ဆယ်တီယန်၏ လက်ထောက်နည်းပြ ဆာရာဘီယာကြောင့် ဘာစီလိုနာကစားသမားများ မပျော်မရွှင်ဖြစ်နေ

ဆယ်တီယန်၏ လက်ထောက်နည်းပြ ဆာရာဘီယာကြောင့် ဘာစီလိုနာကစားသမားများ မပျော်မရွှင်ဖြစ်နေ
Photos: Getty Images
Photos: Getty Images
Published 4 March 2020

အသက် (၃၉)နှစ်အရွယ်ရှိ ဆာရာဘီယာသည် မတ်လ (၁)ရက်က ကစားခဲ့သည့် လာလီဂါပွဲစဉ် ရီးယဲလ်မက်ဒရစ် (၂-၀) ဘာစီလိုနာပွဲတွင် ဘာစီလိုနာကစားသမားများ၏ စွမ်းဆောင်ရည်ကို မကျေနပ်သဖြင့် အော်ဟစ်ဆဲဆိုခဲ့သည့် ဗီဒီယိုဖိုင်မှာ လူမှုကွန်ရက်များတွင် ပျံ့နှံ့နေသည်။

 

ဘာစီလိုနာအသင်းကစားသမားများသည် အသင်းနည်းပြ ဆယ်တီယန်၏ လက်ထောက်နည်းပြဖြစ်သူ အီဒါဆာရာဘီယာကြောင့် မပျော်မရွှင်ဖြစ်နေသည်ဟု စပိန်မီဒီယာများက ဖော်ပြခဲ့သည်။ 

အသက် (၃၉)နှစ်အရွယ်ရှိ ဆာရာဘီယာသည် မတ်လ (၁)ရက်က ကစားခဲ့သည့် လာလီဂါပွဲစဉ် ရီးယဲလ်မက်ဒရစ် (၂-၀) ဘာစီလိုနာပွဲတွင် ဘာစီလိုနာကစားသမားများ၏ စွမ်းဆောင်ရည်ကို မကျေနပ်သဖြင့် အော်ဟစ်ဆဲဆိုခဲ့သည့် ဗီဒီယိုဖိုင်မှာ လူမှုကွန်ရက်များတွင် ပျံ့နှံ့နေသည်။ ဘာစီလိုနာကစားသမားများသည် ဆာရာဘီယာ၏ အပြုအမူနှင့် ကြမ်းတမ်းစွာပြောဆိုမှုများကို စိတ်ပျက်နေကာ မပျော်မရွှင်ဖြစ်နေကြောင်း စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့သည်။ 

လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ဗီဒီယိုဖိုင်များတွင် ဆာရာဘီယာသည် El Clásico ပွဲစဉ်မှ ဘာစီလိုနာကစားသမား၏ စွမ်းဆောင်မှုကို အားမရသဖြင့် ဒေါသတကြီးအော်ဟစ်မှုများ ပြုလုပ်ခဲ့သလို၊ ကြမ်းတမ်းသည့်စကားလုံးများကိုလည်း ထပ်နေအောင် သုံးစွဲခဲ့ကြောင်း သိရသည်။ ဆာရာဘီယာ၏ လုပ်ရပ်ကို ထောက်ခံသူအချို့ရှိခဲ့သော်လည်း ပရိသတ်အများစုက ၎င်း၏လုပ်ရပ်ကို ဝေဖန်ခဲ့ကြကြောင်း သိရသည်။

 

Most Read

Most Recent