၀က်စ်ဟမ်းနှင့်ပွဲကို ဖေဖော်ဝါရီ ၁၉ ရက် ကစားရမည်ဖြစ်သောကြောင့် မန်စီးတီး ပွဲကျပ်များ ဆက်တိုက်ကစားရမည်

၀က်စ်ဟမ်းနှင့်ပွဲကို ဖေဖော်ဝါရီ ၁၉ ရက် ကစားရမည်ဖြစ်သောကြောင့် မန်စီးတီး ပွဲကျပ်များ ဆက်တိုက်ကစားရမည်
Photos: AFP & Getty Images
Photos: AFP & Getty Images
Published 12 February 2020

မန်စီးတီးအသင်းသည် ယင်းပွဲအပြီးတွင် ဆောင်းရာသီအားလပ်ရက် တစ်ပတ်ရရှိမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၂၂ ရက် မှသာ လက်စတာအသင်းနှင့် ပြန်လည်ကစားရမည်ဖြစ်သော်လည်း ယခုအခြေအနေအရ အားလပ်ရက် လျော့နည်းသွားမည်ဖြစ်သလို ပွဲကျပ်များ ဆက်တိုက်ကစားရတော့မည်ဖြစ် သည်။

 

 

မန်စီးတီးအသင်းအနေဖြင့် Ciara မုန် တိုင်းကြောင့် ရွှေ့ဆိုင်းခဲ့ရသည့် ဝက်စ်ဟမ်း အသင်းနှင့်ပွဲကို ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြန်လည်ကစားရမည်ဖြစ်သောကြောင့် ပွဲကျပ်များ ဆက်တိုက်ကစားရမည်ဖြစ်ကြောင်း သိရသည်။

ပရီးမီးယားလိဂ် ပွဲစဉ် (၂၆) ဖြစ်သည့် မန်စီးတီး-ဝက်စ်ဟမ်းပွဲကို မူလက ဖေဖော် ဝါရီ ၉ ရက်တွင် မန်ချက်စတာမြို့ရှိ အီတီ ဟတ်ကွင်း၌ ယှဉ်ပြိုင်ကစားရန် စီစဉ်ထား သော်လည်း ဗြိတိန်ကျွန်းစုကို ဦးတည်တိုက် ခတ်ခဲ့သည့် Ciara မုန်တိုင်းကြောင့် ရွှေ့ဆိုင်း ခဲ့ရခြင်းဖြစ်သည်။ မန်စီးတီးအသင်းသည် ယင်းပွဲအပြီးတွင် ဆောင်းရာသီအားလပ်ရက် တစ်ပတ်ရရှိမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၂၂ ရက် မှသာ လက်စတာအသင်းနှင့် ပြန်လည်ကစားရမည်ဖြစ်သော်လည်း ယခုအခြေအနေအရ အားလပ်ရက် လျော့နည်းသွားမည်ဖြစ်သလို ပွဲကျပ်များ ဆက်တိုက်ကစားရတော့မည်ဖြစ်သည်။

ရွှေ့ဆိုင်းထားသည့် ဝက်စ်ဟမ်းနှင့်ပွဲကို ဖေဖော်ဝါရီ ၁၉ ရက် ဒေသစံတော်ချိန် ည ၇ နာရီခွဲ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၂ နာရီ) တွင် ပြန်လည်ကစားရန် ပရီးမီးယားလိဂ်ပြိုင်ပွဲက အတည်ပြုဆုံးဖြတ် ခဲ့ပြီး မန်စီးတီးအသင်းအနေဖြင့် ဖေဖော်ဝါရီ ၂၂ ရက်တွင် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အမှတ်ပေးဇယားတတိယနေရာမှ လက်စတာ အသင်းနှင့် အဝေးကွင်း၊ ဖေဖော်ဝါရီ ၂၆ ရက်တွင် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမ အကျော့အဖြစ် ရီးယဲလ်မက်ဒရစ်အသင်းနှင့် အဝေးကွင်း၊ မတ် ၁ ရက်တွင် လိဂ်ဖလား ဗိုလ်လုပွဲအဖြစ် ဗီလာအသင်းနှင့် ဆက်လက် ကစားရမည်ဖြစ်ရာ ၁၂ ရက်အတွင်း ပွဲကျပ် လေးပွဲအထိ ကစားရတော့မည်ဖြစ်သည်။ 

ထို့ပြင် မတ် ၄ ရက်တွင် FA ဖလား ပဉ္စမ အဆင့်အဖြစ် ရှက်ဖီးဝင်းစ်ဒေးအသင်းနှင့် အဝေးကွင်း၊ လေးရက်အကြာ မတ် ၈ ရက် တွင် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မန်ချက်စတာဒါဘီပြိုင်ဘက် မန်ယူအသင်းနှင့် အဝေးကွင်းပွဲများ ဆက်လက်ကစားရဦးမည်ဖြစ်သည်။ မန်စီးတီးအသင်းအနေဖြင့် လိဂ်ဖလား ဗိုလ်လုပွဲတက်ရောက်ခဲ့သောကြောင့် ပရီးမီးယားလိဂ်ပွဲစဉ် (၂၈) အဖြစ် အာဆင်နယ်အသင်းနှင့်ကစားမည့် အိမ်ကွင်းပွဲကိုလည်း ရွှေ့ဆိုင်းထားရပြီး ယင်းပွဲပြန်လည်ကစားမည့် ရက်ကိုမူ မဆုံးဖြတ်ရသေးကြောင်း သိရသည်။ 

Ciara မုန်တိုင်းကြောင့် မန်စီးတီး-ဝက်စ်ဟမ်းပွဲနှင့် အင်္ဂလန်အမျိုးသမီးဘောလုံးပွဲများ အပါအဝင် ဥရောပရှိ အားကစားပြိုင်ပွဲများစွာ ရွှေ့ဆိုင်းခဲ့ရသည်။

 

 

Most Read

Most Recent