၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ပြည်တွင်းပြည်ပကုမ္ပဏီများအနေဖြင့် လစဉ်အိတ်ဖွင့်တင်ဒါများ၌ ကျွန်းသစ်လုံး၊ ကျွန်း/သစ်မာခွဲသားနှင့် သစ်အခြေခံထုတ်ကုန်များ ဝင်ရောက်ယှဉ်ပြိုင်ဝယ်ယူလိုပါက သမာဓိအာမခံကြေး ဒေါ်လာ ၁၀၀၀၀ ထားရှိရမည်

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ပြည်တွင်းပြည်ပကုမ္ပဏီများအနေဖြင့် လစဉ်အိတ်ဖွင့်တင်ဒါများ၌ ကျွန်းသစ်လုံး၊ ကျွန်း/သစ်မာခွဲသားနှင့် သစ်အခြေခံထုတ်ကုန်များ ဝင်ရောက်ယှဉ်ပြိုင်ဝယ်ယူလိုပါက သမာဓိအာမခံကြေး ဒေါ်လာ ၁၀၀၀၀ ထားရှိရမည်
ပဲခူးရိုးမတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ- ဆန်းထူးအောင်)
ပဲခူးရိုးမတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ- ဆန်းထူးအောင်)
Published 9 February 2020
နီလာ

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ပြည်တွင်းပြည်ပကုမ္ပဏီများသည် လစဉ်အိတ်ဖွင့်တင်ဒါများ၌ ကျွန်းသစ်လုံး၊ ကျွန်း/သစ်မာခွဲသားနှင့် သစ်အခြေခံထုတ်ကုန်များ ဝင်ရောက်ယှဉ်ပြိုင်ဝယ်ယူလိုပါက သမာဓိအာမခံကြေး ဒေါ်လာ ၁၀၀၀၀ ထားရှိရမည်ဟု မြန်မာ့သစ်လုပ်ငန်းက ထုတ်ပြန်ခဲ့သည်။

သစ်မာသစ်လုံးများအတွက် သမာဓိအာမခံကြေးကို တန် ၁၀၀၀ အထိ ဒေါ်လာ ၁၀၀၀၀၊ ၁၀၀၁ တန်မှ တန် ၂၀၀၀ အထိ ဒေါ်လာ ၂၀၀၀၀၊ ၂၀၀၁ တန်မှ တန် ၃၀၀၀ အထိ ဒေါ်လာ ၃၀၀၀၀ အသီးသီး ထားရှိရမည်ဖြစ်ကြောင်းနှင့် သမာဓိ အာမခံကြေး သိမ်းယူခြင်းမခံရပါက ထိုငွေပမာဏသည် ကျင်းပသည့် အိတ်ဖွင့်တင်ဒါအားလုံးအတွက် အကျုံးဝင်ကြောင်း သိရသည်။

သမာဓိ အာမခံကြေးကို Bank Gurantee ဖြင့်သာ လက်ခံကြောင်း၊ ငွေသားဖြင့် လက်မခံပါက Bank Gurantee သက်တမ်းသည် အိတ်ဖွင့်တင်ဒါ ကျင်းပသည့်နေ့မှ လေးလအထိရှိရမည်ဖြစ်ကြောင်း၊ အိတ်ဖွင့်တင်ဒါ ရောင်းချမည့်စနစ်မှာ ကျွန်း/သစ်မာ သစ်လုံးအိတ်ဖွင့် တင်ဒါ (ရန်ကုန်)၊ ကျွန်း/သစ်မာ သစ်လုံးအိတ်ဖွင့်တင်ဒါ (နယ်)၊ ကျွန်း/သစ်မာခွဲသားနှင့် သစ်အခြေခံ ထုတ်ကုန် အိတ်ဖွင့်တင်ဒါတို့ ဖြစ်ကြောင်း၊ သစ်ဖိုးငွေပေးချေမှုကို PAAL/C (Payment Againg Ready Accepted Cargo) with TT reimbursement/ Red Clause L/C, Telex Transfer (TT) and Account Transfer တို့ဖြင့် ပေးချေနိုင်ကြောင်း သိရသည်။

