PFA အကောင်းဆုံးကစားသမားဆုအတွက် ဟန်ဒါဆန် ရေပန်းအစားဆုံးဖြစ် 

PFA အကောင်းဆုံးကစားသမားဆုအတွက် ဟန်ဒါဆန် ရေပန်းအစားဆုံးဖြစ် 
Photos: Getty Images
Photos: Getty Images
Published 14 February 2020

လီဗာပူးလ်အသင်းခေါင်းဆောင် ဟန်ဒါဆန်သည် ၂၀၁၉-၂၀ ရာသီ PFA အကောင်းဆုံးကစားသမားဆုအတွက် ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရသည်။ 

PFA အကောင်းဆုံးကစားသမားဆုမှာ အင်္ဂလန်ဘောလုံးလောကတွင် တန်ဖိုးကြီးမားသည့် တစ်ဦးချင်းထူးချွန်ဆုတစ်ခုဖြစ်ပြီး ကစားသမားအချင်းချင်း မဲပေးရွေးချယ်ရသောဆုလည်း ဖြစ်သည်။ 

ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့အစည်း (PFA) မှ ကမကထပြုချီးမြှင့်ခြင်းဖြစ်သောကြောင့် PFA အကောင်းဆုံးကစားသမားဆုဟု ခေါ်တွင်ခြင်းဖြစ်ပြီး လီဗာပူးလ်ကစားသမားများက နောက်ဆုံး(၂)နှစ် ဆက်တိုက်ရရှိထားခဲ့သည်။ ၂၀၁၇-၁၈ ရာသီတွင် ဆာလာ၊ ၂၀၁၈-၁၉ ရာသီတွင် ဗန်ဒိုက်တို့ ရရှိခဲ့ခြင်းဖြစ်သည်။

ယခုရာသီတွင်လည်း PFA အကောင်းဆုံးကစားသမားဆုအတွက် SportNation ၏ အလေးပေးမှုတွင် လီဗာပူးလ်အသင်းခေါင်းဆောင် ဟန်ဒါဆန်က ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရသည်။  

SportNation ၏ အလေးပေးမှုတွင် ဟန်ဒါဆန်(လီဗာပူးလ်)က (၆:၄)လေးဖြင့် PFA အကောင်းဆုံးကစားသမားဆုအတွက် ရေပန်းအစားဆုံးဖြစ်နေပြီး ၎င်းနောက်တွင် မာနေး(လီဗာပူးလ်)က (၇:၂)လေး၊ ဒီဘရိုင်းနား(မန်စီးတီး)က (၆:၁)လေး၊ ဗန်ဒိုက်(လီဗာပူးလ်)က (၁၁:၁)လေးနှင့် ဆာလာ(လီဗာပူးလ်)က (၁၄:၁)လေးတို့ဖြင့် အစဉ်လိုက် ရပ်တည်နေသည်။

လီဗာပူးလ်အသင်းနောက်ခံလူ ရောဘတ်ဆန်က အသင်းခေါင်းဆောင် ဟန်ဒါဆင်(၂၉ နှစ်)မှာ ယခုရာသီ PFA အကောင်းဆုံးကစားသမားဆုနှင့် အထိုက်တန်ဆုံးကစားသမားဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

လီဗာပူးလ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၂၅)အပြီးတွင် ရမှတ် (၇၃)မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဒုတိယနေရာမှ မန်စီးတီးအသင်း (၅၁ မှတ်)ကို (၂၂)မှတ်အထိ ဖြတ်ထားသည်။ 

ဟန်ဒါဆန်သည် လီဗာပူးလ်အသင်းကို အကောင်းဆုံးဦးဆောင်နေသူဖြစ်ပြီး ယခုရာသီ ပရီးမီးယားလိဂ် (၂၄)ပွဲတွင် (၃) ဂိုးသွင်းယူထားသည်။

 

Most Read

Most Recent