ဘာပေသည် PSG အသင်းတွင် (၃)ရာသီအတွင်း ပြိုင်ပွဲစုံ ပွဲ (၁၂၀)တွင် သွင်းဂိုး (၉၀)အထိ သွင်းယူထားပြီး ခြေစွမ်းပြနေသူဖြစ်သည်။ ပီတစ်က ဘာပေအနေဖြင့် နေမာ၏ လွှမ်းမိုးမှုကို ခံရနိုင်ပြီး ၎င်း၏ပုံစံအတိုင်း နေထိုင်မည်ဆိုပါက ကစားသမားဘဝတွင် ဖြစ်သင့်သလောက် ဖြစ်လာတော့မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ပြစ်သစ်ကွင်းလယ်လူဟောင်း ပီတစ်က ဘာပေအနေဖြင့် PSG အသင်းဖော် နေမာကဲ့သို့ ပြုမူနေထိုင်မည်ဆိုပါက ကစားသမားဘဝကို ထိခိုက်မှုနစ်နာမှုများနှင့် ရင်ဆိုင်ရလိမ့်မည်ဟု သတိပေးပြောကြားခဲ့သည်။

အသက် (၂၁)နှစ်အရွယ်ရှိ ပြင်သစ်လူငယ်တိုက်စစ်မှူး ဘာပေသည် ၂၀၁၆ ခုနှစ်တွင် မိုနာကိုအသင်းနှင့်အတူ ထင်ပေါ်လာသူဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် PSG အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သည်။ ဘာပေသည် PSG အသင်းတွင် (၃)ရာသီအတွင်း ပြိုင်ပွဲစုံ ပွဲ (၁၂၀)တွင် သွင်းဂိုး (၉၀)အထိ သွင်းယူထားပြီး ခြေစွမ်းပြနေသူဖြစ်သည်။ ပီတစ်က ဘာပေအနေဖြင့် နေမာ၏ လွှမ်းမိုးမှုကို ခံရနိုင်ပြီး ၎င်း၏ပုံစံအတိုင်း နေထိုင်မည်ဆိုပါက ကစားသမားဘဝတွင် ဖြစ်သင့်သလောက် ဖြစ်လာတော့မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ပီတစ်က "ဘာပေက (၃)နှစ်အတွင်းမှာ အရမ်းတိုးတက်လာခဲ့ပါတယ်။ သူဟာ ဘောလုံးလောကကို အရောင်မတင်ရသေးတဲ့ စိန်ရိုင်းတစ်ပွင့်လို ရောက်ရှိလာခဲ့သူပါ။ ဘာပေဟာ ဆယ်ကျော်သက်အ ရွယ်မှာပဲ ပြောင်းရွှေ့ကြေးမြောက်မြားစွာနဲ့ PSG အသင်းကို ရောက်ရှိလာခဲ့ပေမယ့် အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပြီး သူ့ရဲ့ ရင့်ကျက်မှုကို ပြသနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း ဘာပေရဲ့လုပ်ရပ်တွေက စိတ်ပျက်စရာပါ။ ဘာပေဟာ ဘောလုံးအ ပေါ်မှာပဲ မဟုတ်တော့ဘဲ အပြင်ကအရာတွေကို အာရုံစိုက်လာတယ်။ အသင်းဖော်တွေကတောင် သူ့ကို စိတ်ပျက်တဲ့အထိ ဖြစ်လာတယ်။ ဘာပေက အလားအလာအများကြီးရှိတဲ့ ကစားသမားပါ။ သူ့ ရဲ့အပြုအမူတွေကို ဂရုမစိုက်ဘဲ နေမာလို ပြုမူနေ ထိုင်သွားမယ်ဆိုရင်တော့ သူ့ရဲ့ကစားသမားဘဝ ထိခိုက်သွားပါလိမ့်မယ်" ဟု ပြောကြားခဲ့သည်။















