ပူလီဆစ်ကို တိုက်စစ်မှူးအဖြစ်သုံးရန် ချယ်လ်ဆီးနည်းပြ လမ်းပတ် စဉ်းစားနေ

ပူလီဆစ်ကို တိုက်စစ်မှူးအဖြစ်သုံးရန် ချယ်လ်ဆီးနည်းပြ လမ်းပတ် စဉ်းစားနေ
Photo: Getty Images
Photo: Getty Images
Published 3 December 2019

ချယ်လ်ဆီးအသင်း၏ နည်းပြဖြစ်သူ လမ်းပတ်သည် အသင်း၏လူငယ်တောင်ပံကစားသမား ပူလီဆစ်အား တိုက်စစ်မှူးအဖြစ် အသုံးပြုရန် စဉ်းစားနေပြီဖြစ်ကြောင်း  သိရှိရသည်။ 

ချယ်လ်ဆီးအသင်း၏ နည်းပြဖြစ်သူ လမ်းပတ်သည် အသင်း၏လူငယ်တောင်ပံကစားသမား ပူလီဆစ်အား တိုက်စစ်မှူးအဖြစ် အသုံးပြုရန် စဉ်းစားနေပြီဖြစ်ကြောင်း  သိရှိရသည်။ 

အဓိကတိုက်စစ်မှူးဖြစ်သူ အေဘရာဟမ် ဒဏ်ရာရရှိခဲ့ပြီးနောက် ဝက်စ်ဟမ်းအသင်းနှင့်ပွဲတွင် ဝါရင့်တိုက်စစ်မှူး ဂျရူကို အစားထိုးအသုံးပြုခဲ့ရာ အောင်မြင်မှု မရခဲ့ချေ။ 

ယင်းအတွက်ကြောင့် လမ်းပတ်သည် အေဘရာဟမ် မကစားနိုင်မီအချိန်အတွင်း ပူလီဆစ်ကို တိုက်စစ်မှူးအ ဖြစ် ပြောင်းလဲအသုံးပြုရန် စဉ်းစားနေခြင်းဖြစ်ကြောင်း သိရသည်။  

လမ်းပတ်က "ကျွန်တော် စောင့်ကြည့်နေပါတယ်။ ပူလီဆစ်က ခံစစ်တန်းကို ဖြတ်ကျော်ဆွဲပြေးနိုင်တဲ့ အရည်အချင်းရှိပြီး ပြိုင်ဘက်နောက်ခံလူတွေကြားမှာ ကျွမ်းကျွမ်းကျင်ကျင် လှုပ်ရှားနိုင်သူပါ။ ပင်ကိုဗီဇအားဖြင့်လည်း ဂိုးတွေသွင်းနိုင်သူဖြစ်လို့ တိုက်စစ်မှူးအဖြစ် အသုံးပြုလို့ရနိုင်ပါတယ်"ဟု ပြောကြားခဲ့သည်။

အသက် (၂၁)နှစ်အရွယ်ရှိ အမေရိကန်တောင်ပံကစားသမား ပူလီဆစ်သည် ယခုရာသီတွင် ချယ်လ်ဆီးအသင်းအတွက် ခြေစွမ်းပြနေသူဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၁၇)ပွဲတွင် (၆)ဂိုး သွင်းယူထားသည်။ 

 

Most Read

Most Recent