မလေးရှားတွင် လှုပ်ရှားသွားလာမှု ထိန်းချုပ်မှု ဒုတိယအဆင့်အတွက် အကောင်အထည်ဖော်မည်

မလေးရှားတွင် လှုပ်ရှားသွားလာမှု ထိန်းချုပ်မှု ဒုတိယအဆင့်အတွက် အကောင်အထည်ဖော်မည်
ပီနန်မြို့တွင် စူပါမားကတ်တစ်ခု၌ စျေးဝယ်သူတစ်ဦးအား မတ် ၂၇ တွင် ကိုယ်အပူချိန်တိုင်းနေစဉ် (Photo: AFP)
ပီနန်မြို့တွင် စူပါမားကတ်တစ်ခု၌ စျေးဝယ်သူတစ်ဦးအား မတ် ၂၇ တွင် ကိုယ်အပူချိန်တိုင်းနေစဉ် (Photo: AFP)
Published 30 March 2020
Ref: CNN

မလေးရှားတွင် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ရန်အတွက် အဆင့်မြှင့်ထား သည့် စီမံချက်များကို အကောင်အထည်ဖော် ရန် အာဏာပိုင်များက စီစဉ်နေသည်ဟု အ ကြီးတန်းဝန်ကြီး  Ismail Sabri Yaakob က မတ် ၃၀ ရက်တွင် ပြောကြားခဲ့သည်။

လှုပ်ရှားသွားလာမှုထိန်းချုပ်သည့် ညွှန်ကြားချက် (MCO) ၏ ဒုတိယအဆင့်ဖြစ်သည့် ဧပြီ ၁ ရက်မှ ဧပြီ ၁၄ ရက် ကာလ အတွင်း အဆင့်မြှင့်ထားသောစီမံချက်များကို စတင်မည်ဟု Putrajaya တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကာကွယ်ရေးဝန်ကြီးလည်း ဖြစ်သည့်  Ismail Sabri က ပြော ကြားခဲ့သည်။

ယင်းစီမံချက်တွင် စူပါမားကတ်များ၊ ကုန်စုံဆိုင်များ၊ ကုန်မျိုးစုံရောင်းသည့် စတိုးဆိုင်များနှင့် ဓာတ်ဆီဆိုင်များကို နံနက် ၈ နာရီမှ ည ၈ နာရီအတွင်းသာ ဖွင့်လှစ်မည့်  လုပ်ငန်းလည်ပတ်သည့်အချိန် ကန့်သတ်မှု များ ပါဝင်မည်ဟု ၎င်းက ပြောကြားခဲ့သည်။ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုထား သည့် စားသောက်ဆိုင်များသည်လည်း အလားတူကန့်သတ်ထား သည့်အချိန်တွင်သာ ဖွင့်လှစ်ရမည်ဖြစ်သည်။

နှာခေါင်းစည်းစျေးနှုန်းများကို လူထု  ဝယ်ယူနိုင်သည့် ၂ ရင်းဂစ်မှ ရင်းဂစ် ၁.၅  သို့  လျှော့ချသွားမည်ဟုလည်း ၎င်းင်းက ပြော ကြားခဲ့သည်။ အစားအစာနှင့် ကုန်ခြောက် များကို ဝယ်ယူရန် အိမ်တိုင်ရာရောက်ပို့ ဆောင်သည့် ဝန်ဆောင်မှုကို အသုံးပြုရန် ၎င်းင်းက နိုင်ငံသားများကို တိုက်တွန်းခဲ့သော် လည်း ပစ္စည်းလာပို့ပေးသူများနှင့် တွေ့ဆုံ ခြင်းမျိုးမလုပ်သင့်ဟု သတိပေးခဲ့သည်။

“ပစ္စည်းလာပို့တဲ့သူတွေက တံခါးရှေ့ (ဒါမှမဟုတ်) ခြံရှေ့မှာ ပစ္စည်းတွေထားခဲ့ပြီး မှာတဲ့ သူတွေကို အဲဒီနေရာမှာ လာယူဖို့  အကြောင်းကြားပါလို့ အကြံပေးချင်တယ်။  မျက်နှာချင်းဆိုင်တွေ့ဆုံမှုက ဗိုင်းရပ်စ်ပျံ့နှံ့ စေနိုင်တဲ့အတွက် ရှောင်စေချင်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

မလေးရှားတွင် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့ မှုကို ထိန်းချုပ်ရန်အတွက် လှုပ်ရှားသွားလာ မှုထိန်းချုပ်သည့်ကာလကို မကြာသေးမီက ဧပြီ ၁၄ ရက်အထိ ရက်တိုးခဲ့သည်။ ယင်း ညွှန်ကြားချက်တွင် အစိုးရဌာနအားလုံး၊ အ ခြေခံလိုအပ်သည့်ဝန်ဆောင်မှုများကို ထောက်ပံ့ပေးသည့် လုပ်ငန်းများမှအပ ပုဂ္ဂ လိကလုပ်ငန်းအားလုံး ပိတ်ပစ်ခြင်းများ ပါ ဝင်ခဲ့သည်။  နေ့စဉ်အခြေခံလိုအပ်ချက်များ ကို ရောင်းချသည့် စူပါမားကတ်၊ အသား၊ ငါး များရောင်းချသည့်စျေးများ၊ ကုန်ခြောက် ဆိုင်များနှင့်  ကုန်မျိုးစုံရောင်းသော စတိုးဆိုင် များမှအပ စီးပွားရေးအဆောက်အအုံများ နှင့် ဝတ်ပြုအဆောက်အအုံအားလုံးကိုလည်း ပိတ်ပစ်ခဲ့သည်။ နိုင်ငံတွင် ဗိုင်းရပ်စ်ပျံ့နှံ့မှု တားဆီးရန်အတွက် ညွှန်ကြားထားသည့် ကာလအတွင်း လူထုကို နေအိမ်တွင်သာ နေ ထိုင်ရန်နှင့် အပြင်သို့သွားလာမှုများ ရှောင်ရန်လည်း အစိုးရက တိုက်တွန်းခဲ့သည်။

လှုပ်ရှားသွားလာမှု ထိန်းချုပ်သည့် ညွှန် ကြားချက်ကို လိုက်နာခြင်းမရှိသည့် ဒေသခံ များကို အာဏာပိုင်များက ပိုမိုပြင်းထန် သည့် အရေးယူမှုမျိုးလုပ်ဆောင်နေသည်ဟု လည်း Ismail Sabri က သတိပေးခဲ့သည်။

မတ် ၂၉ ရက်တွင် စည်းကမ်းလိုက်နာ မှုမရှိသူ ၈၀၀ ကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီး ခဲ့ကြောင်း၊ ယင်းအရေအတွက်သည် ပြီးခဲ့သည့် ရက်များကထက် မြင့်တက်လာကြောင်း ၎င်းက ပြောကြားခဲ့သည်။

နိုင်ငံတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကြောင့်  မတ် ၃၀ အထိ သေဆုံးသူ ၃၇ ဦးအထိနှင့် ကူးစက်သူ ၂၆၂၆ ဦးအထိ မြင့်တက်လာခဲ့ ကြောင်း မလေးရှားအာဏာပိုင်များက ထုတ် ပြန်ခဲ့သည်။

 

Ref: CNN

 

Most Read

Most Recent