ခြေအိတ်တစ်ဖက်ဝတ်ရန်မေ့နေခဲ့သည့် ဆီဒီဘီကို အန်ဆယ်လော့တီ ဒေါသထွက်

ခြေအိတ်တစ်ဖက်ဝတ်ရန်မေ့နေခဲ့သည့် ဆီဒီဘီကို အန်ဆယ်လော့တီ ဒေါသထွက်
Published 10 February 2020

အဲဗာတန်အသင်းနည်းပြ အန်ဆယ်လော့တီသည် ဖေဖော်ဝါရီ ၈ ရက်က ပဲလေ့စ်အသင်းနှင့်ပွဲတွင် ခြေအိတ်တစ်ဖက်ဝတ်ရန် မေ့နေသဖြင့် ပြန်သွားယူရသည့် နောက်ခံလူ ဆီဒီဘီကို ဒေါသထွက်ခဲ့ကြောင်း သိရသည်။

ယင်းပွဲတွင် အဲဗာတန်အသင်းက (၃-၁) ဂိုးဖြင့် အနိုင်ရခဲ့ပြီး (၁-၀)ရလဒ်ဖြင့် ဦးဆောင်နေစဉ် ပထမပိုင်း ၂၅ မိနစ်တွင် ဒဏ်ရာရရှိသွားသည့် ဝေါလ်ကော့နေရာတွင် ဆီဒီဘီနှင့် လူစားလဲစဉ် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဆီဒီဘီသည် လူစားဝင်ရန် ကွင်းဘေးစည်း၌ ရပ်စောင့်နေစဉ် ဝဲဘက်ခြေထောက်တွင် ခြေအိတ်မဝတ်ရသေးကြောင်း သိရှိသွား သဖြင့် အဝတ်လဲခန်းသို့ ပြန်သွားယူခဲ့ရခြင်း ဖြစ်သည်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ အန်ဆယ်လော့တီက ''သူက ခြေအိတ်မေ့ကျန်ခဲ့တာပါ။ ဒါက သူ့အတွက်ရော ကျွန်တော့်အတွက်ပါ အတွေ့အကြုံသစ်ဖြစ်မယ်လို့ ထင်တယ်''ဟု ပြောကြားသည်။

အဲဗာတန်အသင်းသည် အန်ဆယ်လော့တီလက်ထက် ကိုးပွဲကစားရာ ပရီးမီးယားလိဂ်နှင့် FA ဖလား တစ်ပွဲစီသာ ရှုံးနိမ့်ပြီး ငါးပွဲနိုင်၊ နှစ်ပွဲသရေကျ ထားသည်။

Most Read

Most Recent