PSG အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီ ခြစားမှုနှင့်ပတ်သက်၍ စွဲချက်တင်ခံရ

PSG အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီ ခြစားမှုနှင့်ပတ်သက်၍ စွဲချက်တင်ခံရ
Photo: Getty Images
Photo: Getty Images
Published 21 February 2020

PSG အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီသည်  အကျင့်ပျက်ခြစားမှုဖြင့် အရေးယူခြင်းခံထားရသည့် ဖီဖာအထွေထွေအတွင်းရေးမှူး ဟောင်း ဗယ်လ်ကီနှင့် ဆက်နွယ်မှုရှိသည်ဟူသော စွဲချက်ဖြင့် တရားစွဲဆိုခြင်းခံခဲ့ရကြောင်း သိရသည်။

PSG အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီသည်  အကျင့်ပျက်ခြစားမှုဖြင့် အရေးယူခြင်းခံထားရသည့် ဖီဖာအထွေထွေအတွင်းရေးမှူး ဟောင်း ဗယ်လ်ကီနှင့် ဆက်နွယ်မှုရှိသည်ဟူသော စွဲချက်ဖြင့် တရားစွဲဆိုခြင်းခံခဲ့ရကြောင်း သိရသည်။

    

ဗယ်လ်ကီသည် ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ရုပ်သံထုတ်လွှင့်မှုများနှင့်ပတ်သက်၍ လာဘ်စားမှုပြုလုပ်ခဲ့ခြင်း၊ ကမ္ဘာ့ဖလားပြိုင်ပွဲ လက်မှတ်ရောင်းချမှုများ၌ မရိုးမသားပြုလုပ်ခဲ့ခြင်း စသောစွဲချက်များဖြင့် ရာထူးမှ ဖယ်ရှားခံခဲ့ရသည့်အပြင် ဘောလုံးလောကနှင့်ပတ်သက်ခွင့် ပိတ်ပင်ခံထားရသူလည်းဖြစ်သည်။ 

၂၀၁၆ ခုနှစ်က ချမှတ်ခဲ့သော ပြစ်ဒဏ်အရ ဗယ်လ်ကီသည် ၂၀၂၈ ခုနှစ်အထိ ဘောလုံးလောကနှင့် ပတ်သက်ခွင့်မရှိကြောင်းလည်း သိရသည်။ 

ယခုအခါ ဆွစ်ဇာလန်ရှေ့နေများ က အယ်လ်ခီလိုင်ဖီနှင့် အခြားစီးပွားရေးသမားတစ်ဦးသည် ဗယ်လ်ကီနှင့် ဆက်နွယ်မှုရှိနေ ကြောင်း တွေ့ရှိရသည်ဟုဆိုကာ တရားစွဲဆိုလိုက်ခြင်းဖြစ်သည်။ 

သို့သော် အယ်လ်ခီလိုင်ဖီက မိမိ်အနေဖြင့် မည်သည့်အမှားအယွင်းမျှ ပြုလုပ်ခဲ့ခြင်းမရှိသည်ကို သက်သေပြနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်းနှင့် အခြေအမြစ်မရှိသည့် စွပ်စွဲမှုသာဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။