အန်ဖီးလ်ကွင်းအား ပရိသတ်(၆၁ဝဝဝ)အထိ ဝင်ဆံ့အောင် တိုးချဲ့သွားမည်

အန်ဖီးလ်ကွင်းအား ပရိသတ်(၆၁ဝဝဝ)အထိ ဝင်ဆံ့အောင် တိုးချဲ့သွားမည်
Photo: Liverpool FC
Photo: Liverpool FC
Published 14 February 2020

လီဗာပူးလ်အသင်းသည် အန်ဖီးလ်ကွင်းအား ပရိသတ်(၆၁ဝဝဝ)ဝင်ဆံ့စေမည့် Anfield Road အစီအစဉ်အား ယခုနှစ်ကုန်တွင် စတင်သွားနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။ 

လီဗာပူးလ်အသင်းသည် အန်ဖီးလ်ကွင်းအား ပရိသတ်(၆၁ဝဝဝ)ဝင်ဆံ့စေမည့် Anfield Road အစီအစဉ်အား ယခုနှစ်ကုန်တွင် စတင်သွားနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။ 

လာမည့်နွေရာသီတွင် မြို့တော်ကောင်စီထံမှ အပြီးသတ်ဆုံးဖြတ်ချက်ကို ရရှိမည်ဖြစ်ပြီး လီဗာပူးလ်အသင်းအနေဖြင့် အဆိုပါစီမံကိန်းကို ယခုနှစ်ကုန်ပိုင်းတွင် တည်ဆောက်ရေးလုပ်ငန်းများကို စတင်နိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။

အန်ဖီးလ်ကွင်းသည် လက်ရှိတွင် ပရိသတ်(၅၃၃၉၅)ဦး ဝင်ဆံ့ပြီး ပေါင်သန်း(၆၀)တန် အဆိုပါစံမံကိန်းပြီးစီးပါက ပရိသတ်(၆၁ဝဝဝ)အထိ ဝင်ဆံ့မည်ဖြစ်သည်။

လီဗာပူးလ်အသင်းသည် အဆိုပါစီမံကိန်းကို ၂၀၂၂ ခုနှစ် နွေရာသီတွင် အပြီးတည်ဆောက်မည်ဖြစ်ပြီး ၂၀၂၂-၂၃ ရာသီတွင် အသင့်အသုံးပြုနိုင်ရန် ရည်မှန်ထားကြောင်း သိရသည်။ 

အဆိုပါစီမံကိန်းသာ ပြီးစီးခဲ့ပါက လီဗာပူးလ်အသင်း၏ အန်ဖီးလ်ကွင်းသည် ပရီးမီးယားလိဂ်တွင် တတိယမြောက် အကြီးဆုံးကွင်းဖြစ်လာမည် ဖြစ်သည်။ 

လက်ရှိတွင် ပရီးမီးယားလိဂ်၌ အကြီးဆုံးကွင်းမှာ မန်ယူအသင်း၏ အိုးလ်ထရက်ဖို့ဒ်ကွင်းဖြစ်ပြီး ပရိသတ် (၇၄၈၇၉)ဦး ဝင်ဆံ့ကြောင်း သိရသည်။ 

 

Most Read

Most Recent