ကိုဘီဘရိုင်ယန်ကွယ်လွန်ပြီးနောက် နာမည်ကျော်ဘောလုံးသမားအချို့၏ ဝမ်းနည်းစကားသံများ

ကိုဘီဘရိုင်ယန်ကွယ်လွန်ပြီးနောက် နာမည်ကျော်ဘောလုံးသမားအချို့၏ ဝမ်းနည်းစကားသံများ
Photos : AFP, Twitter
Photos : AFP, Twitter
Published 28 January 2020

 

မက်ဆီ - ပြောစရာစကားလုံးတောင် မရှိပါဘူး။ ကျွန်တော်ရဲ့ ချစ်ခြင်းတရားအားလုံးဟာ ကိုဘီရဲ့မိသားစုနဲ့ မိတ်ဆွေတွေအတွက်ပါ။ ခင်ဗျားနဲ့ တွေ့ခွင့်ရခဲ့တဲ့အတွက် အရမ်းကျေနပ် မိပြီး ပျော်ရွှင်စရာအချိန်ကောင်းတွေကို မျှဝေခွင့်ရခဲ့ပါတယ်။ ကျွန်တော်တို့ဟာ တခြားလူနည်းစုလို ပါရမီရှင်အနည်းငယ်ထဲက လူတွေပါ။ 

စီရော်နယ်လ်ဒို - ကိုဘီနဲ့ သမီးလေး ဂျီယန်နာတို့ရဲ့ ရင်ကွဲစရာ သတင်းဆိုးကြီးအတွက် အရမ်းဝမ်းနည်းရပါတယ်။ ကိုဘီဟာ တကယ့်ဂန္ထဝင်တစ်ဦးဖြစ်ပြီး လူသန်းပေါင်းများစွာရဲ့ အတု ယူလေးစားခြင်းကိုခံရသူလည်းဖြစ်ပါတယ်။ ကိုဘီနဲ့အတူ သေဆုံးသွားခဲ့ကြတဲ့ သူအားလုံးရဲ့မိသားစုတွေအတွက် ကျွန်တော်ဝမ်းနည်းကြောင်းပြောကြားလိုပါတယ်။ ငြိမ်းချမ်းစွာ အနားယူပါ ဂန္ထဝင်ကြီး။

ဘာပေ - ငြိမ်းချမ်းစွာ အနားယူပါ ဂန္ထဝင်ကြီး။ 

နေမာ - အားကစားလောကအတွင်းမှာရှိတဲ့ ကျွန်တော်တို့အတွက်၊ ပရိသတ်တွေအတွက် ဝမ်းနည်းစရာကောင်းတဲ့နေ့ပါ။ အထူးသဖြင့် ကိုဘီရဲ့မိသားစုနဲ့ မိတ်ဆွေအတွက်ပေါ့။ ဂန္ထဝင်တစ်ဦးဟာ သူ့ရဲ့လက်တွေနဲ့ ထုဆစ်ခဲ့ပြီး အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ် ကိုဘီ။ ခင်ဗျားရဲ့မိသားစုနဲ့ မိတ်ဆွေတွေကို ဘုရားသခင် နှစ်သိမ့်မှုပေးနိုင်ပါစေ။

ဆာလာ - ကြောက်မက်ဖွယ်ရာကောင်းတဲ့ မတော်တဆမှုအတွက် ကိုဘီရဲ့မိသားစု၊ မိတ်ဆွေနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်။

စတာလင် - အေးဆေးငြိမ်သက်စွာ အနားယူပါ ဂန္ထဝင်ကြီး။ 

ဗန်ဒိုက် - ပြောစရာစကားမရှိ၊ ကြေကွဲစရာပါပဲ။ ကျွန်တော်တို့ရဲ့အတွေးများဟာ ဒီကြောက်မက်ဖွယ်ကောင်းတဲ့အခိုက်အတန့်မှာ ဘရိုင်ယန်မိသားနဲ့ထပ်တူပါပဲ။

ပေါ့ဘာ - သူရဲကောင်းတွေက ရောက်လာကြတယ်။ ပြန်ထွက်သွားကြတယ်။ ဂန္ထဝင်တွေကတော့ ထာဝရပါပဲ။ ကိုဘီ၊ ဂျီယန်နာနဲ့ အခြားသော ကွယ်လွန်သူအားလုံးရဲ့မိသားစုတွေ အတွက် ကျွန်တော် ဆုတောင်းပေးနေပါတယ်။ 

ဆွာရက်ဇ် - ဒီဖြစ်ရပ်ဆိုးကြီးကို ကြုံတွေ့ခဲ့တဲ့ ကိုဘီ၊ ဂျီယန်နာနဲ့ တခြားသူတွေအားလုံးရဲ့မိသားစုတွေအတွက် ကြေကွဲဝမ်းနည်းမိပါတယ်။