တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်ကို သက်ဆိုင်ရာ လွှတ်တော်က ရွေးချယ် တာဝန်ပေးနိုင်မည့် ပုဒ်မ ၂၆၁ ပြင်ဆင်ချက်အပါအဝင် ပုဒ်မ ၁၈ ခုစလုံး ထောက်ခံမဲ အရေအတွက် ၇၅ ရာခိုင်နှုန်း မကျော်သဖြင့် ပြင်ဆင်နိုင်ခြင်း မရှိ

တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်ကို သက်ဆိုင်ရာ လွှတ်တော်က ရွေးချယ် တာဝန်ပေးနိုင်မည့် ပုဒ်မ ၂၆၁ ပြင်ဆင်ချက်အပါအဝင် ပုဒ်မ ၁၈ ခုစလုံး ထောက်ခံမဲ အရေအတွက် ၇၅ ရာခိုင်နှုန်း မကျော်သဖြင့် ပြင်ဆင်နိုင်ခြင်း မရှိ
မတ် ၁၇ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမဲခွဲဆုံးဖြတ်မှု ပြုလုပ်စဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)
မတ် ၁၇ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမဲခွဲဆုံးဖြတ်မှု ပြုလုပ်စဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)
Published 18 March 2020
ပြည့်ဖြိုးအောင်၊ အောင်မင်းသိန်း

 

တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်ကို သက်ဆိုင်ရာ လွှတ်တော်က ရွေးချယ် တာဝန်ပေးနိုင်မည့် ပုဒ်မ ၂၆၁ ပြင်ဆင်ချက်အပါအဝင် ပုဒ်မ ၁၈ ခုစလုံး ထောက်ခံမဲ အရေအတွက် ၇၅ ရာခိုင်နှုန်း မကျော်သဖြင့် ပြင်ဆင်နိုင်ခြင်း မရှိ

 

 

မတ် ၁၇ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမဲခွဲဆုံးဖြတ်မှု ပြုလုပ်စဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)

 

 

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး မဲ ခွဲဆုံးဖြတ်မှု ဆဋ္ဌမနေ့အဖြစ်  မတ် ၁၇  ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်း အဝေး၌ ဒုတိယအကြိမ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းပါ ပုဒ်မ ၄၃၆(ခ)နှင့် အကျုံးဝင်သော ပုဒ်မ၊ ပုဒ်မ ခွဲ ၁၈ ခုကို စုစည်းထားသည့် ဆန္ဒမဲ လက်မှတ် (၂)ကို မဲခွဲ ဆုံးဖြတ်ခဲ့သည်။

မဲခွဲဆုံးဖြတ်မှုတွင် ပြည်ခိုင်ဖြိုးပါတီနှင့် တပ်မတော်လွှတ်တော်ကိုယ်စားလှယ်တို့၏ ပြင်ဆင်ချက်ပုဒ်မများအပြင် NLD ပါတီ၏ ပြင်ဆင်ချက်များလည်း ပါဝင်ပြီး ပုဒ်မများမှာ ပုဒ်မ ၂၃၂(က)(၁)၊ ပုဒ်မ ၂၃၂ (က)(၅)၊ပုဒ်မ ၂၃၂(ခ)(၁)၊ ပုဒ်မ၂၃၂ (ည)(၂)၊ပုဒ်မ၂၃၂ (ဋ)၊ ပုဒ်မ ၂၃၄(က)၊ပုဒ်မ ၂၃၄(စ)၊ပုဒ်မ ၂၃၅(ဂ)(၂)၊ ပုဒ်မ ၂၃၇(က)၊ ပုဒ်မ ၂၃၇(က)(၄)(ဃဃ)၊ ပုဒ်မ၂၃၉(က)၊ ပုဒ်မ ၂၃၉(က)(၄)(ဃဃ)၊ ပုဒ်မ ၂၄၂(က)၊ ပုဒ်မ ၂၄၂(က)(၄)(ဂဂ)၊ ပုဒ်မ ၂၄၄(က)၊ ပုဒ်မ ၂၄၄(က)(၄)(ဂဂ)၊ ပုဒ်မ ၂၆၁(က)(၅)၊ ပုဒ်မ ၂၆၁(ခ)တို့ဖြစ်သည်။

