ကမ္ဘာ့ဒေါ်လာစျေး အညွှန်းကိန်း ၉၇ ပွိုင့်အောက်ဆင်းပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၃၆၀ အထိ ထိုးဆင်းကာ သုံးရက်အတွင်း ၆၅ ကျပ်၊ လေးရာခိုင်နှုန်းကျော် ကျဆင်းခြင်းဖြစ်

ကမ္ဘာ့ဒေါ်လာစျေး အညွှန်းကိန်း ၉၇ ပွိုင့်အောက်ဆင်းပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၃၆၀ အထိ ထိုးဆင်းကာ သုံးရက်အတွင်း ၆၅ ကျပ်၊ လေးရာခိုင်နှုန်းကျော် ကျဆင်းခြင်းဖြစ်
Published 7 March 2020
စည်သူအောင်

၂၀၂၀ ပြည့်နှစ် မတ် ၆ ရက်တွင် ကမ္ဘာ့ ဒေါ်လာစျေးအညွှန်းကိန်း ၉၇ ပွိုင့်အောက် ဆင်းပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၃၆၀ အထိ ထိုးဆင်းခဲ့ပြီး သုံးရက်အ တွင်း ၆၅ ကျပ်၊ လေးရာခိုင်နှုန်းကျော် ကျဆင်း ခြင်းဖြစ်ကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းမှစ၍ ဒေါ်လာစျေး ကျပ် ၁၅၀၀ အောက် ကျဆင်းခဲ့ပြီး ယခု မတ်လဆန်းတွင် ကျပ် ၁၄၀၀ အောက်သို့ ဆက်လက်ကျဆင်းခြင်းဖြစ်ကာ ၂၀၁၈ ခုနှစ် ဇွန်လနောက်ပိုင်း အနိမ့်ဆုံးစျေး ဖြစ်ခဲ့သည်။ လအလိုက်နှိုင်းယှဉ်ပါက ဒေါ်လာစျေးသည် သုံးလအတွင်း ကိုးရာခိုင်နှုန်း ဝန်းကျင်၊ ခြောက်လအတွင်း ၁၁ ရာ ခိုင်နှုန်းကျော်အထိ ကျဆင်းခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ခြောက်လအတွင်း အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ဒေါ်လာစျေးအညွှန်း ကိန်းများမှာ စက်တင်ဘာတွင် ၉၉ ဒသမ ၂၈ ပွိုင့်၊ အောက်တိုဘာတွင် ၉၉ ဒသမ ၂၉ ပွိုင့်၊ နိုဝင်ဘာတွင် ၉၈ ဒသမ ၄၃ ပွိုင့်၊ ဒီဇင် ဘာတွင် ၉၈ ဒသမ ၂၉ ပွိုင့်၊ ဇန်နဝါရီတွင် ၉၈ ဒသမ ၀၀၇ ပွိုင့်၊ ဖေဖော်ဝါရီတွင် ၉၉ ဒသမ ၈၁၂ ပွိုင့် ဖြစ်သည်။

ပြည်တွင်းစျေးကွက်တွင် နိုင်ငံခြားငွေ လဲနှုန်း ၂၀၁၈ ခုနှစ် ဇွန်လမှစတင်ကာ သိသိ သာသာမြင့်တက်ခဲ့ရာ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် တစ်ဒေါ်လာ ၁၄၃၈ ကျပ်စံချိန်ကို ၂၀၁၈ ခုနှစ် ဇူလိုင် ၃၀ ရက်တွင် ကျပ် ၁၄၄၀ ဖြင့် ချိုးခဲ့ပြီး သြဂုတ် ၁၆ ရက်တွင် ကျပ် ၁၅၇၀ ဖြင့် စံချိန်တင်ထား ကာ စက်တင်ဘာ ၁၈ ရက်တွင် ၁၅၈၅ ကျပ်၊ စက်တင်ဘာ ၁၉ ရက်တွင်  ၁၆၂၂ ကျပ်၊ စက် တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၆၅၀ ဖြင့် အမြင့် ဆုံး စံချိန်ထပ်တင်ခဲ့သည်။ ဒေါ်လာစျေးသည် ၂၀၁၈ ခုနှစ် သြဂုတ် ၂၀ ရက်တွင် ကျပ် ၁၄၈၀ အထိကျဆင်းခဲ့သော်လည်း တစ်လ အတွင်း ဆက်တိုက်မြင့်တက်ခဲ့ရာ စက်တင် ဘာ ၂၀ ရက်တွင် ကျပ် ၁၆၅၀ အထိ အမြင့် ဆုံး စံချိန်တင်ခဲ့ခြင်းဖြစ်သည်။         

