ဂျပန်-အာဆီယံ ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲ တတိယလုပွဲတွင် မြန်မာအသင်း လာအိုကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရ

ဂျပန်-အာဆီယံ ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲ တတိယလုပွဲတွင် မြန်မာအသင်း လာအိုကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရ
Photos: MFF,Ko Ye Facebook
Photos: MFF,Ko Ye Facebook
Published 1 March 2020

မြန်မာအသင်းသည် ပွဲချိန်အတွင်း ဦးဆောင်ဂိုးပေးခဲ့ရသော်လည်း  ရန်နိုင်လင်းက ချေပဂိုးပြန်လည်သွင်းယူခဲ့သည်။ ပယ်နယ်တီဖြင့် ဆုံးဖြတ်ရာတွင် လွင်ဇော်မောင်၊ သက်ဟိန်းစိုးနှင့် ညီညီတို့ ဂိုးဝင်အောင် သွင်းယူနိုင်ခဲ့သောကြောင့် (၃-၂) ဂိုး ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ 

 

ဂျပန်-အာဆီယံ ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲ နောက်ဆုံးနေ့ကို ဖေဖော်ဝါရီ ၂၉ ရက်က ဆက်လက်ကျင်းပရာ မြန်မာအသင်းသည် တတိယနေရာလုပွဲတွင် လာအိုအသင်းကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရပြီး တတိယနေရာရရှိခဲ့ကြောင်း သိရသည်။

မြန်မာအသင်းနှင့် လာအိုအသင်းသည် ပွဲချိန်အတွင်း တစ်ဂိုးစီသရေကျနေသောကြောင့် ပယ်နယ်တီဖြင့်ဆုံးဖြတ်ရာ မြန်မာအသင်းက (၃-၂) ဂိုး၊ စုစုပေါင်း (၄-၃) ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ပွဲချိန်အတွင်း ဦးဆောင်ဂိုးပေးခဲ့ရသော်လည်း  ရန်နိုင်လင်းက ချေပဂိုးပြန်လည်သွင်းယူခဲ့သည်။ ပယ်နယ်တီဖြင့် ဆုံးဖြတ်ရာတွင် လွင်ဇော်မောင်၊ သက်ဟိန်းစိုးနှင့် ညီညီတို့ ဂိုးဝင်အောင် သွင်းယူနိုင်ခဲ့သောကြောင့် (၃-၂) ဂိုး ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ 

ဗိုလ်လုပွဲတွင် အိမ်ရှင်ဂျပန်အသင်းက တီမောအသင်းကို (၇-၀) ဂိုးဖြင့် အနိုင်ရပြီး အဆင့် ၅ နေရာလုပွဲ တွင် ကမ္ဘောဒီးယားနှင့် မလေးရှားအသင်းတို့ ပွဲချိန်အတွင်း ဂိုးမရှိသရေကျနေသောကြောင့် ပယ်နယ်တီဖြင့်ဆုံးဖြတ်ရာ ကမ္ဘောဒီးယား အသင်းက (၅-၃) ဂိုးဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။ 

မြန်မာအသင်းသည် ယင်းပြိုင်ပွဲ၏အုပ်စု (ခ) တွင် ပါဝင်ခဲ့ပြီး ဂျပန်ကလပ် ကာဂိုရှီမာယူနိုက်တက် ယူ-၁၈ အသင်းနှင့် တီမောအသင်းကို အနိုင်ရကာ ကမ္ဘောဒီးယားအသင်း ကို အရေးနိမ့်ခဲ့သောကြောင့် အုပ်စုဒုတိယ နေရာသာရပြီး တတိယလုပွဲကစားရခြင်းဖြစ်သည်။ မြန်မာအသင်းသည် ယခုပြိုင်ပွဲတွင် ကစားသမားသစ်များစွာအသုံးပြုခဲ့ပြီး တတိယနေရာသာရသော်လည်း အကျိုးရှိသည့်ပြိုင်ပွဲ ဖြစ်ခဲ့သည်။

 

Most Read

Most Recent