PSG နှင့်ပွဲတွင် နှစ်ဂိုးသွင်းယူပြီးနောက် ဒေါ့မွန်အသင်းလူငယ်ကြယ်ပွင့် ဟာလန်း ချန်ပီယံလိဂ်ပြိုင်ပွဲ၌ခုနစ်ပွဲကစား ၁၀ ဂိုးသွင်းယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ် စံချိန်တင်

PSG နှင့်ပွဲတွင် နှစ်ဂိုးသွင်းယူပြီးနောက် ဒေါ့မွန်အသင်းလူငယ်ကြယ်ပွင့် ဟာလန်း ချန်ပီယံလိဂ်ပြိုင်ပွဲ၌ခုနစ်ပွဲကစား ၁၀ ဂိုးသွင်းယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ် စံချိန်တင်
Photos: AFP
Photos: AFP
Published 19 February 2020

မနေ့က ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲတွင် ဒေါ့မွန်အသင်းက PSG အသင်းကို အိမ်ကွင်း၌ (၂-၁) ဂိုးဖြင့် အနိုင်ရပြီး နှစ်ဂိုးစလုံးကို အသက် ၁၉ နှစ်အရွယ် နော်ဝေလူငယ်ကြယ်ပွင့် ဟာလန်းက သွင်းယူပေးခဲ့သည်။ 

 

ဒေါ့မွန်အသင်း လူငယ်ကြယ်ပွင့်တိုက် စစ်မှူး ဟာလန်းသည် PSG အသင်းနှင့်ပွဲတွင် နှစ်ဂိုးသွင်းယူပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ခုနစ်ပွဲကစားရုံဖြင့် ၁၀ ဂိုးသွင်းယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရသည်။

မနေ့က ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲတွင် ဒေါ့မွန်အသင်းက PSG အသင်းကို အိမ်ကွင်း၌ (၂-၁) ဂိုးဖြင့် အနိုင်ရပြီး နှစ်ဂိုးစလုံးကို အသက် ၁၉ နှစ်အရွယ် နော်ဝေလူငယ်ကြယ်ပွင့် ဟာလန်းက သွင်းယူပေးခဲ့သည်။ 

PSG အသင်းတွင် ကမ္ဘာ့ပြောင်းရွှေ့ကြေးအမြင့်ဆုံး ကစားသမားနှစ်ဦးဖြစ်သည့် နေမာနှင့် ဘာပေတို့ ပွဲထွက်စာရင်းမှာပင် ပါဝင်ခဲ့သော်လည်း ခြေစွမ်းမပြနိုင်ဘဲ ရုန်းကန်ခဲ့ရပြီး ၆၉ မိနစ်တွင် ဟာလန်းက အနီးကပ်ပိတ်သွင်း၍ အဖွင့်ဂိုး သွင်းယူခဲ့သည်။ 

၇၅ မိနစ်တွင် နေမာက PSG အတွက် ပြန်လည်ချေပသော်လည်း နှစ်မိနစ်အကြာမှာပင် ဒေါ့မွန်အသင်း နိုင်ပွဲရရှိစေမည့်ဂိုးကို ဟာလန်းက ၁၈ ကိုက်စည်းအပြင်ဘက်မှ ဘယ်ခြေကန်ချက်ဖြင့် သွင်းယူခဲ့ခြင်းဖြစ်သည်။ 

ဟာလန်းသည် ဒေါ့မွန်အသင်းအတွက် ပထမဆုံး ချန်ပီယံလိဂ်ပွဲမှာပင် နှစ်ဂိုးသွင်းယူပေး နိုင်ခဲ့ပြီး အုပ်စုအဆင့်တွင်လည်း သြစတြီးယားကလပ် ဆာလ်ဇ်ဘာ့ဂ်အသင်းအတွက် ခြောက်ပွဲကစား ရှစ်ဂိုးသွင်းယူပေးခဲ့ရာ ပြိုင်ပွဲ သမိုင်းတစ်လျှောက် ခုနစ်ပွဲကစားအပြီးမှာပင် ၁၀ ဂိုးသွင်းယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့ခြင်းဖြစ်သည်။

 

Most Read

Most Recent