ထိုသို့ မဲခွဲဆုံးဖြတ်ရာတွင် ပြည်ခိုင်ဖြိုး ပါတီက တင်သွင်းသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်ကို နိုင်ငံတော်သမ္မတက ခန့်အပ်တာဝန်ပေးခြင်းအစား သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်က ရွေးချယ်တာဝန်ပေးနိုင်မည့် ပုဒ်မ ၂၆၁ ပြင် ဆင်ချက်နှင့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် တင်သွင်းထားသည့် ပုဒ်မ ၅၉(စ) ကဲ့သို့သော ပြည်ထောင်စုဝန်ကြီးများ နှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်တို့၏ အရည်အချင်းအသစ် ဖြည့်စွက်ပြင်ဆင်ချက် များအပါအဝင် ပုဒ်မ ၁၈ ခုစလုံးသည် ထောက် ခံမဲ ၇၅ ရာခိုင်နှုန်းမကျော်သဖြင့် ပြင်ဆင်နိုင် ခြင်းမရှိဘဲ မူလအတိုင်းသာထားရှိမည်ဖြစ်ကြောင်း လွှတ်တော်နာယက က ကြေညာ ခဲ့သည်။

ပုဒ်မ ၂၃၂(က)(၁)အရ ပြည်ထောင်စု ဝန်ကြီးများကို ခန့်အပ်တာဝန်ပေးရာတွင် အသက် ၄၀ နှစ်ပြည့်ပြီးသူအစား အသက် ၃၅ နှစ်ပြည့်ပြီးသူဟု NLD ပါတီ၏ ပြင်ဆင် ချက်ကို ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းမကျော် သဖြင့် မူလအတိုင်းထား ရှိရမည်ဖြစ်သည်။ ပြည်ထောင်စုဝန်ကြီးများ အရည်အချင်းသတ် မှတ်ရာတွင် ပုဒ်မ ၂၃၂(က)(၄)၏ နောက်တွင် အသစ်ဖြည့်စွက်ပြင်ဆင်ချက်အဖြစ် နိုင်ငံ တော်သမ္မတအရည်အချင်းသတ်မှတ်သည့် ပုဒ်မ ၅၉(စ)ကဲ့သို့သော မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏မိဘတစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ဇနီး (သို့မဟုတ်) ခင်ပွန်း သော်လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီးတစ်ဦးဦးသော်လည်းကောင်း၊ ထိုတရား ဝင်သားသမီးတစ်ဦးဦး၏ ဇနီး (သို့မဟုတ်) ခင်ပွန်းသော်လည်းကောင်း၊ နိုင်ငံခြားအစိုးရ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရို သေသူ သို့မဟုတ် တိုင်းတစ်ပါး၏ လက် အောက်ခံဖြစ်သူ သို့မဟုတ်် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သော်လည်းကောင်း တိုင်းတစ်ပါး၏ နိုင်ငံ သားသော်လည်းကောင်း တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရဟု တပ်မ တော်၏ ဖြည့်စွက်ပြင်ဆင်ချက်ကို ထောက်ခံ မဲ ၇၅ ရာခိုင်နှုန်းမကျော်သဖြင့် မူလအတိုင်း သာ ထားရှိမည်ဖြစ်သည်။

NLD ပါတီ၏ ပြင်ဆင်ချက်များဖြစ် သည့်ပုဒ်မ ၂၃၂(ည)(၂)တွင် ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ် ရေးရာဝန်ကြီးဌာနများမှ ပြည်ထောင်ဝန်ကြီး ဌာနများအတွက် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသော တပ်မတော်သားများ သည် တပ်မတော်မှ အငြိမ်းစားယူရမည်ဟု ပြင်ဆင်ချက်နှင့် ပုဒ်မ ၂၃၂(ဋ) ပြည်ထောင်စု ဝန်ကြီး နိုင်ငံရေးပါတီတစ်ခုခု၏အဖွဲ့ဝင်ဖြစ် လျှင် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ မိမိရာထူးသက်တမ်းအတွင်း ယင်းပါတီ အဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ခြင်းမပြုရဟု ပြဋ္ဌာန်းချက်ကို ပယ် ဖျက်ရန် ပြင်ဆင်ချက်များမှာလည်း ထောက်ခံ မဲရ၅ ရာခိုင်နှုန်းမကျော်သဖြင့် ပြင်ဆင် နိုင်ခြင်းမရှိခဲ့ပေ။

