ရိုဒရီဂို၏ အပြောင်းအရွှေ့အတွက် ဘာစီလိုနာနှင့် ဗလင်စီယာအသင်း ဆွေးနွေး

ရိုဒရီဂို၏ အပြောင်းအရွှေ့အတွက် ဘာစီလိုနာနှင့် ဗလင်စီယာအသင်း ဆွေးနွေး
Published 28 January 2020

 

ဘာစီလိုနာနှင့် ဗလင်စီယာအသင်းတို့သည် စပိန်တိုက်စစ်မှူး ရိုဒရီဂို၏ အပြောင်းအရွှေ့အတွက် တနင်္လာနေ့က ဆွေးနွေးမှုများ စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ဘာစီလိုနာအသင်းသည် တိုက်စစ်မှူး ဆွာရက်ဇ်၏နေရာကို အစားထိုးရန် တို်က်စစ်မှူးအသစ် ရှာဖွေနေခြင်းဖြစ်ပြီး စျေးကွက်ပိတ်ခါနီးပြီဖြစ်၍ လှုပ်ရှားမှုကို အရှိန်မြှင့်လာခြင်းဖြစ်သည်။ 

ဗလင်စီယာကစားသမားများက ရိုုဒရီဂိုကို  ရောင်းထုတ်မည့်အစီအစဉ်အား ကန့်ကွက်နေကြသော်လည်း ဗလင်စီယာအသင်းပိုင် ရှင် ပီတာလင်းက ယူရိုသန်း(၆၀)ဝန်းကျင် ရရှိလျှင် ရောင်းထုတ်ရန် ဆန္ဒရှိနေကြောင်း သိရသည်။ 

ထို့ကြောင့် ဗလင်စီယာအသင်းဥက္ကဋ္ဌ မာသီနှင့် အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒက်စ်တို့သည် တနင်္လာနေ့က ဘာစီလိုနာသို့ သွားရောက်ကာ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘာစီလိုနာအသင်းသည် အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းကို ခေါ်ယူရန်အဆင်မပြေဖြစ်ခဲ့ပြီးနောက် ရိုဒရီဂိုကို အဓိကပစ်မှတ်ထားလာခြင်းဖြစ်သည်။

အူဘာမီယန်း၏အပြောင်းအရွှေ့မှာ အာဆင်နယ်အသင်းမှ ပြောင်းရွှေ့ကြေး ပေါင်သန်း(၅၀)အထိ အလိုရှိခဲ့သောကြောင့် ပျက်ပြယ်ခဲ့ရခြင်းဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။