ယနေ့ကစားမည့် ဥရောပလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ကစားမည့် ဥရောပလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photos: Getty Images & AP
Photos: Getty Images & AP
Published 14 February 2020

ဝုလ်ဗ် - လက်စတာ (စနေနံနက် ၂:၃၀ နာရီ)

ဝုလ်ဗ်က ဥရောပဝင်ခွင့်တစ်နေရာအတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပြီး လက်စတာကတော့ ချန်ပီယံလိဂ်ဝင်ခွင့် သေချာသလောက်ရှိနေတဲ့အခြေအနေကနေ တဖြည်းဖြည်း လျော့ကျလာတာတွေ့ရတယ်။ ဝုလ်ဗ်က အခုအချိန်မှာ (၃၅)မှတ်နဲ့အဆင့် (၉)နေရာမှာသာရှိပေမယ့် အဆင့်(၅)နေရာက ရှက်ဖီးယူနိုက်တက်နဲ့ (၄)မှတ်ပဲကွာပြီး ဒီပွဲမှာ အနိုင်ရခဲ့ရင် မျှော်လင့်ချက်ပိုအားကောင်းလာမယ်။ ဝုလ်ဗ်ကို ကြိုက်တယ်။ 

 

ဗလင်စီယာ - အက်သလက်တီကို (စနေနံနက် ၂:၃၀ နာရီ)

ဗလင်စီယာက အိမ်ကွင်းမှာ ရှုံးပွဲလုံးဝမရှိသေးဘူး။ အက်သလက်တီကိုကလည်း အဝေးကွင်းနိုင်ပွဲရဖို့ အတော်လေး အားထုတ်နေရတဲ့အသင်းဖြစ်နေတယ်။ ဒါပေမဲ့ ဒီ(၂)သင်းရဲ့ ၂၀၂၀ ခုနှစ်အတွင်း ခြေစွမ်းပိုင်းကတော့ အားရစရာ မရှိကြသေးတာချင်း မကွာလှပါဘူး။ ဗလင်စီယာကလည်း အိမ်ကွင်းမှာ ရှုံးပွဲမရှိသေးပေမယ့် အဝေးကွင်းမှာ ပုံပျက်ပန်းပျက် အရှုံးတွေနဲ့ရင်ဆိုင်နေရတာ (၂)ပွဲတောင်ရှိနေလို့ ဗလင်စီယာရဲ့ခြေစွမ်းကို ပုံမှန်တွက်လို့မရသေးဘူး။ အက်သလက် တီကိုကလည်း ပြီးခဲ့တဲ့ပွဲစဉ် (၂၃)မှာ နိုင်ပွဲပြန်ရခဲ့ပေမယ့်  အဝေးကွင်းမှာတော့ ဂိုးရဖို့ခက်နေသေးတာနဲ့အတူ နိုင်ပွဲလည်း ဝေးနေတာကြာပါပြီ။ ဒါပေမဲ့အခုနောက်ပိုင်းပွဲတွေမှာ အက်သလက်တီကိုအသင်း ခံစစ်ပိုင်းက ဂိုးတွေမပေးရအောင် တောင့်ခံကစားနေတာတွေ့ရလို့ ဗလင်စီယာအတွက်လည်း ဂိုးရဖို့ အတော်လေးကြိုးစားရမှာပါ။ ဗလင်စီယာခံစစ်ကလည်း အိမ်ကွင်းမှာဆို မာကျောတတ်လို့ ဒီပွဲက နှစ်သင်းစလုံး ထိန်းထိန်းသိမ်းသိမ်းကစားဖို့များနေတယ်။ ဂိုးနည်းသရေပွဲပဲထင်တယ်။

 

ဒေါ့မွန် - ဖရန့်ဖတ် (စနေနံနက် ၂:၀၀ နာရီ)

ဒေါ့မွန်အသင်း ရှုံးပွဲပြန်တွေ့သွားပြီး လူငယ်ကြယ်ပွင့် ဟာလန်းရဲ့သွင်းဂိုးတွေလည်း ရပ်တန့်ခဲ့ရတယ်။ ဒေါ့မွန်နည်းပြ လူစီယန်ဖာက ဂျာမန်ဖလားပွဲအရှုံးကြောင့် Three Backs အထိုင်ကိုဖျက်ပြီး Four Backs ကစားခဲ့တယ်။ ရလဒ်ကတော့ ပိုကောင်းမလာတဲ့အပြင် ပေးဂိုးပိုများတာပဲ အဖတ်တင်ခဲ့တယ်။ ဒါပေမဲ့ ဒေါ့မွန်က ဒီရာသီအိမ်ကွင်းရှုံးပွဲမရှိသေးတဲ့အသင်းဖြစ်ပြီး အိမ်ကွင်း(၁၀)ပွဲမှာ အနိမ့်ဆုံး(၃)ဂိုးသွင်းထားတဲ့ပွဲက (၈)ပွဲအထိ ရှိနေပါတယ်။ ဖရန့်ဖတ်ကလည်း လတ်တလောရလဒ်တွေ ပြန်ကောင်းလာလို့ သတိထားသင့်တဲ့အသင်းပါ။ နှစ်သင်းစလုံး ကြားရက်မှာ ဥရောပပွဲတွေရှိပေမယ့် ဖရန့်ဖတ်က ဒီရာသီ ယူရိုပါ လိဂ်ကို သိပ်အာရုံစိုက်ပုံမရဘူး။ ဖရန့်ဖတ်ကိုပဲ ရွေးချယ်တာပိုကောင်းမယ်။

 

Most Read

Most Recent