လာလီဂါပွဲစဉ်(၂၆) ပွဲကြိုသုံးသပ်ချက်

လာလီဂါပွဲစဉ်(၂၆) ပွဲကြိုသုံးသပ်ချက်
Photos : Valencia, Alaves
Photos : Valencia, Alaves
Published 29 February 2020

အီဘာ နှင့် လီဗန်တေး (စနေညနေ ၆း၃၀ နာရီ)

တန်းဆင်းအန္တရာယ်နဲ့နီးလာတဲ့ အီဘာရဲ့ အိမ်ကွင်းရုန်းအားကို သတိထားရမယ်။ လီဗန်တေးကလည်း အဝေးကွင်းကစားပုံ အားရစရာသိပ်မရှိလှဘူး။ ဒါပေမဲ့ အဝေးကွင်းမှာ အတတ်နိုင်ဆုံး ထိန်းကစားနိုင်ပုံက အီဘာတိုက်စစ်ကို အခက်တွေ့စေဦးမှာ သေချာပါတယ်။ ဂိုးနည်းသရေပွဲလို့ပဲ မှန်းထားချင်တယ်။

ဗလင်စီယာ နှင့် ဘက်တစ် (စနေည ၉း၃၀ နာရီ)

အဝေးကွင်းမှာ မရှုမလှအရှုံးတွေနဲ့ ရင်ဆိုင်နေရပေမယ့် ဗလင်စီယာဟာ အိမ်ကွင်းမှာတော့ မာကျောတဲ့ခြေစွမ်းမျိုးထုတ်ပြနေဆဲပါပဲ။ လက်ရှိရလဒ်ဆိုးတွေကြောင့်လည်း ဗလင်စီယာတို့ အိမ်ကွင်းမှာ ပြန်လည်နိုးထဖို့ ကြိုးစားမှာသေချာပါတယ်။ ဒါပေမဲ့ အခုတလော ခံစစ်ပိုင်းပျက်နေပုံနဲ့တော့ ဂိုးရအောင်ကစားတတ်တဲ့ ဘက်တစ်တိုက်စစ်ကို အခွင့်အရေးပေးထားသလိုဖြစ်နေတယ်။ ဗလင်စီယာအတွက် အားသာချက်က ဘက်တစ်ကလည်း အဝေးကွင်းသိပ်မစွံလှတဲ့အပြင် ခံစစ်ညံ့တဲ့အသင်းဖြစ်လို့ အိမ်ကွင်းမှာ ဗလင်စီယာပဲ နိုင်ပွဲယူပါလိမ့်မယ်။ ဂိုးများမယ်။

လီဟာနက်စ် နှင့် အလာဗတ်စ် (စနေည ၁၂းဝ၀ နာရီ)

တန်းမဆင်းရရေးအတွက် လီဟာနက်စ်တို့ အိမ်ကွင်းအားနဲ့ ရုန်းနေတာတွေ့ရတယ်။ အိမ်ကွင်းနောက်ဆုံး (၂)ပွဲမှာ ဆိုစီဒက်ကို နိုင်၊ ဘက်တစ်နဲ့ သရေကျထားတဲ့ လီဟာနက်စ်ရဲ့ကစားပုံနဲ့ဆို အလာဗတ်စ်ကိုလည်း ဖိအားပေးနိုင်မှာသေချာတယ်။ ဒါပေမဲ့ အလာဗတ်စ်ကလည်း အဝေးကွင်းကစားအား မဆိုးလှတဲ့ အသင်းဖြစ်ပြီး အဝေးကွင်းမှာ ခံစစ်အားပြုကစားလို့ လီဟာ နက်စ်အတွက် ခက်ခဲဦးမှာပါ။ ဂိုးနည်းသရေပွဲလို့ပဲ ထင်တယ်။

ဂရန်နာဒါ နှင့် ဆယ်လ်တာဗီဂို (တနင်္ဂနွေနံနက် ၂း၃၀ နာရီ)

ဂရန်နာဒါ အခုနောက်ပိုင်း ခြေတက်လာသလိုပဲ။ နောက်ဆုံး (၂)ပွဲဆက် နိုင်ပွဲရထားသလို ဂိုးသွင်းအားလည်းကောင်းနေတယ်။ ဆယ်လ်တာဗီဂိုကလည်း တန်းဆင်းအန္တရာယ်နဲ့လွတ်အောင်ရုန်းနေပြီး ခြေစွမ်းပိုင်း တက်ရိပ်ပြန်ပြနေတယ်။ ဒါပေမဲ့ တိုက်စစ်အားနည်းပုံနဲ့တော့ ခြေစွာနေတဲ့ ဂရန်နာဒါရဲ့အိမ်ကွင်းအားကို ကျော်ဖြတ်ဖို့မလွယ်ပါဘူး။ ဂရန်နာဒါနဲ့ ဂိုးအများပါပဲ။

Most Read

Most Recent