ဂွါဒီယိုလာ၏ ဆုဖလားအရေအတွက်မှာ (၂၉)လုံးအထိ ရှိလာခဲ့ပြီး ပျမ်းမျှ (၂၃)ပွဲကစားတိုင်း ဖလားတစ်လုံးရရှိနေ

ဂွါဒီယိုလာ၏ ဆုဖလားအရေအတွက်မှာ (၂၉)လုံးအထိ ရှိလာခဲ့ပြီး ပျမ်းမျှ (၂၃)ပွဲကစားတိုင်း ဖလားတစ်လုံးရရှိနေ
Published 3 March 2020

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာသည် Carabao Cup ပြိုင်ပွဲတွင်  အက်စတွန်ဗီလာအသင်းကိုအနိုင်ရကာ ဗိုလ်စွဲခဲ့ပြီးနောက် နည်းပြသက်တမ်းတစ်လျှောက် ဆုဖလားအရေအ တွက်မှာ (၂၉)လုံးအထိရှိလာခဲ့ပြီး သူကိုင်တွယ်ခဲ့သည့် ပွဲအရေအတွက်နှင့် နှိုင်းယှဉ်ပါက (၂၃)ပွဲကစားပြီးတိုင်း ဖလားတစ်လုံးရရှိနေသည့် သဘောမျိုးဖြစ်ကြောင်း သိရှိရသည်။ 

ဂွါဒီယိုလာသည် နည်းပြဘဝတွင် ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နှင့် မန်စီးတီးအသင်း (၃)သင်းကိုသာ ကိုင်တွယ်ခဲ့ဖူးပြီး နှစ်စဉ်နီးပါး အနည်းဆုံးဖလားတစ်လုံးကို ရယူနိုင်ခဲ့သည့် နည်းပြလည်းဖြစ်သည်။ 

ဘာစီလိုနာအသင်းနည်းပြဘဝတွင် အအောင်မြင်ဆုံးဖြစ်ခဲ့ပြီး ချန်ပီယံလိဂ်ဖလား (၂)လုံးကိုလည်း ဘာစီလိုနာအသင်းနှင့်အတူ ရရှိခဲ့ခြင်းဖြစ်သည်။

ထို့ပြင် သူသည် ဖလားပွဲဗိုလ်လုပွဲများတွင် အလွန်ကောင်းမွန်သည့်ရလဒ်ကို ပိုင်ဆိုင်ထားပြီး ဗိုလ်လုပွဲတက်သည့် အကြိမ်တိုင်းနီးပါး အောင်မြင်မှုကိုရယူနိုင်ခဲ့သည်။ 

သူ၏နည်းပြဘဝ၌ ဗိုလ်လုပွဲတွင် ဖလားလက်လွှတ်ခဲ့ရသည့် အကြိမ်အရေအတွက်မှာ ၂၀၁၁ ခုနှစ်က ဗလင်စီယာအသင်း၏ မက်စ်တဲလားကွင်းတွင် ကစားခဲ့သည့် စပိန်ဘုရင့်ဖလားဗိုလ်လု ပွဲတစ်ပွဲသာရှိခဲ့ဖူးပြီး ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ မော်ရင်ဟိုကို ရှုံး နိမ့်ခဲ့ခြင်းဖြစ်သည်။ 

ဂွါဒီယိုလာသည် ဘာစီလိုနာအသင်းတွင် ဆုဖလားစုစုပေါင်း (၁၄)လုံး၊ ဘိုင်ယန်မြူးနစ်အသင်းတွင် ဆုဖလား (၇)လုံးနှင့် ယခု မန်စီးတီးအသင်းတွင် ဆုဖလား (၈) လုံး ရယူထားသည်။ 

Three Club World Cups

Two Champions Leagues

Three UEFA Super Cups

Three La Liga titles

Two Copa del Reys

Three Spanish Super Cups

Three Bundesliga titles

Two German Cups

Two Premier League titles

Two Community Shields

One FA Cup

Three League Cups

Most Read

Most Recent