ထိုနောက် ၂၀၁၈ ခုနှစ် အောက်တို ဘာ ၃ ရက်တွင် ၁၅၁၅ ကျပ်အထိ ပြန်ကျခဲ့ သော်လည်း အောက်တိုဘာ ၁၀ ရက်တွင် ကျပ် ၁၅၉၀၊ အောက်တိုဘာ ၁၁ ရက်တွင် ကျပ် ၁၆၀၀ အထိပြန်လည်မြင့်တက်ခဲ့သည်။ ဒီဇင်ဘာ ၄ ရက်တွင် ကျပ် ၁၅၁၀ ဝန်းကျင် အထိ ကျဆင်းခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက်တွင် ၁၅၇၇ ကျပ်အထိပြန်တက်ခဲ့သည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ကျပ် ၁၅၄၀၊ ဇန်နဝါရီ ၁၅ ရက်တွင် ၁၅၁၅ ကျပ်အထိ၊ ဖေဖော်ဝါရီ ၂၈ ရက်တွင် ၁၅၀၃ ကျပ်အထိ ကျဆင်းခဲ့သည်။ မတ် ၁၈ ရက်တွင်  ၁၅၂၇ ကျပ်အထိ မေ ၁၄ ရက်တွင် ၁၅၃၈ ကျပ်အထိ ပြန်တက်ခဲ့ပြီး ဇွန်  ၁ ရက်တွင် ၁၅၂၉ ကျပ် ဝန်းကျင်ရှိခဲ့သည်။ သြဂုတ် ၂၆ ရက်တွင် ၁၅၁၄ ကျပ်ဝန်းကျင်ဖြစ်ပေါ်ခဲ့ပြီး စက်တင် ဘာ ၆ ရက်တွင် ၁၅၆၅ ကျပ်အထိ မြင့်တက် ခဲ့ကာ ဒီဇင်ဘာ ၂၅ ရက်မှစတင်ဘာ တစ်ဒေါ် လာ ကျပ် ၁၅၀၀ အောက်ကျဆင်းခဲ့ကြောင်း သိရသည်။

ပြည်တွင်းစျေးကွက်၌ တစ်နှစ်အတွင်း အတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြား ငွေလဲနှုန်းအနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ၂၀၁၉ ခုနှစ် မတ်တွင် ၁၅၀၈ -၁၅၂၇ ကျပ်၊ ဧပြီတွင် ၁၅၀၄-၁၅၂၅ ကျပ်၊ မေတွင် ၁၅၁၆-၁၅၃၈ ကျပ်၊ ဇွန်တွင် ၁၅၁၇-၁၅၂၉ ကျပ်၊ ဇူလိုင်တွင် ၁၅၀၈-၁၅၁၇ ကျပ်၊ သြဂုတ်တွင် ၁၅၁၀-၁၅၂၆ ကျပ်၊ စက်တင်ဘာတွင် ၁၅၂၇-၁၅၆၅ ကျပ်၊ အောက်တိုဘာတွင် ၁၅၂၈-၁၅၃၇ ကျပ်၊ နိုဝင်ဘာတွင် ၁၅၁၀-၁၅၂၄ ကျပ်၊ ဒီဇင်ဘာတွင် ၁၄၈၅-၁၅၁၃ ကျပ်၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ၁၄၆၅-၁၄၉၃ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၄၃၆-၁၄၆၅ ကျပ်တို့ဖြစ်သည်။

 

 

Most Read

Most Recent