ဘာစီလိုနာအသင်းထက် PSG အသင်းတွင် နေမာ ခြေစွမ်းပိုပြနိုင်ကြောင်း Transfermarkt ဖော်ပြ

ဘာစီလိုနာအသင်းထက် PSG အသင်းတွင် နေမာ ခြေစွမ်းပိုပြနိုင်ကြောင်း Transfermarkt ဖော်ပြ
Photos: AFP
Photos: AFP
Published 29 January 2020

နေမာသည် လက်ရှိတွင် PSG အသင်းအတွက် ခြေစွမ်းပြကစားနေပြီး ယခုရာသီတွင် အသင်းအတွက် ပြိုင်ပွဲစုံ (၁၇)ပွဲတွင် (၁၅)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု (၉)ကြိမ်အထိ ပြုလုပ်ထားသည်။ Transfermarkt ၏ ဖော် ပြချက်အရ နေမာသည် PSG အသင်းတွင် ဘာစီလိုနာအသင်း၌ ကစားစဉ်ကထက် ဂိုးသွင်းနှုန်းနှင့် ဂိုးဖန်တီးမှု ပိုများနေခြင်းဖြစ်သည်။

 

ဘရာဇီးလ်တိုက်စစ်မှူး နေမာ သည် ဘာစီလိုနာအသင်းထက် PSG အသင်းတွင် ပိုခြေစွမ်းပြနိုင်ကြောင်း Transfermarkt က ဖော်ပြခဲ့သည်။

နေမာသည် လက်ရှိတွင် PSG အသင်းအတွက် ခြေစွမ်းပြကစားနေပြီး ယခုရာသီတွင် အသင်းအတွက် ပြိုင်ပွဲစုံ (၁၇)ပွဲတွင် (၁၅)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု (၉)ကြိမ်အထိ ပြုလုပ်ထားသည်။ Transfermarkt ၏ ဖော် ပြချက်အရ နေမာသည် PSG အသင်းတွင် ဘာစီလိုနာအသင်း၌ ကစားစဉ်ကထက် ဂိုးသွင်းနှုန်းနှင့် ဂိုးဖန်တီးမှု ပိုများနေခြင်းဖြစ်သည်။

နေမာသည် ၂၀၁၇ ခုနှစ်တွင် PSG အသင်းသို့ ပြောင်းရွှေ့ပြီးတည်းက အသင်းအတွက် ပြိုင်ပွဲစုံ (၇၅)ပွဲတွင် (၆၆)ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၃၅)ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့သည်။ ယင်းမှာ (၁)ပွဲလျှင် (၀.၈၈)ဂိုး နှင့် ဂိုးဖန်တီးမှု (၀.၄၆)ကြိမ် ပြုလုပ် နိုင်ခြင်းဖြစ်သည်။

နေမာသည် ဘာစီလိုနာအသင်းတွင် (၁၈၆)ပွဲကစားခဲ့ပြီး (၁၀၅)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု (၇၅) ကြိမ်ပြုလုပ်နိုင်ခဲ့သည်။ ယင်းမှာ (၁) ပွဲလျှင် ပျမ်းမျှ (၀.၅၆)ဂိုးနှင့် ဂိုးဖန်တီးမှု (၀.၄)ကြိမ် ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ နေမာက လက်ရှိတွင် မိမိအနေဖြင့် အကောင်းဆုံးခြေစွမ်းကို ပိုင်ဆိုင်ထားကြောင်း ပြောကြားခဲ့သည်။

 

 

Most Read

Most Recent