ချယ်လ်ဆီးနှင့်ကစားမည့်ပွဲတွင် အီဂါလို ပါဝင်လာဖွယ်ရှိဟု ဆိုးလ်ရှား အတည်ပြု

ချယ်လ်ဆီးနှင့်ကစားမည့်ပွဲတွင် အီဂါလို ပါဝင်လာဖွယ်ရှိဟု ဆိုးလ်ရှား အတည်ပြု
Photos: Getty Images
Photos: Getty Images
Published 12 February 2020

"သူ(အီဂါလို)ဟာ ကျွန်တော်တို့ရဲ့အစီအစဉ်တွေကို လုပ်ဆောင်နေပြီဆိုတာ ဟုတ်ပါတယ်။ သူ့ရဲ့ကြံ့ခိုင်မှု ဘယ်လောက်ရှိသလဲဆိုတာ အခုတစ်ပတ်အတွင်း ကျွန်တော်တို့ အဖြေသိရပါမယ်။ သူ့အနေနဲ့ ကြံ့ခိုင်မှုအလျင်အမြန် ပြည့်ဝလာလိမ့်မယ်လို့ ကျွန်တော် ယူဆပါတယ်။ ကျွန်တော်တို့ကတော့ သူ့ကို အသင်းနဲ့ တတ်နိုင်သမျှမြန်မြန် ပူးပေါင်းနိုင်ဖို့ မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတာ သူဟာ အသင်းအတွက်ကစားပေးဖို့ အရူးအမူး ဖြစ်နေလို့ပါပဲ" ဟု ဆိုးလ်ရှားက မန်ယူအသင်း ဝက်ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။ 

 

 

လာမည့်ဇန်နဝါရီ ၁၇ ရက်၌ ချယ်လ်ဆီး အသင်းနှင့်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အငှားခေါ်ယူထားသည့် နိုင်ဂျီးရီးယားတိုက်စစ်မှူး အီဂါလို အသင်းလူစာရင်း၌ ပါဝင်လာဖွယ်ရှိသည်ဟု မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက အတည်ပြုပြောကြားခဲ့သည်။

"သူ(အီဂါလို)ဟာ ကျွန်တော်တို့ရဲ့အစီအစဉ်တွေကို လုပ်ဆောင်နေပြီဆိုတာ ဟုတ်ပါတယ်။ သူ့ရဲ့ကြံ့ခိုင်မှု ဘယ်လောက်ရှိသလဲဆိုတာ အခုတစ်ပတ်အတွင်း ကျွန်တော်တို့ အဖြေသိရပါမယ်။ သူ့အနေနဲ့ ကြံ့ခိုင်မှုအလျင်အမြန် ပြည့်ဝလာလိမ့်မယ်လို့ ကျွန်တော် ယူဆပါတယ်။ ကျွန်တော်တို့ကတော့ သူ့ကို အသင်းနဲ့ တတ်နိုင်သမျှမြန်မြန် ပူးပေါင်းနိုင်ဖို့ မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတာ သူဟာ အသင်းအတွက်ကစားပေးဖို့ အရူးအမူး ဖြစ်နေလို့ပါပဲ" ဟု ဆိုးလ်ရှားက မန်ယူအသင်း ဝက်ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။ 

တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်းမှ ပြောင်းရွှေ့လာသည့် အီဂါလိုသည် ကိုရိုနာ ဗိုင်းရပ်စ်အန္တရာယ်ကြောင့် ဗြိတိန်သို့ပြန်ဝင်ခွင့်မရရှိမည်ကို စိုးရိမ်သဖြင့်  မန်ယူအသင်း ၏စပိန်လေ့ကျင့်ရေးခရီးစဉ်သို့ လိုက်ပါသွား ခြင်းမရှိဘဲ မန်ချက်စတာတွင်သာ အသင်း၏စွမ်းဆောင်ရည်ပိုင်းဆိုင်းရာနည်းပြဖြစ်သူ ဝိန်းရစ်ချတ်ဆင်နှင့် ကြံ့ခိုင်မှုပိုင်းအတွက် လေ့ကျင့်ပြင်ဆင်နေပြီး အိုလံပစ်ပြိုင်ပွဲဝင်မည့် ဗြိတိန်တိုက်ကွမ်ဒိုအသင်းနှင့်လည်း ပူးတွဲလေ့ကျင့်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ထို့ပြင် ပရီးမီးယားလိဂ်ဆောင်းရာသီ အနားပေးရက်ကာလအတွင်း စပိန်နိုင်ငံ၌ လေ့ကျင့်ခန်းဆင်းခဲ့သည့် ကျန်ကစားသမားများ၏အခြေအနေနှင့်ပတ်သက်ပြီး ဆိုးလ်ရှားက ယခုကဲ့သို့ဖြေကြားခဲ့သည်။ "အလွန်ကောင်းပါတယ်။ ကစားသမားတွေဟာ အနားရထားလို့ ကျေနပ်နေတယ်လို့ ကျွန်တော် ယူဆပါတယ်။ သူတို့အတွက် အနားယူချိန် လိုအပ်ပါတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ သူတို့ပြန်လာပြီး လေ့ကျင့်ရေးကို  ကြိုးကြိုးစားစား အာရုံစိုက် လုပ်ဆောင်နေကြပါ တယ်"ဟု ဆိုးလ်ရှားက ပြောကြားခဲ့သည်။ 

မန်ယူအသင်းသည် လက်ရှိတွင် အဆင့်ရှစ် နေရာ၌ရပ်တည်နေပြီး အဆင့်လေးမှ ချယ်လ်ဆီးနှင့် ခြောက်မှတ်ကွာဟလျက်ရှိသည်။

 

 

Most Read

Most Recent