ဘာစီလိုနာအသင်းမှထွက်ခွာခဲ့ခြင်းမှာ မက်ဆီကြောင့် မဟုတ်ဟု နေမာ ပြောကြား

ဘာစီလိုနာအသင်းမှထွက်ခွာခဲ့ခြင်းမှာ မက်ဆီကြောင့် မဟုတ်ဟု နေမာ ပြောကြား
Photo: Getty Images
Photo: Getty Images
Published 18 December 2019

PSG အသင်းတိုက်စစ်မှူးနေမာက မိမိအနေဖြင့် ဘာစီလိုနာအသင်းမှထွက်ခွာခဲ့ခြင်းမှာ မက်ဆီကြောင့် မဟုတ်ဟု ပြောကြားခဲ့သည်။

PSG အသင်းတိုက်စစ်မှူးနေမာက မိမိအနေဖြင့် ဘာစီလိုနာအသင်းမှထွက်ခွာခဲ့ခြင်းမှာ မက်ဆီကြောင့် မဟုတ်ဟု ပြောကြားခဲ့သည်။

နေမာသည် ၂၀၁၇ ခုနှစ်တွင် ဘာစီလိုနာအသင်းမှ PSG အသင်းသို့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို (၂၂၂)သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။

နေမာအနေဖြင့် PSG အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းမှာ ဘာစီလိုနာတွင် မက်ဆီ၏ လောင်းရိပ်အောက်မှ ရုန်းထွက်လိုခြင်းနှင့် ကမ္ဘာ့အကောင်းဆုံးဆုများကို ရယူလိုခြင်းကြောင့် ဖြစ်သည်ဟု ဥရောပမီဒီယာများနှင့် ဘောလုံးဝေဖန်သူများက သုံးသပ်ခဲ့ကြသည်။

သို့သော် နေမာက မိမိအနေဖြင့် ဘာစီလိုနာအသင်းမှထွက်ခွာခဲ့ခြင်းမှာ ရည်မှန်းချက်အသစ်များအတွက်သာဖြစ်ပြီး မက်ဆီကြောင့် မဟုတ်ဟု ရှင်းလင်းပြောကြားခဲ့သည်။

နေမာက ''ဘာစီလိုနာအသင်းကနေ ကျွန်တော် ထွက်ခွာခဲ့တာဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်ချင်လို့၊ Ballon d'Or ဆုလိုချင်လို့ဆိုတဲ့ အချက်တွေဟာ မမှန်ပါဘူး။ ကျွန်တော့်အနေနဲ့ ဘာစီလိုနာအသင်းက ထွက်ခွာခဲ့တာဟာ ရည်မှန်းချက်အသစ်တွေ၊ ပန်းတိုင်အသစ်တွေကို သွားချင်လို့ပါပဲ။ မက်ဆီနဲ့ တန်းတူဖြစ်ချင်တယ်ဆိုတဲ့ အတွေးမျိုး ကျွန်တော့်မှာ မရှိပါဘူး။ မက်ဆီနဲ့အတူ တွဲဖက်ကစားခွင့်ရခဲ့တာဟာ ကျွန်တော့်အတွက် ဂုဏ်ယူစရာဖြစ်ပါတယ်။ မက်ဆီဟာ ကျွန်တော့်ရဲ့ သူငယ်ချင်းဖြစ်ပြီး သူ့ကို အမြဲတမ်း ကျွန်တော်ချစ်ခင်သွားမှာပါ" ဟုပြောကြားခဲ့သည်။

နေမာသည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့က ဘာစီလိုနာအသင်းသို့ ပြန်လည်ပြောင်းရွှေ့ရန်စီစဉ်ခဲ့သော်လည်း လက်ရှိအချိန်တွင်မူ ဘာစီလိုနာအသင်းကို တရားစွဲဆိုမှုများပြုလုပ်ထားသလို၊ PSG အသင်းတွင် ပျော်ရွှင်နေသည်ဟုလည်း ပြောကြားထားကြောင်း သိရသည်။

 

Most Read

Most Recent