၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် လေးလအတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ခဲမဖြူနှင့် အဖြိုက်နက် ဖက်စပ်လုပ်ကွက်များမှ သတ္တုတန်ချိန် ၂၀၈ တန်ကျော် ထုတ်လုပ်ထားပြီး တနင်္သာရီတိုင်းဒေသကြီးမှ အများဆုံးဖြစ်

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် လေးလအတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ခဲမဖြူနှင့် အဖြိုက်နက် ဖက်စပ်လုပ်ကွက်များမှ သတ္တုတန်ချိန် ၂၀၈ တန်ကျော် ထုတ်လုပ်ထားပြီး တနင်္သာရီတိုင်းဒေသကြီးမှ အများဆုံးဖြစ်
 မြန်မာနိုင်ငံအထက်ပိုင်းရှိ ကျောက်မျက်လုပ်ကွက်တစ်ခုကို တွေ့ရစဉ်
မြန်မာနိုင်ငံအထက်ပိုင်းရှိ ကျောက်မျက်လုပ်ကွက်တစ်ခုကို တွေ့ရစဉ်
Published 13 February 2020
နီလာ

၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် လေးလအတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ခဲမဖြူနှင့်အဖြိုက်နက် ဖက်စပ်လုပ်ကွက်များမှ သတ္တုတန်ချိန် ၂၀၈ တန်ကျော် ထုတ်လုပ်ထားပြီး တနင်္သာရီတိုင်းဒေသကြီးမှ အများဆုံးဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်  ခဲမဖြူနှင့် အဖြိုက်နက် ထုတ်လုပ်မှုတွင် ကယားပြည်နယ်တွင် ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်း  ၁၈ ဒသမ ၂၈၉ တန်၊ နိုဝင်ဘာတွင် ၂၀ ဒသမ ၃၂၀၀ တန်၊ ဒီဇင်ဘာတွင် ၂၁ ဒသမ ၃၃၇၀ တန်၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ၂၃ ဒသမ ၃၆၉၀ တန် ထုတ်လုပ်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးတွင် ၂၀၁၉  ခုနှစ် အောက်တိုဘာတွင် ၁၀ တန်၊ နိုဝင်ဘာတွင် ၄၅ ဒသမ ၈၂၂၁ တန်၊ ဒီဇင်ဘာတွင် ၃၆ ဒသမ ၁၇၄၀ တန်နှင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ၃၃ တန် ထုတ်လုပ်ထားသည်။

လအလိုက်ထုတ်လုပ်မှုအနေဖြင့် ၂၀၁၉ ခုနှစ် အောက်တိုဘာတွင် ၂၈ ဒသမ ၂၈၉၀ တန်၊ နိုဝင်ဘာတွင် ၆၆ ဒသမ ၁၄၂၀ တန်၊ ဒီဇင်ဘာတွင် ၅၇ ဒသမ ၄၁၁၀ တန်၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ၅၆ ဒသမ ၃၆၉၀ တန် ထုတ်လုပ်ထားကြောင်း သိရသည်။

၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် နှစ်လအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ရွှေသတ္တု ဖက်စပ်လုပ်ကွက်များမှ သတ္တုထုတ်လုပ်မှု ထရိုင်အောင်စ ၈၂၂ ဒသမ ၇၂ ရှိခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးမှ ထရိုင်အောင်စ ၆၃၇ ဒသမ ၈၂ အထိ ထုတ်လုပ်ထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ရွှေသတ္တုဖက်စပ်လုပ်ကွက်များမှ သတ္တုထုတ်လုပ်မှုတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေသတ္တုဖက်စပ်လုပ်ကွက်များမှ အောက်တိုဘာလအတွင်း ၅၈၅ ဒသမ ၃၈ ထရိုင်အောင်စ၊ နိုဝင်ဘာလအတွင်း ၅၂ ဒသမ ၄၄ ထရိုင်အောင်စဖြင့် နှစ်လအတွင်း ၆၃၇ ဒသမ ၈၂ ထရိုင်အောင်စ ထုတ်လုပ်ထားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရွှေသတ္တုဖက်စပ်လုပ်ကွက်များမှ သတ္တုထုတ်လုပ်မှုတွင် အောက်တိုဘာလအတွင်း ၈၆ ဒသမ ၅၅ ထရိုင်အောင်စု၊ နိုဝင်ဘာအတွင်း ၉၈ ဒသမ ၄၂ ထရိုင်အောင်စဖြင့် ၁၈၄ ဒသမ  ၉၇ ထရိုင်အောင်စထုတ်လုပ်ခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလကုန်အထိ ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် အသေးစား၊ အလတ်စား၊ အကြီးစားနှင့် လက်လုပ်လက်စားအပါအဝင် စမ်းသပ်ကျောက်မျက်လုပ်ကွက် ၁၂၅၀ ကျော် ခွင့်ပြုမိန့်ထုတ်ပေးထားကြောင်း သိရသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက်  ကျောက်မျက်လုပ်ကွက်ထုတ်ပေးထားမှု အခြေအနေကို လေ့လာကြည့်ပါက ကချင်ပြည်နယ်တွင် အကြီးစားလုပ်ကွက် လေးကွက်၊ အသေးစား ၈၂ ကွက်၊ စမ်းသပ် ၂၅ ကွက်ဖြင့် စုစုပေါင်း ၁၁၂ ကွက်၊ ကယားပြည်နယ်တွင်  အကြီးစားလုပ်ကွက် တစ်ကွက်၊ အသေးစားတစ်ကွက်၊ စမ်းသပ် ၁၅ ကွက်ဖြင့် စုစုပေါင်း ၁၈ ကွက်၊ ကရင်ပြည်နယ်တွင် အကြီးစားလုပ်ကွက် ခြောက်ကွက်၊ အသေးစား ၃၇ ကွက်၊ စမ်းသပ်နှစ်ကွက်ဖြင့် စုစုပေါင်း ၄၆ ကွက်၊ ချင်းပြည်နယ်တွင် စမ်းသပ် ၂၅ ကွက်ဖြင့် စုစုပေါင်း လေးကွက်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် အကြီးစားလုပ်ကွက် ၂၄ ကွက်၊ အသေးစား၁၆၅ ကွက်၊ စမ်းသပ် ၁၄ ကွက်ဖြင့် စုစုပေါင်း ၂၂၉ ကွက်၊ တနင်္သာရီတိုင်းဒေသကြီးတွင် အကြီးစားလုပ်ကွက် ၁၈ ကွက်၊ အသေးစား ၄၅ ကွက်၊ စမ်းသပ် ၁၉ ကွက်ဖြင့် စုစုပေါင်း၈၈ကွက်၊ နေပြည်တော်တွင် အကြီးစားလုပ်ကွက် သုံးကွက် ခွင့်ပြုမိန့်ထုတ်ပေးထားသည်။

ပဲခူးတိုင်းဒေသကြီးတွင် အသေးစားခြောက်ကွက်၊ စမ်းသပ်တစ်ကွက်ဖြင့် စုစုပေါင်း ခုနစ်ကွက်၊ မကွေးတိုင်းဒေသကြီးတွင် အကြီးစားလုပ်ကွက် သုံးကွက်၊ အသေးစား ၄၁ ကွက်၊ စမ်းသပ်ကိုးကွက်ဖြင့် စုစုပေါင်း ၅၄ ကွက်၊ မန္တလေးတိုင်းဒေသကြီးတွင် အကြီးစားလုပ်ကွက် ၄၁ ကွက်၊ အသေးစား၂၃၄ ကွက်၊ စမ်းသပ် ၂၈ ကွက်ဖြင့် စုစုပေါင်း ၃၃၃ ကွက်ဖြင့် အများဆုံးထုတ်ပေးထားသည်။

 

 

Most Read

Most Recent