ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မစဉ်းစားသေးကြောင်းနှင့် တစ်ပွဲချင်းကိုသာအာရုံစိုက်ကစားသွားမည်ဖြစ်ကြောင်း စပါးအသင်းနည်းပြ မော်ရင်ဟို ပြောကြား

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မစဉ်းစားသေးကြောင်းနှင့် တစ်ပွဲချင်းကိုသာအာရုံစိုက်ကစားသွားမည်ဖြစ်ကြောင်း စပါးအသင်းနည်းပြ မော်ရင်ဟို ပြောကြား
Published 3 December 2019

စပါးအသင်း၏နည်းပြဖြစ်သူ မော်ရင်ဟိုက ယခုအချိန်တွင် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်အတွက် မစဉ်းစားသေးကြောင်းနှင့် တစ်ပွဲချင်းကို အာရုံစိုက်ကစားသွားရန်အတွက်သာ ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။

စပါးအသင်းသည် ဘုန်းမောက်အသင်းကို (၃-၂)ဂိုးဖြင့် အနိုင်ရရှိခဲ့ ပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမည့် အဆင့်(၄) နေရာမှ ချယ်လ်ဆီးအသင်းနှင့် (၆)မှတ်ကွာအနေအထားအထိ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ယင်းအတွက်ကြောင့် ချယ်လ်ဆီးအသင်းကို ပြန်လည်ကျော်ဖြတ်နိုင်ခြေ ရှိမရှိအား မီဒီယာများက မေးမြန်းခဲ့ရာ မော်ရင်ဟိုက ''ကျွန်တော် စပါးအသင်းကို ရောက်တဲ့အချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်နေရာနဲ့ (၁၂)မှတ်ကွာအနေအထားမှာ ရှိနေခဲ့ပါတယ်။ ဒါကြောင့် အဲဒီအချိန်တုန်းက ဒီအကြောင်းကိုမစဉ်းစားဘဲ ကစားရမယ့်ပွဲတွေအတွက်ပဲ ပြင်ဆင်ခဲ့ပါ တယ်။ ကျွန်တော်တို့ မလိုအပ်တဲ့ ဖိအားတွေကို အဝင်မခံနိုင်ပါဘူး။ ဒါကြောင့် တစ်ပွဲချင်းကိုပဲ ပစ်မှတ် ထားခဲ့တာပါ။ အခုဆိုရင် ကွာဟချက်က ပိုကျဉ်းမြောင်းလာခဲ့ပါပြီ။ (၂)ပွဲဆက်နိုင်ရုံနဲ့ အခြေအနေက ပြောင်းလဲသွားခဲ့ပါတယ်။ ဒီအချိန်မှာလည်း ချန်ပီယံလိဂ်ဝင်ခွင့်အကြောင်းကိုဖြစ်စေ၊ ချယ်လ်ဆီးအကြောင်းဖြစ်စေ မစဉ်းစားသေးပါဘူး။ ရှေ့လာမယ့် ခရစ္စမတ်ကာလမှာ ပွဲတွေက တစ်ပွဲပြီးတစ်ပွဲ ဆက်တိုက် ကစားသွားရမှာပါ။ အခွင့်အရေးရလာနိုင်သလို ကျရှုံးသွားနိုင်ပါတယ်။ အခုအချိန်မှာ ပြိုင်ဘက်အသင်းကို ဖိအားပေးနိုင်တဲ့ အခွင့်အရေးရှိလာတာကို ကျွန်တော်ဝမ်းသာပါတယ်။ ဒါပေမဲ့ ရာသီပြီးဆုံးဖို့ အဝေးကြီးကျန်နေသေးတာကြောင့် ပိုပြီးတိုးတက်လာအောင် ကြိုးစားသွားဖို့ကိုပဲ ကျွန်တော်တို့ အာရုံစိုက်ထားပါတယ်''ဟု ပြောကြားခဲ့သည်။

 

Most Read

Most Recent