ဂျာမန်ဘွန်ဒစ်လီဂါပွဲစဉ် (၁၈) ပွဲကြိုသုံးသပ်ချက်

ဂျာမန်ဘွန်ဒစ်လီဂါပွဲစဉ် (၁၈) ပွဲကြိုသုံးသပ်ချက်
Photo : Leipzig Facebook
Photo : Leipzig Facebook
Published 18 January 2020

 

ဟော်ဖန်ဟင်မ် - ဖရန့်ဖတ် (စနေည ၉းဝ၀ နာရီ)

ဖရန့်ဖတ်က နောက်ဆုံး(၇)ပွဲမှာ (၁)ပွဲသာသရေကျပြီး (၆)ပွဲရှုံးနိမ့်ထားတဲ့အထိ အခြေအနေဆိုးနေတယ်။ ဒီပွဲလည်း ဖရန့်ဖတ် အမှတ်ပြည့်ရဖို့ မလွယ်သေးးဘူး။

ဒစ်ဆယ်ဒေါ့ဖ် - ၀ါဒါဘရီမင် (စနေည ၉းဝ၀ နာရီ)

(၄)ပွဲဆက်ရှုံးပြီး တန်းဆင်းဇုန်ထဲအထိရောက်နေတဲ့ ၀ါဒါ ဘရီမင်အသင်း ပြန်ရုန်းထဖို့ အချိန်တန်ပါပြီ။ ၀ါဒါဘရီမင် အ နိုင်နဲ့သရေပါပဲ။

မိန့်ဇ် - ဖရိုင်းဘတ် (စနေည ၉းဝ၀ နာရီ)

ဖရိုင်းဘတ်အသင်း နောက်ဆုံး(၆)ပွဲမှာ (၁)ပွဲပဲ အနိုင်ရခဲ့ ပေမယ့် ပွဲကျပ်ကာလကို ဖြတ်သန်းခဲ့ရတာပါ။ အဝေးကွင်းမှာ ဖရိုင်းဘတ် ရှုံးဖို့တော့မရှိပါဘူး။

အော့စ်ဘတ် - ဒေါ့မွန် (စနေည ၉းဝ၀ နာရီ)

လိုက်ပ်ဇစ်နဲ့အတွေ့မှာ အော့စ်ဘတ် ရပ်တန့်ခဲ့ပေမယ့်  အဆိပ်ရှိနေဆဲပဲဖြစ်ပါတယ်။ ဒေါ့မွန်အသင်း အနိုင်ရရင်တောင် ဂိုးမပြတ်မှာသေချာလို့ အော့စ်ဘတ်ကို ပိုကြိုက်တယ်။

ကိုလုံး - ဝုလ်ဖ်ဘတ် (စနေည ၉းဝ၀ နာရီ)

ကိုလုံးက (၃)ပွဲဆက်အနိုင်ကစားပြီး တန်းဆင်းဇုန်က ရုန်းထွက်လာတယ်။ အိမ်ကွင်းမှာ ကိုလုံး အမှတ်ထပ်ယူနိုင်ဦး မယ်ထင်တယ်။

လိုက်ပ်ဇစ် - အူန်ယွန်းဘာလင် (စနေည ၁၂းဝ၀ နာရီ)

လိုက်ပ်ဇစ်အသင်း အိမ်ကွင်း(၄)ပွဲဆက်တိုက် ဂိုးပြတ်နိုင် ပွဲတွေ ရယူထားတယ်။ အခုပွဲလည်း လိုက်ပ်ဇစ်ဂိုးပြတ်အနိုင်ယူ ဦးမယ်။

 

Most Read

Most Recent