ပရီးမီးယားလိဂ်၊ စီးရီးအေနှင့် လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်၊ စီးရီးအေနှင့် လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Premier League
Photo: Premier League
Published 30 September 2024

ဘုန်းမောက် နှင့် ဆောက်သမ်တန် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၃၀ နာရီ)

ဘုန်းမောက်က ခြေစွမ်းမဆိုးပေမဲ့ ရလဒ်ကတော့ သိပ်မကောင်းဘူး။ နောက်ဆုံး ၂ ပွဲဆက်အရှုံးကနေ ပြန်လာနိုင်အောင် ကြိုးစားရမှာဖြစ်တယ်။ ဆောက်သမ်တန်ကလည်း ရမှတ် ၁ မှတ်နဲ့ အဆင့် ၁၉ ကိုရောက်နေတယ်။ ဒီပွဲက ဂိုးနည်းနိုင်တဲ့ ပွဲဖြစ်သလို၊ နှစ်သင်းစလုံး ဂိုးလည်း ရနိုင်တာကြောင့် ၁-၁ ဆိုတဲ့ ရလဒ်ကို ဦးတည်နေတယ်။ နိုင်မယ်ဆိုရင်တော့ ဘုန်းမောက် ၂-၁ လောက်ဖြစ်ဖို့များတယ်။ 

ပါးမား နှင့် ကာဂလီယာရီ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၁၅ နာရီ)

ပါးမားက အသင်းကောင်းတစ်သင်းဖြစ်ပေမဲ့ နောက်ဆုံး (၃)ပွဲဆက် နိုင်ပွဲပျောက်ခဲ့တယ်။ ကာဂလီယာရီက သွင်းဂိုးတွေအတွက် ရုန်းကန်နေရတဲ့အသင်းပါ။ အိမ်ကွင်းမှာ ပါးမားအသင်း နိုင်ပွဲပြန်ယူလိမ့်မယ်။

ဗီလာရီးယဲလ် နှင့် လက်စ်ပါမားစ် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၃၀ နာရီ)

လက်ရှိဗီလာရီးယဲလ်ရဲ့ ကစားအားနဲ့ တိုက်စစ်အစွမ်းကို လက်စ်ပါမားစ်တို့အဝေးကွင်းမှာ တောင့်ခံဖို့ခက်ပါလိမ့်မယ်။ ပြီးခဲ့တဲ့ပွဲစဉ် (၆)မှာ ဘာစီလိုနာကို ဂိုးပြတ်အရေးနိမ့်ထားတဲ့ ဗီလာရီးယဲလ်တို့ အခုအိမ်ကွင်းပွဲမှာ သိက္ခာပြန်ဆယ်နိုင်ဖို့ကြိုးစားမှာပါ။ ဗီလာရီးယဲလ်ပဲ ရွေးထားချင်တယ်။

Most Read

Most Recent