စပါးကစားသမားများသည် ဝုလ်ဗ်အသင်းအပေါ် ရန်လိုစိတ်၊ ချေမှုန်းလိုသည့်စိတ်များမရှိဘဲ သဘောကောင်းလွန်းနေခဲ့သည်ဟု မော်ရင်ဟို ဝေဖန်

စပါးကစားသမားများသည် ဝုလ်ဗ်အသင်းအပေါ် ရန်လိုစိတ်၊ ချေမှုန်းလိုသည့်စိတ်များမရှိဘဲ သဘောကောင်းလွန်းနေခဲ့သည်ဟု မော်ရင်ဟို ဝေဖန်
Published 3 March 2020

 

စပါးအသင်း၏ နည်းပြဖြစ်သူ မော်ရင်ဟိုက ဝုလ်ဗ်အသင်းကို အိမ်ကွင်းတွင် ရှုံးနိမ့်ခဲ့သည့်ပွဲစဉ်၌ မိမိအသင်း၏ ကစားသမားများသည် ပြိုင်ဘက်အသင်းအပေါ် ရန်လိုစိတ်၊ ချေ မှုန်းလိုစိတ်များမရှိဘဲ အလွန်သဘောကောင်းလွန်းနေခဲ့သည်ဟု ဝေဖန်ပြော ကြားခဲ့သည်။ 

စပါးအသင်းသည် ယင်းပွဲတွင် (၂)ကြိမ်တိုင်တိုင် ဦးဆောင်ဂိုးရခဲ့သော်လည်း ချေပဂိုးများ ပြန်ပေးရသည့်အပြင် နောက်ဆုံးတွင် ဝုလ်ဗ်အသင်းက အနို်င်ဂိုးကို ရရှိသွားခဲ့ခြင်း ဖြစ်သည်။ 

ယင်းအတွက်ကြောင့် စပါးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၂)ပွဲဆက်တိုက်ရှုံးပွဲတွေ့ခဲ့သည့်အပြင် အမှတ်ပေးဇယားတွင်လည်း အဆင့် (၇)နေရာအထိ ကျဆင်းသွားခဲ့သည်။ 

အဆင့် (၄)နေရာမှ ချယ်လ်ဆီးအသင်းနှင့် (၅)မှတ်အထိ ကွာဟသွားခဲ့ခြင်းကြောင့်လည်း လာမည့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိုးရိမ်စရာအနေအထား ဖြစ်လာခဲ့သည်။

မော်ရင်ဟိုက ပွဲအပြီးတွင် ''ကျွန်တော်တို့က အပြစ်ပေးခံခဲ့ရတာပဲ။ ဒီပွဲမှာ ပေးလိုက်ရတဲ့ ဒုတိယဂိုးနဲ့ တတိယဂိုးတွေအတွက်တင်မဟုတ်ဘဲ ပွဲချိန်တစ်လျှောက်လုံးမှာ ကျွန်တော့်အ သင်းဟာ ရန်လိုစိတ်နဲ့ ပြိုင်ဘက်ကို ချေမှုန်းလိုစိတ်တွေ မရှိခဲ့ဘူး။ ကျွန်တော့်အထင်တော့ ကျွန်တော့်ကစားသမားတွေဟာ အရမ်းကို သဘောကောင်းလွန်း၊ ချိုသာလွန်းနေတယ်။ ဒီပွဲမှာ အဓိကခြားနားသွားတာ အဲဒီအချက်ပါပဲ။ ဥပမာပြောရရင် ပွဲအစမှာပဲ ရူဘင်နေးဗက်စ်ဟာ လူးကပ်စ်မော်ရာကို လူချကစားခဲ့တယ်။ အဲဒါ တန်ပြန်တိုက်စစ်အနေအထားပါ။ နောက်ဆုံးမိနစ်မှာလည်း ဒန်ဒွန်ကာက ဒီလိုလုပ်ခဲ့ပြီး အဝါကတ် အပြခံရတယ်။ ဒါဟာ လုပ်သင့်တဲ့အလုပ်တွေပါ''ဟု ပြောကြားခဲ့သည်။ 

 

Most Read

Most Recent