ဖလာမင်ဂိုနှင့် ကစားမည့် ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ဗန်ဒိုက် ပါဝင်ကစားဖွယ်ရှိ

ဖလာမင်ဂိုနှင့် ကစားမည့် ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ဗန်ဒိုက် ပါဝင်ကစားဖွယ်ရှိ
Photo: Getty Images
Photo: Getty Images
Published 20 December 2019

လီဗာပူးလ်အသင်းနောက်ခံလူ ဗန်ဒိုက်သည် လာမည့်စနေနေ့တွင် ကစားမည့် ဖလာမင်ဂိုနှင့် ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် ပါဝင်ကစားဖွယ်ရှိနေကြောင်း သိရသည်။ 

လီဗာပူးလ်အသင်းနောက်ခံလူ ဗန်ဒိုက်သည် လာမည့်စနေနေ့တွင် ကစားမည့် ဖလာမင်ဂိုနှင့် ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် ပါဝင်ကစားဖွယ်ရှိနေကြောင်း သိရသည်။ 

အသက် (၂၈)နှစ်အရွယ်ရှိ နယ်သာလန်နောက်ခံလူ ဗန်ဒိုက်သည် အဖျားရောဂါကြောင့် အင်္ဂါနေ့က ကစားခဲ့သည့် ကလပ်ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ် မွန်တာရေး (၁-၂) လီဗာပူးလ်ပွဲကို လွဲချော်ခဲ့သည်။ 

သို့သော် ဗြိတိန်သတင်းစာ Daily Mail ၏ ဖော်ပြချက်အရ ဗန်ဒိုက်သည် ကြာပတေးနေ့က ပြုလုပ်ခဲ့သည့် လီဗာပူးလ်အသင်း၏ လေ့ကျင့်ရေးအစီအစဉ်ကို ပြီးဆုံးအောင် ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

မွန်တာရေးနှင့်ပွဲတွင် ဗန်ဒိုက် ပါဝင်ကစားနိုင်ခြင်းမရှိသည့်အတွက် အသင်းခေါင်းဆောင် ဟန်ဒါဆန်မှာ နောက်တန်းဆင်းကစားခဲ့ရပြီး လီဗာပူးလ်အသင်း၏ ခံစစ်မှာ ဟာကွက်များစွာဖြစ်ပေါ်ခဲ့ရသည်။ 

ယခုအခါ ဗန်ဒိုက် လေ့ကျင့်ခန်းပြန်ဆင်းနိုင်ပြီဖြစ်သည့်အတွက် လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်အနေဖြင့် ဖလာမင်ဂိုနှင့်ပွဲတွင် ၎င်းကို အသုံးပြုသွားဖွယ်ရှိနေကြောင်း သိရသည်။ 

လီဗာပူးလ်အသင်းသည် ၂၀၁၉ ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲအဖြစ် လာမည့် စနေနေ့ (မြန်မာစံတော်ချိန် ည ၁၂:၀၀ နာရီ) တွင် ဘရာဇီးလ်ကလပ် ဖလာမင်ဂိုအသင်းနှင့် ကစားရမည်ဖြစ်သည်။ 

 

Most Read

Most Recent