၂၀၁၈ ခုနှစ် ဇူလိုင်လနောက်ပိုင်း အနိမ့်ဆုံးနှုန်းအဖြစ် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၄၃၆ ကျပ်ဝန်းကျင်အထိ ကျဆင်းခဲ့ပြီး ကျပ်ငွေတန်ဖိုး ခြောက်လအတွင်း ရှစ်ရာခိုင်နှုန်းကျော်ပြန်တက်

၂၀၁၈ ခုနှစ် ဇူလိုင်လနောက်ပိုင်း အနိမ့်ဆုံးနှုန်းအဖြစ် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၄၃၆ ကျပ်ဝန်းကျင်အထိ ကျဆင်းခဲ့ပြီး ကျပ်ငွေတန်ဖိုး ခြောက်လအတွင်း ရှစ်ရာခိုင်နှုန်းကျော်ပြန်တက်
ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ငွေလဲကောင်တာအချို့အား တွေ့ရစဉ်
ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ငွေလဲကောင်တာအချို့အား တွေ့ရစဉ်
Published 29 February 2020

၂၀၁၈ ခုနှစ် ဇူလိုင်လနောက်ပိုင်း အနိမ့် ဆုံးနှုန်းအဖြစ် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ် လာ ၁၄၃၆ ကျပ်ဝန်းကျင်အထိ ကျဆင်းခဲ့ပြီး ကျပ်ငွေတန်ဖိုး ခြောက်လအတွင်း ရှစ်ရာခိုင် နှုန်းကျော်ပြန်တက်ခဲ့ကြောင်း နိုင်ငံခြားငွေ ကြေးရောင်းဝယ်သူများထံမှ သိရသည်။

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၈ ရက် တွင် ကမ္ဘာ့ဒေါ်လာစျေးအညွှန်းကိန်း ၉၈ ပွိုင့်အထက်ရှိပြီး  ပြည်တွင်းစျေးကွက်၌ နိုင်ငံ ခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၄၃၆ ကျပ်  ဝန်းကျင်အထိ ဆက်လက်ကျဆင်းခဲ့သည်။

ပြီးခဲ့သည့်ခြောက်လအတွင်း အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ဒေါ်လာစျေးအညွှန်း ကိန်းများမှာ သြဂုတ်တွင် ၉၈ ဒသမ ၉၅ ပွိုင့်၊ စက်တင်ဘာတွင် ၉၉ ဒသမ ၂၈ ပွိုင့်၊ အောက် တိုဘာတွင် ၉၉ ဒသမ ၂၉ ပွိုင့်၊ နိုဝင်ဘာတွင် ၉၈ ဒသမ ၄၃ ပွိုင့်၊ ဒီဇင်ဘာတွင် ၉၈ ဒသမ ၂၉ ပွိုင့်၊ ဇန်နဝါရီတွင် ၉၈ ဒသမ ၀၀၇ ပွိုင့် ဖြစ်သည်။

ပြည်တွင်းစျေးကွက်တွင် နိုင်ငံခြားငွေ လဲနှုန်း ၂၀၁၈ ခုနှစ် ဇွန်လမှစတင်ကာ သိသိ သာသာမြင့်တက်ခဲ့ရာ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် တစ်ဒေါ်လာ ၁၄၃၈ ကျပ်စံချိန်ကို ၂၀၁၈ ခုနှစ် ဇူလိုင် ၃၀ ရက်တွင် ကျပ် ၁၄၄၀ ဖြင့် ချိုးခဲ့ပြီး သြဂုတ် ၁၆ ရက်တွင် ကျပ် ၁၅၇၀ ဖြင့် စံချိန်တင်ထား ကာ စက်တင်ဘာ ၁၈ ရက်တွင် ၁၅၈၅ ကျပ်၊ စက်တင်ဘာ ၁၉ ရက်တွင်  ၁၆၂၂ ကျပ်၊ စက် တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၆၅၀ ဖြင့် အမြင့် ဆုံး စံချိန်ထပ်တင်ခဲ့သည်။ ဒေါ်လာစျေးသည် ၂၀၁၈ ခုနှစ် သြဂုတ် ၂၀ ရက်တွင် ကျပ် ၁၄၈၀ အထိကျဆင်းခဲ့သော်လည်း တစ်လအတွင်း ဆက်တိုက်မြင့်တက်ခဲ့ရာ စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၆၅၀ အထိ အမြင့်ဆုံး စံချိန် တင်ခဲ့ခြင်းဖြစ်သည်။        

