အသင်းနှင့်နောက်ထပ်လမ်းခွဲရမည့် ပရီးမီးယားလိဂ်နည်းပြရေပန်းစားမှု၌ မန်ယူအသင်းနည်းပြ ဆိုးလ်ရှား ဒုတိယနေရာသို့ရောက်ရှိလာ

အသင်းနှင့်နောက်ထပ်လမ်းခွဲရမည့် ပရီးမီးယားလိဂ်နည်းပြရေပန်းစားမှု၌ မန်ယူအသင်းနည်းပြ ဆိုးလ်ရှား ဒုတိယနေရာသို့ရောက်ရှိလာ
Published 3 December 2019

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားသည် ဒီဇင်ဘာ ၁ ရက်က အက်စတွန်ဗီလာအသင်းနှင့် အိမ်ကွင်းတွင် (၂-၂) ဂိုးစီသရေကျခဲ့ပြီးနောက် အသင်းနှင့် နောက်ထပ်လမ်းခွဲရမည့် ပရီးမီးယားလိဂ်နည်းပြ ရေပန်းစားမှု၌ ဒုတိယနေရာသို့ ရောက်ရှိလာခဲ့သည်။

ယင်းစာရင်းတွင် အဲဗာတန်အသင်း နည်းပြ မာကိုဆေးလ်ဗားမှာ ရက်ပေါင်းများစွာ ထိပ်ဆုံး၌ရှိနေခဲ့ပြီး ယခုအချိန်အထိ ရာထူးတွင် တည်မြဲနေလျက်ရှိသည်။

သူ၏နောက်တွင် ရေပန်းစားခဲ့ကြသည့် အာဆင်နယ်အသင်းနည်းပြ အူနိုင်းအမ်မရီ၊ စပါးအသင်း နည်းပြ ပိုချက်တီနို၊ ဝက်ဖို့ဒ်အသင်းနည်းပြ ဟာဗီဂရာစီယာတို့မှာ နည်းပြရာထူးများမှ အသီးသီးထွက်ခွာခဲ့ရပြီးဖြစ်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က ဝက်စ်ဟမ်းအသင်းမှ ၀ါရင့်နည်းပြ ပယ်လီဂရီနီမှာ ခုနစ်ပွဲဆက် နိုင်ပွဲပျောက်မှုကြောင့် ရေပန်းစားမှုတွင် ဒုတိယနေရာအထိ ရောက်ရှိခဲ့ပြီး ယခုတစ်ပတ်တွင် မူ လန်ဒန်ဒါဘီပြိုင်ဘက် ချယ်လ်ဆီးအသင်းကို အဝေးကွင်း၌ (၁-၀)ဂိုးဖြင့် အနိုင်ကစားနိုင်မှုကြောင့် ရေပန်းစားမှုတွင် အဆင့် (၄) သို့ ပြန်လည်ကျဆင်းခဲ့သည်။

အာဆင်နယ်အသင်းသည် အမြဲတမ်းနည်းပြ မခန့်အပ်ရသေးသောကြောင့် ပရီးမီးယားလိဂ်ပြိုင်ဘက် အသင်းအချို့မှ နည်းပြများသည် သက်ဆိုင် ရာ ကလပ်အသင်းများတွင် ရလဒ်ကောင်းနေ သော်လည်း အာဆင်နယ်နည်းပြဖြစ်လာနိုင် ခြေရှိမှုကြောင့် ယင်းစာရင်းထိပ်ပိုင်း၌ ပါဝင် နေခြင်းဖြစ်သည်။

မန်ယူအသင်းသည် လက်ရှိအချိန်တွင် နည်းပြ ဆိုးလ်ရှားကို ရာထူးမှထုတ်ပယ်ရန် အစီအစဉ်မရှိသေးကြောင်းနှင့် အခြေအနေ ပိုမိုဆိုးရွားခဲ့လျှင်မူ လမ်းခွဲသွားရန် စဉ်းစားမည် ဟု Goal.com က ဖော်ပြခဲ့သည်။

ရေပန်းစားမှုများ

အမည် အလေးပေးချက်

မာကိုဆေးလ်ဗား(အဲဗာတန်) ၂း၅ လေး

ဆိုးလ်ရှား(မန်ယူ) ၄း၁ လေး

နူနိုဆန်တို(ဝုလ်ဗ်) ၁၂း၁ လေး

ပယ်လီဂရီနီ(ဝက်စ်ဟမ်း) ၁၆း၁ လေး

အက်ဒီဟောင်း(ဘုန်းမောက်) ၂ဝး၁ လေး

ဟာဆန်ဟူတယ်လ်(ဆောက်သမ်တန်) ၂ဝး၁ လေး

ဒန်နီယဲလ်ဖာ့ခ်(နောဝစ်ချ်) ၂၅း၁ လေး

ဘရန်ဒန်ရော်ဂျာ(လက်စတာ) ၃၃း၁ လေး

 

 

Most Read

Most Recent