အလိုအရှိဆုံး

အလိုအရှိဆုံး
Photos: AFP
Photos: AFP
Published 30 October 2024
Wai Yan Aung

လီဝန်ဒေါစကီးနဲ့ ဟာရီကိန်းတို့လိုကစားသမားတွေကတော့ ခေတ်ကာလအပြောင်းအလဲတွေကြားမှာ တိုက်စစ်မှူးစစ်စစ်အဖြစ် မှတ်ကျောက်တင်ခံပြီး ဖြတ်သန်းနိုင်ခဲ့သူတွေပါ။ သူတို့က ဘောလုံးလောကရဲ့ အကောင်းဆုံးတိုက်စစ်မှူးတွေအကြောင်း ​ပြောတဲ့အခါမှာ ချန်လှပ်ထားလို့မရတဲ့သူတွေ ဖြစ်သလို၊ လက်ရှိခေတ်ကာလရဲ့ အကောင်းဆုံးတိုက်စစ်မှူးတွေကို စာရင်းပြုစုမယ်ဆိုရင်လည်း ထိပ်ဆုံးမှာ ရပ်တည်နိုင်မယ့်သူတွေပါ။ ဟာရီကိန်းက သူ့ရဲ့ ဆုဖလားကံခေမှုကို ဘိုင်ယန်မြူးနစ်မှာလည်း အဆုံးမသတ်နိုင်သေးပေမဲ့ သူ့ရဲ့ ဂိုးသွင်းစွမ်းရည်ကတော့ ဂျာမန်မြေမှာ ပိုလို့တောင် ထက်မြက်နေပါသေးတယ်။ လီဝန်ဒေါစကီးကလည်း စပိန်မြေမှာ အကောင်းဆုံးအဆုံးသတ်စွမ်းရည်ကို ပြသနေပါတယ်။ ရီးယဲလ်အသင်းကို No.9 အသစ် ဘာပေလည်း ရောက်ရှိလာတာကြောင့် ဒီရာသီ လာလီဂါပြိုင်ပွဲကတော့ အကောင်းဆုံးတိုက်စစ်မှူးနှစ်ယောက်ရဲ့ အားပြိုင်ပွဲလိုလည်း ဖြစ်နေပါတယ်။ ထိပ်သီးလိဂ်တွေကို အကြမ်းဖျင်းခြုံကြည့်လိုက်ရင်တော့ အရည်အသွေးမြင့် တိုက်စစ်မှူးစစ်စစ် ပိုင်ဆိုင်ထားတဲ့အသင်းတွေက အားသာချက်ပိုရှိနေတာ မြင်တွေ့ရပါတယ်။