မန်ယူအသင်း၏ ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူးဟောင်း ဒီယေဂိုဖော်လန် ပရိုတင်းနစ်ပြိုင်ပွဲ ပွဲဦးထွက်ယှဉ်ပြိုင်မည်

မန်ယူအသင်း၏ ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူးဟောင်း ဒီယေဂိုဖော်လန် ပရိုတင်းနစ်ပြိုင်ပွဲ ပွဲဦးထွက်ယှဉ်ပြိုင်မည်
Photo: The New York Times
Photo: The New York Times
Published 26 October 2024

 

မန်ယူနှင့် ဥရုဂွေးလက်ရွေးစင် တိုက်စစ်မှူးဟောင်း ဒီယေဂိုဖော်လန်သည် လာမည့်လတွင် ဥရုဂွေးနိုင်ငံ၌ ကျင်းပမည့် ATP ပြိုင်ပွဲ အမျိုးသား နှစ်ယောက်တွဲပွဲစဉ်တွင် ပါဝင်ကစားပြီး ပရော်ဖက်ရှင်နယ်တင်းနစ် ပွဲဦးထွက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၉ ခုနှစ်တွင် ဘောလုံးသမားဘဝမှ အနားယူခဲ့သူ ဖော်လန်(၄၅ နှစ်)သည် မွန်တီဗီဒီယိုမြို့၌  ကျင်းပမည့် ဥရုဂွေးအိုးပင်းတင်းနစ်ပြိုင်ပွဲတွင် အာဂျင်တီးနားတင်းနစ်သမား ဖက်ဒရီကိုကော်ရီယာနှင့်တွဲကာ ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ 

ဖော်လန် သည် ဆယ်ကျော်သက်ဘဝက တင်းနစ်ကစားရာတွင် အလားအလာရှိသူတစ်ဦးဖြစ်ခဲ့ပြီး ITF Masters တင်းနစ်ပြိုင်ပွဲများ၌ ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးကာ လတ်တလောတွင် အသက်(၄၅)နှင့်အထက် ပြိုင်ပွဲအမျိုးအစားတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။ 

ဥရုဂွေးအိုးပင်းပြိုင်ပွဲသည် ATP အောက်၌ ရှိသော်လည်း ဒုတိယတန်းအဆင့် Challenger Tour တွင်သာ စာရင်းသွင်းခံထားရခြင်းလည်း ဖြစ်သည်။ ဖော်လန်အနေဖြင့် ယင်းပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရရန်အတွက် Wildcard ရရှိရန် လိုအပ်ကြောင်းလည်း သိရသည်။ 

ဖော်လန်နှင့် တွဲကစားမည့် ကော်ရီယာသည် တစ်ဦးချင်း ကမ္ဘာ့အဆင့်သတ်မှတ်ချက် အဆင့်(၁၀၁) နေရာတွင် ရပ်တည်နေသူဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်းက ကစားသမားဘဝ အမြင့်ဆုံးကမ္ဘာ့အဆင့်အဖြစ် အဆင့်(၄၉)သို့ တက်လှမ်းခဲ့ဖူးသည်။

Most Read

Most Recent