ဘွန်ဒစ်လီဂါပွဲစဉ်များကို ၂၀၂၁ ခုနှစ်အထိ ကွင်းပိတ်ကစားရဖွယ်ရှိကြောင်း DFL အမှုဆောင်ချုပ် ပြောကြား

ဘွန်ဒစ်လီဂါပွဲစဉ်များကို ၂၀၂၁ ခုနှစ်အထိ ကွင်းပိတ်ကစားရဖွယ်ရှိကြောင်း DFL အမှုဆောင်ချုပ် ပြောကြား
Photos: Reuters & Getty Images
Photos: Reuters & Getty Images
Published 9 April 2020

ဂျာမန်ဘောလုံးလိဂ်အဖွဲ့ချုပ် (DFL) အမှုဆောင်ချုပ် ဆီဖတ်က ဘွန်ဒစ်လီဂါပွဲစဉ်များကို ၂၀၂၁ ခုနှစ်အထိ ပရိသတ်မပါဘဲ ကွင်းပိတ်ကစားရဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။

ဂျာမန်ဘောလုံးလိဂ်အဖွဲ့ချုပ် (DFL) အမှုဆောင်ချုပ် ဆီဖတ်က ဘွန်ဒစ်လီဂါပွဲစဉ်များကို ၂၀၂၁ ခုနှစ်အထိ ပရိသတ်မပါဘဲ ကွင်းပိတ်ကစားရဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။

ဂျာမနီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကြောင့် အခြေအနေကို စောင့်ကြည့်နေရဆဲဖြစ်ပြီး ဘွန်ဒစ်လီဂါနှင့် ဘွန်ဒစ်လီဂါ-၂ ပြိုင်ပွဲဝင်အသင်းများမှာ အသင်းလိုက်လေ့ကျင့်မှုများ စတင်ပြုလုပ်နေကြပြီဖြစ်သည်။ 

ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲများကို ရပ်တန့်ထားရပြီး ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ ပြန်လည်ကစားရန် စီစဉ်နေကြောင်း သိရသည်။

DFL အမှုဆောင်ချုပ် ဆီဖတ်က  New York Times နှင့် ပြုလုပ်သည့်အင်တာဗျူးတွင် မိမိတို့အနေဖြင့် မေလအစောပိုင်းတွင် ဘွန်ဒစ်လီဂါနှင့် ဘွန်ဒစ်လီဂါ-၂ ပွဲစဉ်များကို ပြန်လည်ကစားရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်။ 

ဆီဖတ်က "ဂျာမန်လူမျိုးတွေရဲ့ ယဉ်ကျေးမှုတွေမှာ ဘောလုံးပြိုင်ပွဲတွေကလည်း အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ပါတယ်။ အားလုံးပုံမှန်ဖြစ်သွားပြီဆိုရင်တော့ ဘွန်ဒစ်လီဂါပြိုင်ပွဲကို ပြန်လည်ကစားမှာပါ။ ဒါပေမဲ့ ၂၀၂၁ ခုနှစ်အထိ ဘွန်ဒစ်လီဂါပွဲစဉ်တွေမှာရော၊ ဘွန်ဒစ်လီဂါ-၂ ပွဲစဉ်တွေမှာပါ ကွင်းအတွင်း ပရိသတ်တွေ ကြည့်ရှုနိုင်မှာ မဟုတ်ဘဲ ကွင်းပိတ်ကစားရမယ်လို့ ထင်ပါတယ်"ဟု ပြောကြားခဲ့သည်။

ထို့ပြင် ဆီဖတ်က ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ကစားသမားအပြောင်းအရွှေ့စျေးကွက်မှာလည်း ပြိုလဲသွားနိုင်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

 

Most Read

Most Recent