ဟွန်ဒါကို သူရဲကောင်းတစ်ဦးကဲ့သို့ ဘရာဇီးလ်ကလပ် ဘိုတာဖိုဂိုပရိသတ်များ ကြိုဆို

ဟွန်ဒါကို သူရဲကောင်းတစ်ဦးကဲ့သို့ ဘရာဇီးလ်ကလပ် ဘိုတာဖိုဂိုပရိသတ်များ ကြိုဆို
Photos: Getty Images
Photos: Getty Images
Published 9 February 2020

၎င်းသည် ဖေဖော်ဝါရီ ၇ ရက်တွင် ရီယိုဒီဂျနေးရိုး လေဆိပ်သို့ရောက်ရှိလာရာ ထောင်နှင့်ချီသည့် ဘိုတာဖိုဂိုအသင်းပရိသတ်များက ဂျာစီများဝတ်ဆင်ထားပြီး ဂျပန်အလံနဖူးစည်းများတပ်ဆင်၍ သူရဲကောင်းတစ်ဦးကဲ့သို့ ကြိုဆိုခဲ့ခြင်းဖြစ်သည်။

 

ဘရာဇီးလ်ကလပ် ဘိုတာဖိုဂိုအသင်း ကွင်းလယ်ကစားသမားသစ် ဟွန်ဒါသည် သူရဲကောင်းတစ်ဦးကဲ့သို့ ကြိုဆိုနှုတ်ဆက်ခံခဲ့ရကြောင်း သိရသည်။

အသက် ၃၃ နှစ်ရှိပြီဖြစ်သည့် ဂျပန်လက်ရွေးစင်ဟောင်း ဟွန်ဒါသည် ဒီဇင်ဘာတွင် နယ်သာလန်ကလပ် ဗွီတက်ဆီအသင်းနှင့် လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေသော်လည်း ဇန်နဝါရီ ၃၁ ရက်တွင် ဘိုတာဖိုဂိုအသင်းနှင့် စာချုပ်လက်မှတ်ရေးထိုးခဲ့သည်။

၎င်းသည် ဖေဖော်ဝါရီ ၇ ရက်တွင် ရီယိုဒီဂျနေးရိုး လေဆိပ်သို့ရောက်ရှိလာရာ ထောင်နှင့်ချီသည့် ဘိုတာဖိုဂိုအသင်းပရိသတ်များက ဂျာစီများဝတ်ဆင်ထားပြီး ဂျပန်အလံနဖူးစည်းများတပ်ဆင်၍ သူရဲကောင်းတစ်ဦးကဲ့သို့ ကြိုဆိုခဲ့ခြင်းဖြစ်သည်။

နောက်တစ်ရက်အကြာတွင်ပြုလုပ်သည့် တရားဝင် မိတ်ဆက်ပွဲအခမ်းအနားသို့လည်း ပရိသတ်များစွာ လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။ ဟွန်ဒါသည် VVV၊ CSKA မော်စကို၊ အေစီမီလန်၊ ပါချူကာ၊ မဲလ်ဘုန်း ဗစ်ထရီနှင့် ဗွီတက်ဆီအသင်းများ၌ ကစားခဲ့ဖူးသူဖြစ်သည်။

 

 

Most Read

Most Recent