garlick | £62m |
| 20. Norwich | Delia Smith, Michael Wynn-Jones | £23m |