ထို့ပြင်  မဲခွဲဆုံးဖြတ်ခဲ့သည့် ပုဒ်မများ ထဲမှ NLD ပါတီက တင်သွင်းသည့်  နိုင်ငံ တော်သမ္မတက ပြည်ထောင်စု ဒုတိယဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်း စစ်ချုပ် ခန့်အပ်တာ‌ဝန်ပေးခြင်းနှင့် သက် ဆိုင်သော ပုဒ်မများ၏ ခြေဆင်းပြင်ဆင်ချက် များ၊ ပုဒ်မ ၂၃၅(ဂ)(၂) ပါ ရာထူးမှနုတ်ထွက်ရ မည့် သို့မဟုတ် တာဝန်မှ ရပ်စဲခံရမည့် တပ်မ တော်သားပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဒုတိယဝန်ကြီးနှင့်ပတ်သက်လျှင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက် ရမည်ဟု ပြဋ္ဌာန်းချက်ကို ပယ်ဖျက်ရန် ပြင် ဆင်ချက်မှာလည်း ထောက်ခံမဲ ၇၅ ရာခိုင်နှုန်း မကျော်သဖြင့် ပြင်ဆင်နိုင်ခြင်းမရှိဘဲ မူလ အတိုင်း ထားရှိမည်ဖြစ်သည်။

ပုဒ်မ ၂၁၆ ပြင်ဆင်ချက်နှင့်ပတ်သက်ပြီး လွှတ်တော်တွင်း ဆွေးနွေးစဉ်က တိုင်းရင်း သားပါတီ လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံဆွေးနွေးမှုများ ရှိခဲ့သော်လည်း NLD  ပါတီက ကန့်ကွက်ဆွေးနွေးမှုများရှိခဲ့ သည်။

လက်ရှိ ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းပါ ပုဒ်မ၊ ပုဒ်မခွဲ များကို လွှတ်တော်အဆုံးအဖြတ်ရယူရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်ထောင်စုလွှတ် တော်ကိုယ်စားလှယ်စုစုပေါင်း ၆၅၄ ဦးရှိပြီး ဆန္ဒမဲပေးမည့်အစည်းအဝေးသို့ တက်ရောက် လာသော ကိုယ်စားလှယ်များ၏ ရာခိုင်နှုန်ဖြင့် တွက်ချက်မည်မဟုတ်ဘဲ  ၆၅၄ ဦးသော ကိုယ် စားလှယ်စုစုပေါင်း၏ ရာခိုင်နှုန်းဖြင့်သာ တွက်ချက်မည်ဖြစ်ကာ လွှတ်တော်ကိုယ်စား လှယ် ၄၉၁ဦးကျော် ထောက်ခံပါက အောင်မြင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ပြည်ထောင်စု လွှတ်တော်တွင် NLD ပါတီမှ  ကိုယ်စားလှယ် ၃၈၂ ဦး အများ ဆုံးရှိပြီး  ဒုတိယအများဆုံးမှာ တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦးနှင့် အခြားသော နိုင်ငံရေးပါတီများနှင့် တစ်သီး ပုဂ္ဂလကိုယ်စားလှယ်အရေအတွက်သည် ၁၀၄ ဦးရှိကြောင်း သိရသည်။

မတ် ၁၇ ရက်တွင် ပြုလုပ်သည့် ပြည် ထောင်စုလွှတ်တော်သို့ လွှတ်တော်ကိုယ်စား လှယ် ၆၃၁ ဦးတက်ရောက်ခဲ့ပြီး အစည်းအ ဝေးမတက်ရောက်နိုင်သဖြင့် ခွင့်တိုင်ကြားသူ နှစ်ဦး၊ ယခင်ခွင့်တိုင်ကြားထားသည့် လွှတ် တော်ကိုယ်စားလှယ် ၂၁ ဦး စုစုပေါင်း၂၃ ဦး မှာ မဲခွဲဆုံးဖြတ်သည့်(ပဥ္စမနေ့) အစည်းအဝေး သို့ မတက်ရောက်ခဲ့ကြောင်း သိရသည်။

 

 

 

Most Read

Most Recent