၂၀၁၀-၁၁ ရာသီမှစတင်ကာ ဥရောပထိပ်တန်းလိဂ်(၅)ခုတွင် အမှတ်ပေးပြိုင်ပွဲ ဂိုးသွင်းအများဆုံးနောက်ခံလူအဖြစ် ရီးယဲလ်အသင်းခေါင်းဆောင် ရာမို့စ် ရပ်တည်

၂၀၁၀-၁၁ ရာသီမှစတင်ကာ ဥရောပထိပ်တန်းလိဂ်(၅)ခုတွင် အမှတ်ပေးပြိုင်ပွဲ ဂိုးသွင်းအများဆုံးနောက်ခံလူအဖြစ် ရီးယဲလ်အသင်းခေါင်းဆောင် ရာမို့စ် ရပ်တည်
Photos: Getty Images
Photos: Getty Images
Published 12 February 2020

ရာမို့စ်သည် ၂၀၁၀-၁၁ ရာသီမှ စတင်ပြီး လာလီဂါပြိုင်ပွဲတွင် (၄၁)ဂိုးအထိ သွင်းယူထားကာ ဥရောပထိပ်တန်း (၅)ခုတွင် ဂိုးသွင်းအများဆုံး နောက်ခံလူအဖြစ် ရပ်တည်နေခြင်းဖြစ်ပြီး ဒုတိယနေရာတွင် သွင်းဂိုး (၂၇)ဂိုးစီဖြင့် ပူးတွဲရပ်တည်နေသည့် အင်္ဂလန်နောက်ခံလူ လေတန်ဘိန်းစ်နှင့် ဘရာဇီးလ်နောက်ခံလူ နယ်လ်ဒိုတို့ထက် (၁၄)ဂိုးအထိ အသာရနေသည်။ 

 

 

ရီးယဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ရာမို့စ်သည် ၂၀၁၀-၁၁ ရာသီမှ စတင်ကာ ဥရောပထိပ်တန်းလိဂ် (၅)ခုတွင် အမှတ်ပေးပြိုင်ပွဲ ဂိုးသွင်းအများဆုံးနောက်ခံလူအဖြစ် ရပ်တည်နေကြောင်း စပိန်သတင်းစာ Marca က ဖော်ပြခဲ့သည်။ အသက် (၃၃)နှစ်အရွယ်ရှိ စပိန်ဝါရင့်နောက်ခံလူ ရာမို့စ်သည် ရီးယဲလ်အသင်းအတွက် ယခုရာသီ လာလီဂါပြိုင်ပွဲ တွင် (၄)ဂိုးသွင်းယူပေးထားသည်။ 

    

ရာမို့စ်သည် ၂၀၁၀-၁၁ ရာသီမှ စတင်ပြီး လာလီဂါပြိုင်ပွဲတွင် (၄၁)ဂိုးအထိ သွင်းယူထားကာ ဥရောပထိပ်တန်း (၅)ခုတွင် ဂိုးသွင်းအများဆုံး နောက်ခံလူအဖြစ် ရပ်တည်နေခြင်းဖြစ်ပြီး ဒုတိယနေရာတွင် သွင်းဂိုး (၂၇)ဂိုးစီဖြင့် ပူးတွဲရပ်တည်နေသည့် အင်္ဂလန်နောက်ခံလူ လေတန်ဘိန်းစ်နှင့် ဘရာဇီးလ်နောက်ခံလူ နယ်လ်ဒိုတို့ထက် (၁၄)ဂိုးအထိ အသာရနေသည်။ 

ရာမို့စ်သည် ၂၀၁၈ ခုနှစ်၊ နွေရာသီအပြောင်းအရွှေ့တွင် ဂျူဗင်တပ်စ်သို့ စီရော်နယ်လ်ဒို ထွက်ခွာသွားပြီးနောက် ရီးယဲလ်အသင်း၌ ဦးစားပေးပယ်နယ်တီကန်သွင်းသူဖြစ်လာသည်။ ၎င်းသည် ၂၀၀၅ ခုနှစ်တွင် ဆီဗီလာမှ ရီးယဲလ်အသင်းသို့ ယူရို (၂၇)သန်းဖြင့် ပြောင်းရွှေ့ခဲ့ပြီး (၁၅)ရာသီအတွင်း လာလီဂါ ပွဲ (၄၄၀)တွင် (၆၃)ဂိုး သွင်းယူထားသည်။ 

၂၀၁၀-၁၁ ရာသီနောက်ပိုင်း ဥရောပထိပ်တန်းလိဂ် (၅)ခုတွင် ဂိုးသွင်းအများဆုံးနောက်ခံလူများ

အမည်                               သွင်းဂိုး

ရာမို့စ် (ရီးယဲလ်)                   ၄၁

လေတန်ဘိန်းစ် (အဲဗာတန်)    ၂၇

နယ်လ်ဒို (အသင်းလက်မဲ့)      ၂၇

ကိုလာရော့ဗ် (ရိုးမား)            ၂၆

ဖလော်ရန်ဇီ (ဗလင်စီယာ)      ၂၅

ပီကေး (ဘာစီလိုနာ)             ၂၅

 

 

Most Read

Most Recent