ပရီးမီးယားလိဂ်တွင် အဆင့်(၄)အတွင်း ဝင်ရန် အလွန်ခက်ခဲမည်ဟု အာတီတာ ပြောကြား

ပရီးမီးယားလိဂ်တွင် အဆင့်(၄)အတွင်း ဝင်ရန် အလွန်ခက်ခဲမည်ဟု အာတီတာ ပြောကြား
Photo: Getty Images
Photo: Getty Images
Published 28 February 2020

အာဆင်နယ်အသင်းနည်းပြ အာတီတာက ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အဆင့် (၄)အတွင်း ဝင်ရန် မိမိတို့အသင်းအတွက် အလွန်ခက်ခဲမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

အာဆင်နယ်အသင်းနည်းပြ အာတီတာက ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အဆင့် (၄)အတွင်း ဝင်ရန် မိမိတို့အသင်းအတွက် အလွန်ခက်ခဲမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

အာဆင်နယ်အသင်းသည် ဖေဖော်ဝါရီ (၂၇)ရက်က ကစားခဲ့သည့် ယူရိုပါလိဂ်ရှုံးထွက် (၃၂)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်တွင် အိုလံပီယာကော့စ်အသင်းကို အိမ်ကွင်း၌ ရှုံးနိမ့်ပြီး ပြိုင်ပွဲမှထွက်ခွာခဲ့ရသည်။ 

အာဆင်နယ်အသင်းသည် ယူရိုပါလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့မည်ဆိုပါက လာမည့်ရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်ရရှိမည်ဖြစ်သော်လည်း ယခုအခါ ယင်းအခွင့်အရေးကိုပါ လက်လွှတ်ခဲ့ရပြီဖြစ်သည်။ 

အာတီတာက "လက်ရှိအခြေအနေတွေအရ ပရီးမီးယားလိဂ်မှာ အဆင့် (၄)အတွင်း ဝင်ဖို့ဆိုတာ ကျွန်တော်တို့အတွက် အရမ်းကို ခက်ခဲပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ နောက်ဆုံးအချိန်အထိ အစွမ်းကုန် ကြိုးစားသွားမှာပါ။ အခုအချိန်မှာ အရေးကြီးတာက အိုလံပီယာကော့စ်နဲ့ပွဲက အရှုံးကို တုံ့ပြန်နိုင်ဖို့ပါ။ ကျွန်တော့်အနေနဲ့ ကစားသမားတွေအပေါ် အပြည့်အဝ ယုံကြည်မှုရှိပြီး သူတို့အကောင်းဆုံးစွမ်းဆောင်နိုင်ဖို့ ကူညီပေးသွားမှာပါ"ဟု ပြောကြားခဲ့သည်။ 

အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၂၇) အပြီးတွင် ရမှတ် (၃၇)မှတ်ဖြင့် အဆင့် (၈)နေရာ၌ ရပ်တည်နေပြီး အမှတ်ပေးဇယားအဆင့် (၄)နေရာမှ ချယ်လ်ဆီးအသင်း (၄၄ မှတ်)နှင့် (၇)မှတ် ကွာဟနေသည်။ 

အာဆင်နယ်အသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ပါဝင်ကစားခွင့်ရခဲ့သည်မှာ ၂၀၁၆-၁၇ ရာသီက နောက်ဆုံးအကြိမ် ဖြစ်သည်။

 

Most Read

Most Recent