ဒူဘိုင်းခရီးစဉ်တွင် နည်းပြအဖွဲ့နှင့် ဂန်ဒူဇီ အချင်းများခဲ့ပြီးလာမည့်နွေရာသီတွင် ၎င်းအား အာတီတာ ရောင်းချဖွယ်ရှိ

ဒူဘိုင်းခရီးစဉ်တွင် နည်းပြအဖွဲ့နှင့် ဂန်ဒူဇီ အချင်းများခဲ့ပြီးလာမည့်နွေရာသီတွင် ၎င်းအား အာတီတာ ရောင်းချဖွယ်ရှိ
Photos: Getty Images
Photos: Getty Images
Published 19 February 2020

ဂန်ဒူဇီ၏ အပြုအမူ၊ အပြောအဆိုနှင့် အနေအထိုင်များကို အာဆင်နယ်အသင်းနည်းပြ အဖွဲ့ဝင်များက မကျေမနပ်ဖြစ်နေကြကြောင်း သိရသည်။ ဂန်ဒူဇီသည် အာဆင်နယ်အသင်းတွင် အလွန်စကားများသော ကစားသမားတစ်ဦးဖြစ်ပြီး စီနီယာကစားသမားများအပေါ်လည်း လေစားမှုမရှိဘဲ ငြင်းခုန်ပြောဆိုတတ်သူတစ်ဦးဖြစ်ကြောင်း Mirror  သတင်းစာက ဖော်ပြခဲ့သည်။ 

 

အာဆင်နယ်အသင်း၏ ပြင်သစ်ကွင်းလယ်လူ ဂန်ဒူဇီသည် ပြီးခဲ့သည့် ပရီးမီးယားလိဂ်ဆောင်းရာသီအလှည့်ကျ အနားပေးကာလအတွင်း အသင်းနည်းပြအဖွဲ့နှင့် အချင်းများခဲ့ပြီး အသင်းတွင် သူ၏အနာဂတ်မှာ လှုပ်ခတ်လာကြောင်း သိရှိရသည်။

အာဆင်နယ်အသင်းသည်ဆောင်းရာသီအနားပေးကာလအတွင်းယူ အေအီးနိုင်ငံ၊ ဒူဘိုင်းမြို့သို့ လေ့ကျင့်ရေးခရီးထွက်ခွာခဲ့ပြီး ဂန်ဒူဇီသည် အသင်းနည်းပြ အာတီတာအပါအဝင် နည်းပြအဖွဲ့ဝင်နှင့် မကျေမလည်ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း Mirror သတင်းစာက ဖော်ပြခဲ့သည်။ 

ဂန်ဒူဇီ၏ အပြုအမူ၊ အပြောအဆိုနှင့် အနေအထိုင်များကို အာဆင်နယ်အသင်းနည်းပြ အဖွဲ့ဝင်များက မကျေမနပ်ဖြစ်နေကြကြောင်း သိရသည်။ ဂန်ဒူဇီသည် အာဆင်နယ်အသင်းတွင် အလွန်စကားများသော ကစားသမားတစ်ဦးဖြစ်ပြီး စီနီယာကစားသမားများအပေါ်လည်း လေစားမှုမရှိဘဲ ငြင်းခုန်ပြောဆိုတတ်သူတစ်ဦးဖြစ်ကြောင်း Mirror  သတင်းစာက ဖော်ပြခဲ့သည်။ 

ပြီးခဲ့သည့်တစ်ပတ်က နယူးကာဆယ်အား (၄-၀)ဂိုးဖြင့် အနိုင်ရသောပွဲတွင် အာတီတာသည် ဂန်ဒူဇီအား အရန်အသင်းစာရင်း၌ပင် ထည့်သွင်း ခဲ့ခြင်းမရှိပေ။ ဂန်ဒူဇီအား ချန်လှပ်ခြင်း နှင့်ပတ်သက်၍ အာတီတာအား မီဒီယာများက မေးမြန်းခဲ့ရာ " အဓိက က တော့ ကစားသမားတွေအပေါ်မှာ မူတည်ပါတယ်။ လေ့ကျင့်ရေးကွင်းမှာ  ကောင်းကောင်းလေ့ကျင့်ကစားမယ်၊ ကောင်းကောင်းနေထိုင်မယ်ဆိုရင် ဒီ လိုကစားသမားတွေကတော့ အသင်းမှာ ရွေးချယ်ခံရမှာပါ" ဟု ပြောကြားခဲ့သည်။ 

Mirror  ၏ ဖော်ပြချက်အရ အာတီတာသည် လာမည့်နွေရာသီတွင် ၎င်းကိုရောင်းချရန်စဉ်းစားနေပြီဖြစ်ကြောင်း သိရှိရသည်။