ရီးယဲလ်မက်ဒရစ်အသင်း၏ ပြိုင်ပွဲစုံရှုံးပွဲမရှိသည့်ရက်ပေါင်း (၁၀၅)ရက်အထိရှိလာ

ရီးယဲလ်မက်ဒရစ်အသင်း၏ ပြိုင်ပွဲစုံရှုံးပွဲမရှိသည့်ရက်ပေါင်း (၁၀၅)ရက်အထိရှိလာ
Photos: Getty Images
Photos: Getty Images
Published 1 February 2020

 

စပိန်ထိပ်သီးကလပ်ရီးယဲလ်မက်ဒရစ်အသင်း၏ ယခုရာသီပြိုင်ပွဲစုံ ရှုံးပွဲဆက်တိုက်မရှိသည့်ရက်ပေါင်းမှာ (၁၀၅)ရက်  (ယနေ့ဖေဖော်ဝါရီ ၁ ရက်နေ့အထိ) ရှိလာပြီဖြစ်ကြောင်း စပိန်အားကစားသတင်းစာ Marca ကဖော်ပြခဲ့သည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် တစ်ကျော့ပြန်နည်းပြဇီဒန်းလက်ထက် ယခုရာသီတွင် တည်ငြိမ်သည့်ပုံစံကိုပြသနေပြီး ပြိုင်ပွဲစုံနောက်ဆုံးပွဲ (၂၀)ဆက်တိုက်ရှုံးပွဲမရှိအောင်စွမ်းဆောင်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။

ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် အောက်တိုဘာ (၂၀)ရက်နေ့ကယှဉ်ပြိုင်ခဲ့သော လာလီဂါပွဲစဉ်တစ်ပွဲဖြစ်သည့် မာယော့ကာအသင်းနှင့်အဝေးကွင်းပွဲစဉ်တွင် (၀-၁)ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်ပိုင်း ပြိုင်ပွဲစုံတွင်ရှုံးပွဲမရှိအောင်စွမ်းဆောင်ထား နိုင်ခြင်းလည်းဖြစ်သည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် နောက်ဆုံးကစားခဲ့သည့် ပြိုင်ပွဲစုံပွဲ (၂၀)တွင် (၁၄)ပွဲနိုင်၊ (၆)ပွဲသရေ (အက်သလက်တီကိုအသင်းအား စပိန်စူပါဖလားဗိုလ်လုပွဲတွင်ပယ်နယ်တီဖြင့်အနိုင်ရသည့်ပွဲအား သရေရလဒ်သာသတ်မှတ်) ရလဒ်ကိုရရှိခဲ့ပြီး၊ အဆိုပါပွဲ (၂၀)တွင် ဂိုးမပေးရသည့်ပွဲ (၁၂)ပွဲအထိရှိခဲ့သည်။

ထို့ပြင် ရီးယဲလ်မက်ဒရစ်အသင်းသည် အောက်တိုဘာ (၂၀)ရက်နေ့နောက်ပိုင်းစတင်တွက်ချက်ပါက ဥရောပထိပ်တန်းလိဂ် (၅)ခုတွင် ပြိုင်ပွဲစုံရှုံးပွဲမရှိသည့် တစ်သင်းတည်းသောအသင်းအဖြစ်လည်း ရပ်တည်နေကြောင်းသိရသည်။

ရီးယဲလ်မက်ဒရစ်အသင်းရှုံးပွဲမရှိခဲ့သည့် ပြိုင်ပွဲစုံပွဲ (၂၀)တွင် PSG အသင်းနှင့်ချန်ပီယံလိဂ်အိမ်ကွင်းပွဲစဉ်၊ ဘာစီလိုနာ၊ ဗလင်စီယာတို့နှင့် လာလီဂါအဝေးကွင်းပွဲစဉ်များနှင့် ဗလင်စီယာ၊ အက်သလက်တီကိုတို့အားအနိုင်ရဗိုလ်စွဲခဲ့သော စပိန်စူပါဖလားပွဲစဉ်များလည်းပါဝင်ကြောင်းသိရသည်။

 

Most Read

Most Recent