နိုင်ငံတော်သမ္မတရုံး၏ ၁/၂၀၁၇ ညွှန်ကြားချက်ကို လိုက်နာမှုမရှိဘဲ မော်တော်ယာဉ် ၂၈ စီးဝယ်ယူ ခဲ့သည့် FDA မှ ဝန်ထမ်းများအား ဝန်ထမ်းဥပဒေအရ အရေးယူထားပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ အကြံဉာဏ်ရယူရန် စိစစ်လျက်ရှိဟု ဆို

နိုင်ငံတော်သမ္မတရုံး၏ ၁/၂၀၁၇ ညွှန်ကြားချက်ကို လိုက်နာမှုမရှိဘဲ မော်တော်ယာဉ် ၂၈ စီးဝယ်ယူ ခဲ့သည့် FDA မှ ဝန်ထမ်းများအား ဝန်ထမ်းဥပဒေအရ အရေးယူထားပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ အကြံဉာဏ်ရယူရန် စိစစ်လျက်ရှိဟု ဆို
Published 22 February 2020
ပြည့်ဖြိုးအောင်၊ အောင်မင်းသိန်း

နိုင်ငံတော်သမ္မတရုံး၏ ၁/၂၀၁၇ ညွှန်ကြားချက်ကို လိုက်နာမှုမရှိဘဲ မော်တော်ယာဉ် ၂၈ စီးဝယ်ယူခဲ့သည့် FDA မှ ဝန်ထမ်းများအား ဝန်ထမ်းဥပဒေအရ အရေးယူထား ပြီး အဂတိလိုက်စားမှုကော်မရှင်သို့ အကြံဉာဏ်ရယူရန် စိစစ်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ပြောကြားသည်။

ဖေဖော်ဝါရီ ၂၁ ရက် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်၏၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လ အတွက် စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာ အပေါ် ပြည်သူ့ငွေစာရင်းပူူးပေါင်းကော်မ တီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာ ပထမအတွဲနှင့် ဒုတိယ အတွဲတို့အပါအဝင် လွှတ်တော်ကိုယ်စား လှယ်များ၏ ဆွေးနွေးချက်များနှင့်စပ်လျဉ်း ၍ ပြန်လည်ရှင်းလင်းရာတွင် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ယင်းကဲ့သို့ ပြော ကြားခဲ့ခြင်းဖြစ်သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနသည် ၂၀၁၇ ခုနှစ် ဇွန် ၅ ရက်စွဲပါ နိုင်ငံ တော်သမ္မတ၏ ညွှန်ကြားချက်အမှတ် ၁/ ၂၀၁၇ ပါ လုပ်ထုံးလုပ်နည်းအတိုင်း သီးသန့် ဆောင်ရွက်နိုင်ရန်အတွက် ကော်မတီ လေး ရပ်ကို တာဝန်ပေးအပ်ဖွဲ့စည်းခဲ့ကြောင်း ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ပြော ကြားသည်။

“အဲဒီလို တာဝန်ပေးအပ်ခဲ့သော်လည်း ကျွန်မတို့အနေနဲ့ စစ်ဆေးတွေ့ရှိတဲ့အခါမှာ ၁/၂၀၁ရကို လိုက်နာခြင်းမရှိကြောင်းကို ကျွန်မတို့ စိစစ်တွေ့ရှိရတာဖြစ်ပါတယ်။ အဓိ က,ကတော့ ကား ၂၈ စီးမှာ ၁၅ စီးက ရရှိခြင်း မရှိဘဲနဲ့ ၁၃ စီးပဲ ရရှိခဲ့ခြင်းပဲဖြစ်ပါတယ်”ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။

ယင်းသို့ မော်တော်ယာဉ် ၁၅ စီး မရရှိခဲ့သည့် ငွေဧကရီကုမ္ပဏီကို ဒဏ်ကြေးများနှင့် ငွေများကို ပြန်လည်ပေးအပ်ရန် အကြောင်း ကြားခဲ့ပြီး ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ် ကြောင်း၊ မော်တော်ယာဉ်များ တင်သွင်းရာ တွင် ကုမ္ပဏီသုံးခုအနေဖြင့် စာချုပ်ပါအချက် အလက်များနှင့်ကွဲလွဲနေသည်မှာ အမှန်တ ကယ်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြော ကြားသည်။

“ဒီဝန်ထမ်းများကို နိုင်ငံရဲ့ ဥပဒေ၊ နိုင်င့ံ ဝန်ထမ်းဥပဒေများနဲ့အညီ အရေးယူဆောင် ရွက်ခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် ပြည်ထောင်စု ဝန်ကြီးရဲ့ လမ်းညွှန်ချက်နဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ အကြံဉာဏ် ရယူစိစစ်ဆောင်ရွက်ရန်လည်း စိစစ်လျက် ရှိပါတယ်”ဟု ဒေါက်တာမြလေးစိန်က ပြောကြားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် အဓိကအားနည်းချက်မှာ  Internal Audit ကြီးကြပ်ရန် လိုအပ်ခြင်းဖြစ်ပြီး လွှတ် တော်ကိုယ်စားလှယ်တစ်ဦးတင်ပြချက်အရ  Third Party ငှားရမ်းရန် စီစဉ်ထားကာ ဥပဒေ အကြံပေးအဖွဲ့ကို ငှားရမ်းထားပြီးဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ကျန််းမာရေးနှင့် အားကစားဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာနအနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာ နှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် မော်တော်ယာဉ် (9 Seaters) ၂၈ စီး ကျပ် ၁၀၉၅ ဒသမ ၅ သန်းကို တင်ဒါခေါ်ယူခဲ့ပြီး Myanmar Theingi Services Co;Ltd မှ ငါးစီး တန်ဖိုး ကျပ်သန်း ၁၉၀၊ ငွေဧကရီကုမ္ပဏီမှ ၁၅ စီးတန်ဖိုး ကျပ် ၅၉၇ သန်း၊ Medi Tech Biz Co;Ltd မှ ငါးစီး တန်ဖိုး ကျပ်သန်း ၁၉၀ နှင့် Nexus Logistics Co;Ltd မှ  သုံးစီးတန်ဖိုး ကျပ် ၁၁၈ ဒသမ ၅ သန်းတို့ဖြင့် စာချုပ် ချုပ် ဆိုခဲ့ကြောင်း၊ အစားအသောက်နှင့်် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနအနေဖြင့် ရုံးသုံးယာဉ် များဝယ်ယူရာတွင် ညွှန််ကြားချက်များနှင့် ညီညွှတ်မှုမရှိခြင်း၊ မော်တော်ယာဉ်လက် ဝယ်ရရှိမှု မရှိသေးဘဲ ငွေပေးချေခဲ့ကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ်၏ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လစစ် ဆေးတွေ့ရှိချက်အစီရင်ခံစာနှင့်စပ်လျဉ်း၍  ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘော ထားမှတ်ချက်အစီရင်ခံစာ ဒုတိယတွဲ အမှတ် စဉ်(၁/၂၀၂၀) တွင် ဖော်ပြထားသည်။

 

Most Read

Most Recent