ထို့နောက် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် ၁၅၁၅ ကျပ်အထိ ပြန်ကျခဲ့သော် လည်း အောက်တိုဘာ ၁၀ ရက်တွင် ကျပ် ၁၅၉၀၊ အောက်တိုဘာ ၁၁ ရက်တွင် ကျပ် ၁၆၀၀ အထိပြန်လည်မြင့်တက်ခဲ့သည်။ ဒီဇင် ဘာ ၄ ရက်တွင် ကျပ် ၁၅၁၀ ဝန်းကျင်အထိ ကျဆင်းခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက်တွင် ၁၅၇၇ ကျပ်အထိ ပြန်တက်ခဲ့သည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ကျပ် ၁၅၄၀၊ ဇန်နဝါရီ ၁၅ ရက်တွင် ၁၅၁၅ ကျပ်အထိ၊ ဖေဖော်ဝါရီ ၂၈ ရက်တွင် ၁၅၀၃ ကျပ်အထိ ကျဆင်းခဲ့ သည်။ မတ် ၁၈ ရက်တွင်  ၁၅၂၇ ကျပ်အထိ မေ ၁၄ ရက်တွင် ၁၅၃၈ ကျပ်အထိ ပြန်တက် ခဲ့ပြီး ဇွန်  ၁ ရက်တွင် ၁၅၂၉ ကျပ် ဝန်းကျင်ရှိခဲ့ သည်။ သြဂုတ် ၂၆ ရက်တွင် ၁၅၁၄ ကျပ်ဝန်း ကျင်ဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာ ၆ ရက်တွင် ၁၅၆၅ ကျပ်အထိ မြင့်တက်ခဲ့ကာ ဒီဇင်ဘာ ၂၅ ရက်မှစတင်ကာ တစ်ဒေါ်လာ ကျပ် ၁၅၀၀ အောက်ကျဆင်းခဲ့သည်။

ပြည်တွင်းစျေးကွက်၌ တစ်နှစ်အတွင်း အတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြား ငွေလဲနှုန်းအနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ၂၀၁၉ ခုနှစ် ဇန်နဝါရီတွင် ၁၅၁၄-၁၅၄၀ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၅၀၃-၁၅၂၉ ကျပ်၊ မတ်တွင် ၁၅၀၈ -၁၅၂၇ ကျပ်၊ ဧပြီတွင် ၁၅၀၄-၁၅၂၅ ကျပ်၊ မေတွင် ၁၅၁၆-၁၅၃၈ ကျပ်၊ ဇွန်တွင် ၁၅၁၇-၁၅၂၉ ကျပ်၊ ဇူလိုင်တွင် ၁၅၀၈-၁၅၁၇ ကျပ်၊ သြဂုတ်တွင် ၁၅၁၀-၁၅၂၆ ကျပ်၊ စက်တင်ဘာတွင် ၁၅၂၇-၁၅၆၅ ကျပ်၊ အောက်တိုဘာတွင် ၁၅၂၈-၁၅၃၇ ကျပ်၊ နိုဝင်ဘာတွင် ၁၅၁၀-၁၅၂၄ ကျပ်၊ ဒီဇင် ဘာတွင် ၁၄၈၅-၁၅၁၃ ကျပ်၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ၁၄၆၅-၁၄၉၃ ကျပ်တို့ဖြစ် သည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင်ဖြစ်ပေါ် သော အခြားနိုင်ငံခြားငွေကြေးများ၏ လဲ လှယ်မှုနှုန်းထားများမှာ ယူရို ၁၅၆၀ ကျပ်၊ စင်ကာပူဒေါ်လာ ၁၀၂၇ ကျပ်၊ မလေးရှား ရင်းဂစ် ၃၄၄ ကျပ်၊ ထိုင်းဘတ် ၄၅ ကျပ်၊ တရုတ်ယွမ် ၂၀၅ ကျပ်ဖြစ်သည်။

 

Most Read

Most Recent