သစ်လုံး (သို့မဟုတ်) သစ်ခွဲ သားလပ်ပုံများအတွက် သစ်ဖိုးငွေ အပြည့်အဝကို အိတ်ဖွင့်တင်ဒါ       ရောင်းချသည့်နေ့ရက်မှ ၇၅ ရက်အတွင်း ပေးသွင်းရန်ဖြစ်ပြီး ပျက်ကွက်ပါက သမာဓိအာမခံကြေးကို သိမ်းယူ၍ အိတ်ဖွင့်တင်ဒါအောင်လပ်ပုံကိုပါ သိမ်းယူမည်။ ၎င်းအပြင် ကျွန်းသစ်လုံး၊ ကျွန်း/သစ်မာ ခွဲသားနှင့် သစ်ထုတ်ကုန်များအတွက် ပျက်ကွက်ပါက တစ်ကြိမ်၊ သစ်မာသစ်လုံးအတွက် ပျက်ကွက်ပါက သုံးကြိမ် အသီးသီး အိတ်ဖွင့်တင်ဒါဝင်ခွင့် ရပ်နားမည်ဖြစ်ကြောင်း၊ သမာဓိအာမခံကြေး ကင်းလွတ်ခွင့်၊ လပ်ပုံသိမ်းယူခြင်း ကင်းလွတ်ခွင့်နှင့် အိတ်ဖွင့်တင်ဒါ ရပ်နားခြင်း ကင်းလွတ်ခွင့်တို့အတွက် မည်သည့်အကြောင်းပြချက်ကိုမျှ လက်ခံစဉ်းစားမည်မဟုတ်ကြောင်း သိရသည်။

မြန်မာ့သစ်လုပ်ငန်းပိုင် စက်ရုံများမှ FOB ဖြင့်ရောင်းချထားသည့် မြန်မာ့သစ်လုပ်ငန်းပိုင်သစ်ခွဲသားနှင့် သစ်အခြေခံထုတ်ကုန်များကို မြန်မာ့သစ်လုပ်ငန်း၏ ကြီးကြပ်မှုဖြင့် ပြည်ပတင်ပို့နိုင်ကြောင်း သိရသည်။

အိတ်ဖွင့်တင်ဒါ၌ ရောင်းချသည့် သစ်လုံးသစ်ခွဲသားများကို ပုဂ္ဂလိကစက်ရုံများတွင် ခွဲစိတ်ထုတ်လုပ်ခြင်းနှင့် ပြည်ပတင်ပို့ခြင်းတို့ကို သစ်တောဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

သစ်ဖိုးငွေ အပြည့်အဝပေး သွင်းပြီးသော လပ်ပုံများအတွက် သဘာဝဘေးအန္တရာယ်များ၊ ရန်သူမျိုး ငါးပါးနှင့် ထိန်းချုပ်၍မရနိုင်သော အခြေအနေများကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ်ပါက ဝယ်သူ၏တာဝန်သာဖြစ်ကြောင်း သိရသည်။

အိတ်ဖွင့်တင်ဒါလပ်ပုံများနှင့် စပ်လျဉ်း၍ ဝယ်သူများသည် စျေးပေးယှဉ်ပြိုင်ဝယ်ယူမည့် လပ်ပုံနှင့် သက်ဆိုင်သည့်သစ်အမျိုးအစား၊ သစ်အတန်းအစား၊  အတိုင်းအတာနှင့် တန်ပမာဏတို့ကို စစ်ဆေးလက်ခံပြီးဖြစ်သည်ဟု မြန်မာ့သစ်လုပ်ငန်းက မှတ်ယူမည်ဖြစ်ကြောင်း သို့မဟုတ် စျေးပေးအောင်မြင်ပြီးသည့် လပ်ပုံများနှင့်စပ်လျဉ်း၍ နောက်ပိုင်းကွဲလွဲမှုများကို တာဝန်ယူ ဖြေရှင်းပေးမည်မဟုတ် ကြောင်း မြန်မာ့သစ်လုပ်ငန်းက ထုတ်ပြန်ထားသည်။

 

 

Most Read

Most Recent