အင်တာမီလန်နှင့် အငှားစာချုပ်သက်တမ်းပြည့်ပါက မန်ယူအသင်းသို့ ဆန်းချက်ဇ် ပြန်လာမည်ဟု ဆိုးလ်ရှား အတည်ပြု

အင်တာမီလန်နှင့် အငှားစာချုပ်သက်တမ်းပြည့်ပါက မန်ယူအသင်းသို့ ဆန်းချက်ဇ် ပြန်လာမည်ဟု ဆိုးလ်ရှား အတည်ပြု
Photos: Getty Images & EPA
Photos: Getty Images & EPA
Published 29 January 2020

မန်ယူနည်းပြ ဆိုးလ်ရှားက အသင်းတောင်ပံကစားသမား ဆန်းချက်ဇ်အနေဖြင့် အင်တာမီလန်နှင့် အငှားစာချုပ် သက်တမ်းပြည့်ပါက မန်ယူအသင်းသို့ ပြန်လာမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

 

မန်ယူနည်းပြ ဆိုးလ်ရှားက အသင်းတောင်ပံကစားသမား ဆန်းချက်ဇ်အနေဖြင့် အင်တာမီလန်နှင့် အငှားစာချုပ် သက်တမ်းပြည့်ပါက မန်ယူအသင်းသို့ ပြန်လာမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

အသက် (၃၁)နှစ်အရွယ်ရှိ ချီလီဝါရင့်တောင်ပံကစားသမား ဆန်းချက်ဇ်သည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် အင်တာမီလန်အသင်းသို့ တစ်ရာသီစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး မန်ယူအသင်းနှင့် ၎င်း၏ စာချုပ်မှာ ၂၀၂၂ ခုနှစ်၊ ဇွန်လ (၃၀)ရက်တွင်မှ ကုန်ဆုံးမည်ဖြစ်သည်။ 

ဆန်းချက်ဇ်သည် အင်တာမီလန်အသင်းတွင် ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်နေရပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၇)ပွဲတွင် (၁) ဂိုးသာ သွင်းယူထားသည်။ ထို့ကြောင့် ဆန်းချက်ဇ်အနေဖြင့် မန်ယူအသင်းသို့ ပြန်လာဖွယ်မရှိတော့ဘဲ အသင်းမှ အပြီးထွက်ခွာရဖွယ်ရှိနေသည်ဟု ဥရောပမီဒီယာများက ဖော်ပြခဲ့ကြသည်။ 

သို့သော် မန်ယူနည်းပြ ဆိုးလ်ရှားက ဆန်းချက်ဇ်မှာ အသင်း၏ အနာဂတ်စီမံကိန်းတွင် ပါဝင်နေဆဲဖြစ်ကြောင်း မန်စီးတီးနှင့် ကစားမည့် လိဂ်ဖလားဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲကြိုအဖြစ် ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။ 

ဆိုးလ်ရှားက "အင်တာမီလန်အသင်းနဲ့ အငှားစာချုပ်သက်တမ်းပြည့်တာနဲ့ မန်ယူအသင်းကို ဆန်းချက်ဇ် ပြန်လာပါလိမ့်မယ်။ သူ့အနေနဲ့ မန်ယူအသင်းမှ ပြန်လည်ခြေစွမ်းပြပြီး ဝေဖန်သူတွေ မှားယွင်းကြောင်း သက်သေပြပါလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ ကစားသမားကောင်းတွေကို ဆုံးရှုံးခံမှာ မဟုတ်ပါဘူး"ဟု ပြောကြားခဲ့သည်။ 

မန်ယူအသင်းသည် ဆန်းချက်ဇ်ကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် မစ်ခီတာရီယန်းနှင့် အလဲအထပ်ပြုလုပ်ကာ ခေါ်ယူခဲ့သည်။ သို့သော် ဆန်းချက်ဇ်သည် မန်ယူအသင်းတွင် ပုံမှန်ခြေစွမ်းရရန် ရုန်းကန်ခဲ့ရပြီး (၁)ရာသီခွဲအတွင်း ပြိုင်ပွဲစုံ (၄၅)ပွဲတွင် (၅)ဂိုးသာ သွင်းယူနိုင်ခဲ့သည်။ 

 

Most Read

Most Recent