Del Jugador ဟု အမည်ရသည့် အဆိုပါ APP ကို မိုဘိုင်းဖုန်းတွင် ထည့်သွင်းထားမည်ဆိုပါက လာလီဂါကစားသမားများအနေဖြင့် ပွဲအပြီးတွင် မိမိတို့ စွမ်းဆောင်ရည်များကို ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း သိရသည်။
လာလီဂါအဖွဲ့ချုပ် (LFP) သည် ကစားသမားများအတွက် အထောက်အကူဖြစ်စေမည့် APP တစ်ခုကို မိတ်ဆက်ခဲ့ကြောင်း သိရသည်။
Del Jugador ဟု အမည်ရသည့် အဆိုပါ APP ကို မိုဘိုင်းဖုန်းတွင် ထည့်သွင်းထားမည်ဆိုပါက လာလီဂါကစားသမားများအနေဖြင့် ပွဲအပြီးတွင် မိမိတို့ စွမ်းဆောင်ရည်များကို ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း သိရသည်။

ယင်း APP တွင် မျက်နှာကို စကန်ဖတ်သည့် နည်းပညာပါဝင်ပြီး ပွဲတစ်ပွဲအတွင်းမှ ကစားသမားတစ်ဦးချင်း၏ စွမ်းဆောင်ရည်များ၊ နေရာရွေ့လျားကစားပုံများအပြင် ပွဲအတွင်းမှ ကစားသမားများ၏ ဓာတ်ပုံများကို တင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် လာလီဂါကစားသမားများအနေဖြင့် လူမှုကွန်ရက်များတွင် ၎င်းတို့၏ဓာတ်ပုံများကို တင်မည်ဆိုပါကလည်း ယင်း APP မှ ဓာတ်ပုံများရယူနိုင်မည်ဖြစ်သည်။ ထို့ပြင် ယင်း APP တွင် ပွဲကြိုအချက်အလက် များကိုပါ ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း သိရသည်။